0 Shares 169 Views

ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ားကို ေက်ာ္၊ ခြ ၾကည့္လို႔ရမယ့္ TunnelBear VPN

Jun 21, 2018
0 169

TunnelBear VPN ဟာ အခမဲ့ VPN ၀န္ေဆာင္မႈမ်ားထဲမွာ နာမည္ႀကီးပါတယ္။ VPN မ်ားဟာ ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ား၊ ၀န္ေဆာင္မႈမ်ားကို သင္က ၾကည့္ရႈႏုိင္ေအာင္ ျပဳလုပ္ေပးႏုိင္ပ ါတယ္။ ျမန္မာႏုိင္ငံကေန ၾကည့္ရႈလို႔ မရတဲ့ ၀က္ဆိုက္မ်ား၊ ၀န္ေဆာင္မႈမ်ားကို သင္က ေက်ာ္ခြ၍ ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူက သင့္ကို အြန္လိုင္းမွာ ေျခရာေဖ်ာက္ေပးထားမွာ ျဖစ္တဲ့အတြက္ သင့္ရဲ႕ ကိုယ္ေရးကိုယ္တာ ေဒတာမ်ား လံုျခံဳေစပါတယ္။ အေမရိကန္ႏိုင္ငံမွာေနသူမ်ားသာ ရတဲ့ ၀က္ဆိုက္မ်ား၊ ၀န္ေဆာင္မႈမ်ားကိုလည္း သင္က ၾကည့္ရႈႏိုင္မွာ ျဖစ္ပါ တယ္။ TunnelBear မွာ အေမရိကန္၊ ၿဗိတိန္ အပါအ၀င္ ႏိုင္ငံေပါင္း ၂၀ ေက်ာ္ထဲကေန ေရြးခ်ယ္ႏုိင္ပါတယ္။ အမ်ားသံုး ၀ိုင္ဖိုင္ကြန္ယက္မ်ားမွာလည္း သင့္ကို လံုျခံဳေအာင္ ကာကြယ္ေပးထားပါတယ္။ သူ႔ကို အခမဲ့ အသံုးျပဳရင္ တစ္လလွ်င္ 500MB အထိ သံုးႏုိင္ပါတယ္။ သူ႔ကို သံုးဖို႔ အေကာင့္တစ္ခု ျပဳလုပ္ရမွာ ျဖစ္ေပမယ့္ Credit Card မ်ား မလိုအပ္ပါဘူး။ သူ႔ကို သံုးရင္ သင့္ရဲ႕ အြန္လိုင္းလႈပ္ရွားမႈမ်ားကို ဟက္ကာမ်ား၊ ISPs မ်ားနဲ႔ ေၾကာ္ညာရွင္မ်ားက ေျခရာခံလို႔ မရႏိုင္ပါဘူး။ သူ႔ရဲ႕ User Interface က ရိုးရွင္းၿပီး အသံုးျပဳရတာ လြယ္ကူ ပါတယ္။

သူ႔ကို သံုးဖို႔ အရင္ဆံုး အေကာင့္တစ္ခု ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ သင့္ အီးေမးနဲ႔ Password ထည့္၍ အေကာင့္တစ္ခုဖန္တီးပ ါ။

ေနာက္ အဆင့္မွာ Get tunneling ကို ႏွိပ္ပါ။

သူက အသံုးျပဳနည္းကို ျပသေပးပါတယ္။ Got it ကို ႏွိပ္ပါ။

ေအာက္ေျခမွ United States ရဲ႕ ညာဘက္မွ မွ်ားကို ႏွိပ္ပါ။

ဒါဆိုရင္ ႏိုင္ငံေပါင္း ၂၀ ေက်ာ္ကို ေရြးခ်ယ္ႏုိင္ပါတယ္။ သင္ ေရြးခ်ယ္လိုက္တဲ့ ႏိုင္ငံဟာ သင္ အြန္လိုင္း အသံုးျပဳေနတဲ့ ႏိုင္ငံအျဖစ္ သိၾကမွာျဖစ္ပါတယ္။ အေမရိကန္၊ ၿဗိတိ္န္၊ ကေနဒါ၊ ဂ်ာမနီ၊ ဂ်ပန္၊ ၾသစေၾတးလ်၊ ျပင္သစ္၊ အီတလီ၊ နယ္သာလန္၊ ဆြီဒင္၊ ဆြစ္ဇာလန္၊ အိုင္ယာလန္၊ စပိန္ ၊ စင္ကာ ပူ၊ ေနာ္ေ၀း၊ ဒိန္းမတ္၊ ေဟာင္ေကာင္၊ ဘရာဇီး၊ မကၠဆီကို၊ အိႏၵိယ၊ နယူးဇီလန္ စတဲ့ ႏိုင္ငံမ်ားကို ေရြးခ်ယ္ႏိုင္ပါတယ္။

