0 Shares 50 Views

သၾကၤန္ႏွစ္ကူးကံစမ္းမဲဆုခ်ီးျမွင့္ျခင္းနဲ့အတူ Samsung Myanmar ရဲ႕”Bring the Big Game Home” အစီအစဥ္

Jun 21, 2018
0 50

[Zawgyi]

ျမန္မာႏိုင္ငံတြင္ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္လုပ္ေဆာင္လ်က္ရွိသည့္ Samsung Myanmar သည္ သၾကၤန္ပြဲေတာ္အထိမ္းအမွတ္ “Samsung Love Myanmar” ကံစမ္းမဲအထူးအစီအစဥ္၏ Suzuki Ciaz Car ကံထူးရွင္အပါအဝင္ အျခား ဆုမဲမ်ားေပါင္း ၁၆၀ ေက်ာ္ကို ကံထူးသြားသူမ်ားအား ဆုေပးအပ္ခ်ီးျမွင့္ျခင္း အခမ္းအနားကို ရန္ကုန္ျမိဳ႕ ကမာၻေအးဘုရားလမ္းေပၚရွိ Samsung Iconic Customer Service Plaza တြင္ ယေန႔က်င္းပျပဳလုပ္ခဲ့သည္။

အဆိုပါ “Samsung Love Myanmar” ကံစမ္းမဲအထူးအစီအစဥ္အား မတ္လ ၅ ရက္ေန႔မွ ဧၿပီလ ၃၀ရက္ ေန႔အထိ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး Grand Prize ျဖစ္သည့္ က်ပ္သိန္း ၂၅၀ တန္ Suzuki Ciaz ကားသစ္ႀကီးအား စမ္းေခ်ာင္းၿမိဳ႕နယ္မွ ေဒၚစမ္းစမ္းခ်ိဳ ကကံထူးရယူႏိုင္ခဲ့ကာ ဆုခ်ီးျမွင့္ပြဲအခမ္းအနားသို႔ အျခားဆုကံထူးရွင္မ်ားလည္း တက္ေရာက္ခဲ့ၾကသည္။

“နည္းပညာျမင့္ၿပီး အရည္အေသြးေကာင္းတဲ့ လူသံုးကုန္ပစၥည္းေတြကို သင့္ေတာ္တဲ့ေစ်းႏႈန္းနဲ႔ ေရာင္းခ်ေပးေနတဲ့ Samsung တံဆိပ္ကို ကၽြန္မအရမ္းႀကိဳက္ပါတယ္။ အန္တီက လက္မ ၄၀ Samsung TV ကို ၀ယ္ယူအားေပးခဲ့တာပါ။ ဒါေပမယ့္ ဒီလိုမ်ိဳး အထူးဆုႀကီးကို ကံထူးႏိုင္လိမ့္မယ္လို႔ လံုးဝ ထင္မထားပါဘူး။ Samsung Myanmar ရံုးကေန က်ပ္သိန္း ၂၅၀တန္ ကားႀကီး ကံထူးပါတယ္လို႔ ဆက္သြယ္လာေတာ့ လံုးဝ မယံုႏိုင္ဘူး။ တကယ္အိပ္မက္လိုပါပဲ။ Samsung Myanmar ကိုလည္း ဒီ Lucky Draw အစီအစဥ္ေတြကို ေကာင္းမြန္တဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ စီစဥ္ျပဳလုပ္ေပးတဲ့အတြက္ အထူးေက်းဇူးတင္ပါတယ္။” ဟု ကံထူးရွင္ ေဒၚစမ္းစမ္းခ်ိဳမွ ေျပာၾကားခဲ့သည္။

ကံစမ္းမဲ အစီအစဥ္ ကာလအတြင္း ရရွိခဲ့ေသာ အက်ိဳးအျမတ္မ်ားအား Samsung Myanmar မွ လက္ရွိ လုပ္ကိုင္ ေဆာင္ရြက္ေနေသာ ပညာေရးအေျချပဳလူမႈအက်ိဳးျပဳလုပ္ငန္းမ်ားျဖစ္သည့္ ၂၀၁၃ ခုႏွစ္မွ စတင္ကာ ကြန္ပ်ဴတာတကၠသိုလ္မ်ားႏွင့္ပူးေပါင္းျပီး ႏွစ္စဥ္ဖြင့္လွစ္ေနေသာ Mobile Application ေရးဆြဲနည္းသင္တန္း၊ ၂၀၁၆ ခုႏွစ္မွ စတင္ကာ နည္းပညာတကၠသိုလ္မ်ား၊ နည္းပညာအထက္တန္းေက်ာင္းမ်ားႏွင့္ ပူးေပါင္း ဖြင့္လွစ္ေနေသာ အသက္ေမြး၀မ္းေၾကာင္းသင္တန္းမ်ားႏွင့္ ၂၀၁၅ ခုႏွစ္မွ စတင္လက္တြဲလာေသာ NGO ျဖစ္သည့္ Myanmar Mobile Education Project (myME) အတြက္ သင္ၾကားေရးအေထာက္အကူျပဳ ပစၥည္းမ်ား လွဴဒါန္းရာတြင္ အသံုးျပဳလ်က္ရွိသည္။

