458 Shares 1172 Views

စွမ်းဆောင်ရည်ကို ၂ဆမြှင့်တင်ပေးမယ့် Huawei ရဲ့ Kirin Processor အသစ်

Jun 21, 2018
458 1172

[Zawgyi]

Huawei's working on a new Kirin 1020 processor that will double performance levels




[Unicode]

Huawei's working on a new Kirin 1020 processor that will double performance levels

         လက်ရှိအချိန်မှာ Huawei က Snapdragon 710 နဲ့ယှဉ်လာမယ့် Kirin 710, Snapdragon 845 ကိုယှဉ်မယ့် Kirin 980 ဆိုတဲ့ ပရိုဆက်ဆာသစ်၂ခုကို ထုတ်လုပ်နေဆဲပါပဲ။ ဒါ့ပြင် ကုမ္ပဏီရဲ့ အနာဂတ်ပရိုဆက်ဆာလို့ ပြောလို့ရမယ့် Kirin 1020 တွေကိုထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေသိလာရပါတယ်။

5G စမတ်ဖုန်းတွေအတွက်လို့ ခန့်မှန်းရပြီး 5G ကွန်ယက်တွေစသုံးလာမယ့် ၂၀၁၉ နှစ်ကုန်လောက်မှ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ Huawei ရဲ့ Kirin 1020 chipset အသစ်တွေက လက်ရှိ P20, P20 Pro တွေမှာသုံးထားတဲ့ Kirin 970 ထက်ကို စွမ်းဆောင်ရည်၂ဆမြင့်လာမယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ ဒါ့ပြင် လက်ရှိကလည်း AI စနစ်ကိုဦးတည်နေတဲ့ကုမ္ပဏီဆိုတော့ ပိုကောင်းလာတဲ့ Neural Processing Unit (NPU) နဲ့ စွမ်းဆောင်ရည်မြင့်တဲ့ chipset အနေနဲ့ထွက်ရှိလာဖို့မျှော်လင့်ထားကြပါတယ်။

သူ့ရဲ့ထုတ်ကုန်တွေထွက်မယ့်အချိန်နဲ့ Processor အသစ်ထွက်မယ့်အချိန်ကို တိုက်ကြည့်ရင် Huawei Mate 30 နဲ့ Mate 30 Pro တွေထွက်မယ့် ၂၀၁၉ နှစ်ကုန်မှာမြင်ရနိုင်ချေရှိပါတယ်။ မကြာခင်မှာထွက်လာတော့မယ့် Flagship ဖုန်းတွေမှာတော့ 7nm Process ကိုအခြေခံထုတ်လုပ်ထားတဲ့ Kirin 980 တွေကိုသုံးလာမှာဖြစ်လို့ Performance က ရင်ခုန်စရာဖြစ်စေနိုင်မလားဆိုတာ စောင့်ကြည့်ကြည့်ရအောင်..

source: PhoneArena

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category