0 Shares 38 Views
ဒေတာအပိုလက်ဆောင်များစွာ ပါဝင်သော ဒေတာလိုက်ပွဲ+ အစီအစဉ်အသစ်ကို အူရီိဒူးမြန်မာမှ ထပ်မံမိတ်ဆက်
Jun 21, 2018
0 38
[Zawgyi]
ဒေတာလိုက်ပွဲ+ အသစ်များသည် အင်တာနက် ဒေတာ တစ်မီဂါဘိုက်ကို ၁ကျပ်၂၀ပြား အထိ သက်သက်သာသာ သုံးစွဲနိုင်မည် ဖြစ်၍အူရီဒူး သုံးစွဲသူများအနေဖြင့် အင်တာနက်သုံးစွဲခွင့် ပိုမို ရရှိနိုင်မည် ဖြစ်ပြီး မက်ဆေ့ခ်ျများပေးပို့နိုင်ရန် အပိုလက်ဆောင် SMS များလည်း ရရှိမည်ဖြစ်ပါသည်။
[Unicode]
မြန်မာနိုင်ငံ၏ အလျင်မြန်ဆုံး နှင့် အကျယ်ပြန့်ဆုံး 4G Plus ကွန်ရက် ဖြစ်သော အူရီဒူးမြန်မာ မှ ဒေတာအပိုလက်ဆောင်များ ပါဝင်လာသော ဒေတာလိုက်ပွဲ+ အစီအစဉ်သစ် Data Pack ကို မြန်မာတစ်နိုင်ငံလုံးရှိသုံးစွဲသူများ အတွက် ယနေ့ မိတ်ဆက်လိုက်ပါသည်။
ပိုမိုလျင်မြန်၍ ဈေးနှုန်းသက်သာသော အင်တာနက်လိုင်းကို မြန်မာနိုင်ငံမှ ပြည်သူများ အစဉ်မပြတ်လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် အူရီဒူးမှ အသစ်ပြင်ဆင်လိုက်သော “ဒေတာအပို နှင့် အူရီဒူးအချင်းချင်း SMS ပေးပို့ရန် အပိုလက်ဆောင် များပါဝင်သော ဒေတာလိုက်ပွဲ+ အစီအစဉ်သစ်ကြောင့် သုံးစွဲသူများ အနေဖြင့် အလျင်မြန်ဆုံး နှင့် အကျယ်ပြန့်ဆုံး 4G ကွန်ရက်ကို အသုံးပြုပြီး အင်တာနက်စွမ်းအားကို ပျော်ရွှင်စွာနှင့် ခံစားနိုင်ပြီ ဖြစ်ပါသည်။
ဒေတာလိုက်ပွဲ+ အသစ်များသည် အင်တာနက် ဒေတာ တစ်မီဂါဘိုက်ကို ၁ကျပ်၂၀ပြား အထိ သက်သက်သာသာ သုံးစွဲနိုင်မည် ဖြစ်၍အူရီဒူး သုံးစွဲသူများအနေဖြင့် အင်တာနက်သုံးစွဲခွင့် ပိုမို ရရှိနိုင်မည် ဖြစ်ပြီး မက်ဆေ့ချ်များပေးပို့နိုင်ရန် အပိုလက်ဆောင် SMS များလည်း ရရှိမည်ဖြစ်ပါသည်။
အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က “Ookla ၏ Speedtest Intelligence® နဲ့ ပထမ သုံးလပတ်စမ်းသပ်ချက်အရ အူရီဒူးဟာ မြန်မာနိုင်ငံမှာ အမြန်ဆုံး 4G/3G ကွန်ရက်ကို ဈေးနှုန်းသက်သာစွာနဲ့ သုံးစွဲနိုင်ဖို့ ဒီဒေတာလိုက်ပွဲ+ အစီအစဉ်အသစ်ကို မိတ်ဆက်ပေးလိုက်တာပါ။ အူရီဒူးအနေနဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံးအတွေ့အကြုံကို ပေးအပ်နိုင်ဖို့ ဆန်းသစ်တီထွင်ထားတဲ့ ဝန်ဆောင်မှုတွေကို အမြဲမပြတ်ပေးအပ်သွားမှာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ FIFA ကမ္ဘာ့ဖလားတိုက်ရိုက်ထုတ်လွှင်မှုတွေ့ကို My Ooredoo App ကနေ  ဘယ်နေရာကမဆို တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။” ဟု ထပ်မံပြောကြားလိုက်ပါသည်။