Bring the Big Game Home promotion အစီအစဥ္

ကံထူးရွင္ ဆုေပးအပ္ခ်ီးျမွင့္ပြဲႏွင့္အတူ Samsung Myanmar ၏ “Bring the Big Game Home” Promotion အစီအစဥ္အား မိတ္ဆက္ခဲ့သည္။ အဆိုပါ promotion အစီအစဥ္သည္ ေမလ ၁၄ရက္မွ ဇူလိုင္လ ၁၅ရက္အထိ ၾကာျမင့္မည္ ျဖစ္ၿပီး ဝယ္ယူသည့္ Samsung တီဗီြ အမ်ိဳးအစားေပၚမူတည္၍ Skynet Receiver အပါအဝင္ ၃လ မွ ၆လ သက္တမ္း႐ွိ အခမဲ့ ၾကည့္႐ႈခြင့္ ရ႐ွိႏိုင္မည္ ျဖစ္သည္။

[Unicode]

မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar သည် သင်္ကြန်ပွဲတော်အထိမ်းအမှတ် “Samsung Love Myanmar” ကံစမ်းမဲအထူးအစီအစဉ်၏ Suzuki Ciaz Car ကံထူးရှင်အပါအဝင် အခြား ဆုမဲများပေါင်း ၁၆၀ ကျော်ကို ကံထူးသွားသူများအား ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Samsung Iconic Customer Service Plaza တွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ “Samsung Love Myanmar” ကံစမ်းမဲအထူးအစီအစဉ်အား မတ်လ ၅ ရက်နေ့မှ ဧပြီလ ၃၀ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Grand Prize ဖြစ်သည့် ကျပ်သိန်း ၂၅၀ တန် Suzuki Ciaz ကားသစ်ကြီးအား စမ်းချောင်းမြို့နယ်မှ ဒေါ်စမ်းစမ်းချို ကကံထူးရယူနိုင်ခဲ့ကာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ အခြားဆုကံထူးရှင်များလည်း တက်ရောက်ခဲ့ကြသည်။

“နည်းပညာမြင့်ပြီး အရည်အသွေးကောင်းတဲ့ လူသုံးကုန်ပစ္စည်းတွေကို သင့်တော်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ Samsung တံဆိပ်ကို ကျွန်မအရမ်းကြိုက်ပါတယ်။ အန်တီက လက်မ ၄၀ Samsung TV ကို ဝယ်ယူအားပေးခဲ့တာပါ။ ဒါပေမယ့် ဒီလိုမျိုး အထူးဆုကြီးကို ကံထူးနိုင်လိမ့်မယ်လို့ လုံးဝ ထင်မထားပါဘူး။ Samsung Myanmar ရုံးကနေ ကျပ်သိန်း ၂၅၀တန် ကားကြီး ကံထူးပါတယ်လို့ ဆက်သွယ်လာတော့ လုံးဝ မယုံနိုင်ဘူး။ တကယ်အိပ်မက်လိုပါပဲ။ Samsung Myanmar ကိုလည်း ဒီ Lucky Draw အစီအစဉ်တွေကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ စီစဉ်ပြုလုပ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။” ဟု ကံထူးရှင် ဒေါ်စမ်းစမ်းချိုမှ ပြောကြားခဲ့သည်။

ကံစမ်းမဲ အစီအစဉ် ကာလအတွင်း ရရှိခဲ့သော အကျိုးအမြတ်များအား Samsung Myanmar မှ လက်ရှိ လုပ်ကိုင် ဆောင်ရွက်နေသော ပညာရေးအခြေပြုလူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် ၂၀၁၃ ခုနှစ်မှ စတင်ကာ ကွန်ပျူတာတက္ကသိုလ်များနှင့်ပူးပေါင်းပြီး နှစ်စဉ်ဖွင့်လှစ်နေသော Mobile Application ရေးဆွဲနည်းသင်တန်း၊ ၂၀၁၆ ခုနှစ်မှ စတင်ကာ နည်းပညာတက္ကသိုလ်များ၊ နည်းပညာအထက်တန်းကျောင်းများနှင့် ပူးပေါင်း ဖွင့်လှစ်နေသော အသက်မွေးဝမ်းကြောင်းသင်တန်းများနှင့် ၂၀၁၅ ခုနှစ်မှ စတင်လက်တွဲလာသော NGO ဖြစ်သည့် Myanmar Mobile Education Project (myME) အတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများ လှူဒါန်းရာတွင် အသုံးပြုလျက်ရှိသည်။

Bring the Big Game Home promotion အစီအစဉ်

ကံထူးရှင် ဆုပေးအပ်ချီးမြှင့်ပွဲနှင့်အတူ Samsung Myanmar ၏ “Bring the Big Game Home” Promotion အစီအစဉ်အား မိတ်ဆက်ခဲ့သည်။ အဆိုပါ promotion အစီအစဉ်သည် မေလ ၁၄ရက်မှ ဇူလိုင်လ ၁၅ရက်အထိ ကြာမြင့်မည် ဖြစ်ပြီး ဝယ်ယူသည့် Samsung တီဗွီ အမျိုးအစားပေါ်မူတည်၍ Skynet Receiver အပါအဝင် ၃လ မှ ၆လ သက်တမ်းရှိ အခမဲ့ ကြည့်ရှုခွင့် ရရှိနိုင်မည် ဖြစ်သည်။

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category