0 Shares 166 Views
Jun 21, 2018
0 166
[Zawgyi]
Porsche Design Mate RS
[Unicode]
အားအပြည့်သွင်းဖို့ ၃၅မိနစ်သာ လိုတဲ့ Oppo Find X (Lamborghini Edition)
Oppo အနေနဲ့ သူတို့ရဲ့ Flagship မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Oppo Find X ကို မနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Oppo Find X အပြင် အီတလီနိုင်ငံရှိ ကားကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Lamborghini နဲ့အတူ ပူးပေါင်းထုတ်လုပ်ထားတဲ့ အထူးထုတ်မော်ဒယ် တစ်မျိူးကိုလည်း ထပ်မံ မိတ်ဆက်ခဲ့ပါသေးတယ်။ Oppo Find X (Lamborghini Edition) ဘဲ ဖြစ်ပါတယ်။
Find X (Lamborghini Edition) မှာ Super VOOC လို့ ခေါ်တဲ့ အမြန်အားသွင်းစနစ် ပါဝင်လာမှာ ဖြစ်ပါတယ်။ Super VOOC အမြန်အားသွင်းစနစ်က Find X (Lamborghini Edition) မှာ ထည့်သွင်းထားတဲ့ 3400mAh ဘက်ထရီကို 0 to 100 အားသွင်းဖို့အတွက် ၃၅မိနစ်သာ လိုအပ်ပါတယ်လို့ Oppo က ပြောကြားထားပါတယ်။ သာမန် Find X မော်ဒယ်မှာတော့ VOOC အားသွင်းစနစ်သာ ပါဝင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Oppo ရဲ့ Super VOOC က အားသွင်းစနစ် အမြန်ဆုံး နည်းပညာအဖြစ် ရပ်တည်နေပါတယ်။ OnePlus စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ Dash Charge ဆိုတာကလည်း Oppo ရဲ့ VOOC စနစ်ကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Find X (Lamborghini Edition) မှာ 3400mAh နဲ့ Storage 512GB ပါဝင်တာက လွဲပြီး တခြား Specification တွေကတော့ Find X နဲ့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ နောက်ကျောဘက်မှာတော့ Glass အစား Carbon Fiber Texture ကို အသုံးပြုထားပြီး Lamborghini logo ပါဝင်မှာ ဖြစ်ပါတယ်။
Find X (Lamborghini Edition) မော်ဒယ်ရဲ့ စျေးနှုန်းကတော့ ယူရို ၁၆၉၉ (မြန်မာငွေ ၂၇သိန်း ဝန်းကျင်) ဖြစ်ပါတယ်။ စျေးနှုန်း မြင်ပြီး လန့်သွားလား ? မလန့်ပါနဲ့၊ Lamborghini Edition ပါဆို အဲ့လောက်တော့ ရှိမှာပေါ့။ Huawei ရဲ့ Porsche Design Mate RS (512GB) တောင် ယူရို ၂၀၉၅ (မြန်မာငွေ ၃၃သိန်း ဝန်းကျင်) ရှိသေးတာဘဲ။ ဒါ့ပေမယ့် Porsche Design Mate RS က Under Display Fingerprint Sensor နဲ့ Triple Camera တွေ ပါဝင်ပါတယ်။
Porsche Design Mate RS
Ref: theverge, xdadeveloper
You may be interested
OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views
OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Ko Thuya - May 26, 2019
OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…
မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views
မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
Nigma - May 25, 2019
Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…
မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views
မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Nigma - May 25, 2019
အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…
Leave a Comment
Most from this category