အူရီဒူးမြန်မာရဲ့ အပိုလက်ဆောင် အမျိုးမျိုးနဲ့ ဒေတာလိုက်ပွဲအစီအစဉ် (၈)မျိုး၏ ဒေတာလက်ဆောင် အတွက် အသုံးပြုနိုင်သည့် သက်တမ်းမှာ (၃၀)ရက် ဖြစ်ပြီး ယခင်အတိုင်း လက်ကျန်ဒေတာများကို နောက်လအထိ ဆက်လက် သုံးစွဲနိုင်မည် ဖြစ်ပါသည်။ ၉၉၉ကျပ် သာကျသင့်မည့် ၆၅၀MB ဒေတာလိုက်ပွဲတွင် ဒေတာ ၁၀၀MB အပိုလက်ဆော်ဒေတာ နှင့် SMS ၁၅စောင်စသည့် အပိုလက်ဆောင်များ ပါဝင်ပြီး၊ ၃၉၉၉၉ကျပ်သာကျသင့်မည့် 30GB ဒေတာလိုက်ပွဲ တွင် 1GB ဒေတာအပိုလက်ဆောင်နှင့် SMS အစောင် ၁၅၀ အပိုလက်ဆောင်များကို ရရှိအသုံးပြုနိုင်ပါသည်။ နှစ်သက်ရာ ဒေတာလိုက်ပွဲ+ အစီအစဉ်များ *140# သို့ ဖုန်းခေါ်ဆိုပြီး ရယူနိုင်ပါသည်။
အူရီဒူးမြန်မာသည် သုံးစွဲသူများ၏ လိုအပ်ချက်များကို အမြဲမပြတ်လေ့လာသုံးသပ်ပြီး၊ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံးသော 4G Plusကွန်ရက်ကို သုံးစွဲသူများိ ဈေးနှှုန်းချိုသာစွာ သုံးစွဲနိုင်ရန် နှင့် ပိုမိုကောင်းမွန်ပြီး ဆန်းသစ်သော အင်တာနက်အတွေ့အကြုံများကို အမြဲဖြည့်ဆည်းပေးနိုင်ရန်အတွက်၊ ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။ ယခုအချိန်အခါသည်  ကမ္ဘာ့ဖလားပွဲကို My Ooredoo App မှ သက်သာပျော်ရွှင်စွာ တိုက်ရိုက်ကြည့်ရှုနိုင်ပြီး၊ အူရီဒူးမြန်မာ၏ အင်တာနက်ကို ခံစားနိုင်သည့် အချိန်ဖြစ်ပါသည်။
You may be interested
Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Apple, HUBS, NEWS
0 shares0 views
Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Ko Thuya - Aug 19, 2018
ထိုင်ဝမ်က ထွက်လာတဲ့ သတင်းများအရ Apple ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလများအတွင်းမှာ MacBook Air အသစ်ကို ကြေညာမယ်လို့ သိရပါတယ်။ ထိုင်ဝမ် သုတေသန အဖွဲ့အစည်း TrendForce က ဒီသတင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီ အချိန်ဇယားဟာ iPhone…
ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
FEATURES, Games
0 shares0 views
ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
Ko Thuya - Aug 19, 2018
Epic Skater 2 ဟာ အသစ်ထွက်ရှိလာတဲ့ စကိတ်စီးတဲ့ ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
94 shares14 views
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
Ko Thuya - Aug 19, 2018
လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ TechDen™ – Screen Time…
Leave a Comment
Most from this category