0 Shares 128 Views

IGTV ဆုိတဲ့ App အသစ္ကိုဖန္တီးလုိက္တဲ့ Instagram

Jun 24, 2018
0 128

[Zawgyi]

၂၀၁၀ စတည္ေထာင္တဲ့အခ်ိန္ကေန ဒီေန႔ထိဆိုရင္ Instagram ကိုအသံုးျပဳသူေပါင္း ၁ဘီလီယံရိွသြားျပီျဖစ္ျပီး ဒီေၾကညာခ်က္နဲ႔အတူ စိတ္ဝင္စားစရာ App တစ္ခုပါ ထြက္ရိွလာခဲ့ပါျပီ။ သူကေတာ့ Instragram မွာ ေဒါင္လုိက္ ဗီဒီယိုအရွည္ေတြကို ၾကည့္လို႔ရႏုိင္မယ့္ IGTV ဆုိတဲ့ App အသစ္ေလးျဖစ္ျပီး ဗီဒီယိုဖန္တီးသူေတြအတြက္ အၾကိဳက္ေတြ႔ေစမွာပါ။

Instagram ဆယ္လီေတြရဲ႕ ဗီဒီယိုေတြကို ၾကည့္ခ်င္ရင္ IGTV ဆိုတဲ့ App ကေနလည္း ဝင္လို႔ရသလို Instagram Stories ေတြရဲ႕အေပၚနားမွာပါတဲ့ တီဗီပံုေလးကိုႏိွပ္ျပီးေတာ့လည္း ဝင္လို႔ရႏုိင္ပါတယ္။ ဝင္လုိက္ျပီဆိုတာနဲ႔ ကိုယ့္အတြက္ Recommend ေပးထားတဲ့ဗီဒီယိုေတြ၊ ကိုယ္ Follow လုပ္ထားတဲ့သူေတြရဲ႕ဗီဒီယိုေတြ၊ နာမည္ၾကီးဗီဒီယုိေတြနဲ႔ ၾကည့္လက္စမျပီးေသးတဲ့ဗီဒီယိုေတြကို ျပေပးထားမွာျဖစ္ပါတယ္။

ဗီဒီယိုတင္တဲ့သူေတြအေနနဲ႔လည္း အရင္က အလြန္ဆံုး ၁မိနစ္စာဗီဒီယုိေတြကေန အခု တစ္နာရီစာဗီဒီယုိအရွည္ေတြပါ တင္လို႔ရသြားပါျပီ။ သူတို႔ရဲ႕ဗီဒီယိုေတြကို Instagram Channel ေတြဖန္တီးျပီးတင္လို႔ရသလို ၾကည့္တဲ့သူေတြကိုလည္း ဗီဒီယိုန႔ဲပတ္သတ္တဲ့ ေဖာ္ျပခ်က္ေတြ လင့္ခ္ေတြကိုေဖာ္ျပေပးလို႔ရပါတယ္။

ခုခ်ိန္မွာေတာ့ IGTV မွာ ဘာေၾကာ္ျငာမွမထည့္ေသးပါဘူး။ ဒါေပမယ့္ ဗီဒီယိုေတြဖန္တီးတဲ့ Creator ေတြကသာ IGTV ဗီဒီယိုေတြအတြက္ အခ်ိန္ေတာ္ေတာ္ေပးျပီးၾကိဳးစားထားတယ္ဆိုတဲ့အခ်ိန္ေရာက္လာရင္ေတာ့ သူတို႔ကိုေငြရွာေပးႏုိင္တဲ့နည္းလမ္းတစ္ခုဖန္တီးေပးမွာျဖစ္ေၾကာင္း ဆိုထားပါတယ္။

[Unicode]

၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက် အကြိုက်တွေ့စေမှာပါ။

Instagram ဆယ်လီတွေရဲ့ ဗီဒီယိုတွေကို ကြည့်ချင်ရင် IGTV ဆိုတဲ့ App ကနေလည်း ဝင်လို့ရသလို Instagram Stories တွေရဲ့အပေါ်နားမှာပါတဲ့ တီဗီပုံလေးကိုနှိပ်ပြီးတော့လည်း ဝင်လို့ရနိုင်ပါတယ်။ ဝင်လိုက်ပြီဆိုတာနဲ့ ကိုယ့်အတွက် Recommend ပေးထားတဲ့ဗီဒီယိုတွေ၊ ကိုယ် Follow လုပ်ထားတဲ့သူတွေရဲ့ဗီဒီယိုတွေ၊ နာမည်ကြီးဗီဒီယိုတွေနဲ့ ကြည့်လက်စမပြီးသေးတဲ့ဗီဒီယိုတွေကို ပြပေးထားမှာဖြစ်ပါတယ်။

ဗီဒီယိုတင်တဲ့သူတွေအနေနဲ့လည်း အရင်က အလွန်ဆုံး ၁မိနစ်စာဗီဒီယိုတွေကနေ အခု တစ်နာရီစာဗီဒီယိုအရှည်တွေပါ တင်လို့ရသွားပါပြီ။ သူတို့ရဲ့ဗီဒီယိုတွေကို Instagram Channel တွေဖန်တီးပြီးတင်လို့ရသလို ကြည့်တဲ့သူတွေကိုလည်း ဗီဒီယိုနဲ့ပတ်သတ်တဲ့ ဖော်ပြချက်တွေ လင့်ခ်တွေကိုဖော်ပြပေးလို့ရပါတယ်။

ခုချိန်မှာတော့ IGTV မှာ ဘာကြော်ငြာမှမထည့်သေးပါဘူး။ ဒါပေမယ့် ဗီဒီယိုတွေဖန်တီးတဲ့ Creator တွေကသာ IGTV ဗီဒီယိုတွေအတွက် အချိန်တော်တော်ပေးပြီးကြိုးစားထားတယ်ဆိုတဲ့အချိန်ရောက်လာရင်တော့ သူတို့ကိုငွေရှာပေးနိုင်တဲ့နည်းလမ်းတစ်ခုဖန်တီးပေးမှာဖြစ်ကြောင်း ဆိုထားပါတယ်။

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category