0 Shares 54 Views

Xiaomi က အိႏၵိယမွာ Mi Pocket Speaker 2 ကို ေရာင္းခ်

Jun 22, 2018
0 54

ေရွာင္မီက အိႏၵိယမွာ Bluetooth Speaker အသစ္တစ္လံုးကို ေရာင္းခ်ေပးလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Mi Pocket Speaker 2 ျဖစ္ပါတယ္။ သူဟာ အရြယ္အစား က်စ္လစ္တဲ့ စပီကာ ျဖစ္ၿပီး အျမင့္မွာ ၃.၆ လက္မသာ ရွိပါတယ္။ အက်ယ္မွာ ၂.၃ လက္မသာ ရွိပါတယ္။ ေပါ့ပါးေစဖို႔အတြက္ သူ႔ကို ပိုလီကာဘိုနိတ္ျဖင့္ တည္ေဆာက္ထားပါတယ္။ ထိပ္ပိုင္းကို အလူမီနီယမ္ျဖင့္ ျပဳလုပ္ထားပါတယ္။

စပီကာရဲ႕ အထူးစြမ္းရည္မွာ ဂ်ာမနီ အသံ အင္ဂ်င္နီယာ ကုမၸဏီ Tymphany က ထုတ္လုပ္ထားတဲ့ 5W Speaker ျဖစ္ပါတယ္။ စပီကာဟာ အရြယ္အစား ေသးငယ္တဲ့အတြက္ ေနအိမ္တစ္ခုလံုးမွာ က်ယ္က်ယ္ေလာင္ေလာင္ နားေထာင္လို႔ေတာ့ မရပါဘူး။ စပီကာမွာ Bluetooth 4.1 ဆက္သြယ္မႈနဲ႔ 1200mAh Battery ပါပါတယ္။ ဘက္ထရီဟာ တစ္ခါအားအျပည့္သြင္းထားရင္ ၇ နာရီ သီခ်င္း နားဆင္ႏုိင္ပါတယ္။ Bluetooth 4.1 ဆက္သြယ္မႈဟာ စြမ္းရည္ျမင့္္မားၿပီး စမတ္ဖုန္းနဲ႔ စပီကာကို ခ်ိတ္ဆက္၍ သီခ်င္းမ်ား နားေထာင္ရင္ ထစ္ျခင္း၊ တုန္႔ဆိုင္းျခင္း မရွိပါဘူး။

ထိပ္ဖက္မွာ ထိန္းခ်ဳပ္ခလုတ္ တပ္ဆင္ထားၿပီး သီခ်င္းဖြင့္ျခင္း၊ သီခ်င္းမ်ား ေက်ာ္ျခင္းမ်ားကို ျပဳလုပ္ႏုိင္ပါတယ္။ အဲဒီခလုတ္ကို ၂ စကၠန္႔ေလာက္ ဖိထားရင္ စပီကာကို ပါ၀ါ အဖြင့္၊ အပိတ္လုပ္ႏုိင္ပါတယ္။ ႏွစ္ခ်က္ ႏွိပ္ရင္ Device တစ္ခုနဲ႔ Pair ျပဳလုပ္ႏုိင္ပါတယ္။ ထိပ္ဖက္ကို လွည့္ျခင္းျဖင့္ အသံ အတိုး၊ အက်ယ္ ျပဳလုပ္ႏုိင္ပါတယ္။ ခလုတ္ကို ညင္သာစြာ ႏွိပ္ရင္ သီခ်င္းမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။

Xiaomi Mi Pocket Speaker 2 ကို အၾကမ္းခံၿပီး ေရရွည္ အသံုးျပဳႏုိင္ေအာင္ ဖန္တီးထားပါတယ္။ သူ႔ရဲ႕ အနက္နဲ႔ အျဖဴေရာင္မ်ား ထုတ္လုပ္ေပးထားၿပီး ရူပီး ၁၄၉၉ သတ္မွတ္ထားပါတယ္။ ေဒၚလာ အားျဖင့္ ၂၂ သာ က်သင့့္ပါတယ္။

Ref : gsmarena , xiaomi

unicode

Xiaomi က အိန္ဒိယမှာ Mi Pocket Speaker 2 ကို ရောင်းချ

ရှောင်မီက အိန္ဒိယမှာ Bluetooth Speaker အသစ်တစ်လုံးကို ရောင်းချပေးလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Mi Pocket Speaker 2 ဖြစ်ပါတယ်။ သူဟာ အရွယ်အစား ကျစ်လစ်တဲ့ စပီကာ ဖြစ်ပြီး အမြင့်မှာ ၃.၆ လက်မသာ ရှိပါတယ်။ အကျယ်မှာ ၂.၃ လက်မသာ ရှိပါတယ်။ ပေါ့ပါးစေဖို့အတွက် သူ့ကို ပိုလီကာဘိုနိတ်ဖြင့် တည်ဆောက်ထားပါတယ်။ ထိပ်ပိုင်းကို အလူမီနီယမ်ဖြင့် ပြုလုပ်ထားပါတယ်။

စပီကာရဲ့ အထူးစွမ်းရည်မှာ ဂျာမနီ အသံ အင်ဂျင်နီယာ ကုမ္ပဏီ Tymphany က ထုတ်လုပ်ထားတဲ့ 5W Speaker ဖြစ်ပါတယ်။ စပီကာဟာ အရွယ်အစား သေးငယ်တဲ့အတွက် နေအိမ်တစ်ခုလုံးမှာ ကျယ်ကျယ်လောင်လောင် နားထောင်လို့တော့ မရပါဘူး။ စပီကာမှာ Bluetooth 4.1 ဆက်သွယ်မှုနဲ့ 1200mAh Battery ပါပါတယ်။ ဘက်ထရီဟာ တစ်ခါအားအပြည့်သွင်းထားရင် ၇ နာရီ သီချင်း နားဆင်နိုင်ပါတယ်။ Bluetooth 4.1 ဆက်သွယ်မှုဟာ စွမ်းရည်မြင့်မားပြီး စမတ်ဖုန်းနဲ့ စပီကာကို ချိတ်ဆက်၍ သီချင်းများ နားထောင်ရင် ထစ်ခြင်း၊ တုန့်ဆိုင်းခြင်း မရှိပါဘူး။

ထိပ်ဖက်မှာ ထိန်းချုပ်ခလုတ် တပ်ဆင်ထားပြီး သီချင်းဖွင့်ခြင်း၊ သီချင်းများ ကျော်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ အဲဒီခလုတ်ကို ၂ စက္ကန့်လောက် ဖိထားရင် စပီကာကို ပါဝါ အဖွင့်၊ အပိတ်လုပ်နိုင်ပါတယ်။ နှစ်ချက် နှိပ်ရင် Device တစ်ခုနဲ့ Pair ပြုလုပ်နိုင်ပါတယ်။ ထိပ်ဖက်ကို လှည့်ခြင်းဖြင့် အသံ အတိုး၊ အကျယ် ပြုလုပ်နိုင်ပါတယ်။ ခလုတ်ကို ညင်သာစွာ နှိပ်ရင် သီချင်းများကို ထိန်းချုပ်နိုင်ပါတယ်။

Xiaomi Mi Pocket Speaker 2 ကို အကြမ်းခံပြီး ရေရှည် အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ သူ့ရဲ့ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပြီး ရူပီး ၁၄၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာ အားဖြင့် ၂၂ သာ ကျသင့်ပါတယ်။

Ref : gsmarena , xiaomi

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category