0 Shares 227 Views

Video တွေ Live Stream လွှင့်နိုင်မယ့်လုပ်ဆောင်ချက် Facebook ထည့်သွင်း

Apr 07, 2016
0 227

Facebook ဟာသူတို့ရဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ်အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုကို ပေါင်းထည့်လိုက်ပြီဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဘယ်သူမဆို သူတို့ရဲ့ Timeline မှာ တိုက်ရိုက် live stream video တွေကို ကိုယ်တိုင်ထုတ်လွှင့်နိုင်မှာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ Facebook Live ဆိုတဲ့လုပ်ဆောင်ချက်ကို ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့ပြီး အပြောင်းအလဲတစ်ရပ်စတင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံအားလုံးမှာတော့မရရှိသေးပဲ အမေရိကန်ပြည်ထောင်စုမှာတော့ ဘယ်မှာမဆိုရရှိနိုင်ပြီဖြစ်ပါတယ်။

Facebook ဟာ ယခုအခါမှာတော့ အသုံးပြုသူတွေကို Facebook အုပ်စုတွေနဲ့ Events တွေကြားမှာ ဘယ်လိုမျိုးပြုလုပ်မယ်ဆိုတာကိုတော့ပြောကြားသေးခြင်းမရှိပါဘူး။ ဒီ Live Stream လုပ်ဆောင်ချက်အသစ်ဟာ video တွေကို filter တွေလည်းထည့်ထားတာဖြစ်ပြီး filter တွေမှာ သူတို့ရဲ့ထုတ်လွှင့်မှုတွေကို အဖြူအမည်း ထုတ်လွှင့်မှုအပါအဝင် တခြားအရာတွေကိုပါခွင့်ပြုထားတာဖြစ်ပါတယ်။ Site အနေနဲ့ လူတွေကို ကွန်းမန့်တွေပေးရမှာ အသစ်အဆန်းဖြစ်စေအောင် Live Reaction ဆိုတဲ့ လုပ်ဆောင်ချက်ကို ထုတ်လွှင့်သူက တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတောအတွင်းမှာ တိုက်ရိုက်ကွန်းမန့်ပေးနိုင်အောင်လည်း စီစဉ်ထားတာပါ။

video တွေကို ရှာဖွေနိုင်တဲ့ နည်းလမ်းအသစ်တစ်ရပ်အနေနဲ့လည်း Location နဲ့ရှာတာ၊ ဒါမှမဟုတ် Invite လုပ်ထားတဲ့ Friend တွေကတစ်ဆင့်ရှာတာ စသည်ဖြင့် ရှာဖွေနည်းမျိုးစုံနဲ့ ရှာဖွေနိုင်အောင်လည်းပြုလုပ်ထားပါသေးတယ်။ ဒီလုပ်ဆောင်ချက်အသစ်အနေနဲ့ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ iOS ဒါမှမဟုတ် Android တွေမှာရနိုင်တော့မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဒါပေမယ့် ဘယ်နေရာတွေမှာ ဘယ်လိုရရှိနိုင်မယ်ဆိုတာတော့ ထုတ်ဖော်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက ကန့်သတ်လူဦးရေနဲ့ပဲရနိုင်ဦးမယ်လို့တော့ ထင်ကြေးပေးချက်တွေ အမျိုးမျိုးထွက်နေပါတယ်။

Ref: Independent

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
0 shares0 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
80 shares20 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
96 shares27 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Leave a Comment

Most from this category