ႏိုင္ငံ ေရြးခ်ယ္ၿပီးရင္ေတာ့ အေပၚထိပ္မွ Slider ကို ညာဘက္သို႔ ေရႊ႕ျခင္းျဖင့္ VPN နဲ႔ ခ်ိတ္ဆက္ပါ။ Permission ေတာင္းရင္ အိုေက ႏွိပ္ေပးပါ။

ခ်ိတ္ဆက္ၿပီးရင္ Connected လို႔ ေဖာ္ျပေပးမွာ ျဖစ္ပါၿပီ။

သင္ ေရြးခ်ယ္တဲ့ ႏိုင္ငံကို တကယ္ ေဖာ္ျပသလားလို႔ သိခ်င္ရင္ Google Search မွာ my ip address လို႔ ရိုက္ထည့္ၾကည့္ပါ။ သင့္ရဲ႕ IP လိပ္စာနဲ႔ တည္ေနရာကို ေဖာ္ျပေပးတဲ့ ၀က္ဆိုက္္မ်ား ထြက္ေပၚလာမွာ ျဖစ္ပါတယ္။ အဲဒီမွာ သင္ေရြးခ်ယ္ထားတဲ့ ႏိုင္ငံကို ျပသေပးသလားဆိုတာကို စစ္ေဆးႏုိင္ပါတယ္။

ၿပီးရင္ေတာ့ သင့္ ႏိုင္ငံကို ပိတ္ပင္ထားတဲ့ ၀က္ဆို္က္မ်ား၊ ၀န္ေဆာင္မႈမ်ားနဲ႔ Apps မ်ားကို အသံုးျပဳႏုိင္ၿပီ ျဖစ္ပ ါတယ္။

အျခား VPN မ်ားထက္ TunnelBear ရဲ႕ အားသာခ်က္က အခမဲ့ အသံုးျပဳႏုိင္ျခင္း ျဖစ္ပါတယ္။ သူ႔ကို တစ္လလွ်င္ 500MB အခမဲ့ အသံုးျပဳႏုိင္ပါတယ္။ တစ္လအတြင္း က်န္ရွိေနေသးတဲ့ ေဒတာ ပမာဏကို ေအာက္ေျခမွာ ျပသေပးထားပါတယ္။

သူ႔ရဲ႕ ဖိုင္အရြယ္အစားမွာ 17MB ရွိၿပီး Android 4.1 နဲ႔ သူ႕အထက္မွာ သံုးႏိုင္ပါတယ္။

Download

unicode

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ဝက်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN

TunnelBear VPN ဟာ အခမဲ့ VPN ဝန်ဆောင်မှုများထဲမှာ နာမည်ကြီးပါတယ်။ VPN များဟာ နိုင်ငံကန့်သတ်ချက်ရှိတဲ့ ဝက်ဆိုက်များ၊ ဝန်ဆောင်မှုများကို သင်က ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပ ါတယ်။ မြန်မာနိုင်ငံကနေ ကြည့်ရှုလို့ မရတဲ့ ဝက်ဆိုက်များ၊ ဝန်ဆောင်မှုများကို သင်က ကျော်ခွ၍ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူက သင့်ကို အွန်လိုင်းမှာ ခြေရာဖျောက်ပေးထားမှာ ဖြစ်တဲ့အတွက် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာများ လုံခြုံစေပါတယ်။ အမေရိကန်နိုင်ငံမှာနေသူများသာ ရတဲ့ ဝက်ဆိုက်များ၊ ဝန်ဆောင်မှုများကိုလည်း သင်က ကြည့်ရှုနိုင်မှာ ဖြစ်ပါ တယ်။ TunnelBear မှာ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်ထဲကနေ ရွေးချယ်နိုင်ပါတယ်။ အများသုံး ဝိုင်ဖိုင်ကွန်ယက်များမှာလည်း သင့်ကို လုံခြုံအောင် ကာကွယ်ပေးထားပါတယ်။ သူ့ကို အခမဲ့ အသုံးပြုရင် တစ်လလျှင် 500MB အထိ သုံးနိုင်ပါတယ်။ သူ့ကို သုံးဖို့ အကောင့်တစ်ခု ပြုလုပ်ရမှာ ဖြစ်ပေမယ့် Credit Card များ မလိုအပ်ပါဘူး။ သူ့ကို သုံးရင် သင့်ရဲ့ အွန်လိုင်းလှုပ်ရှားမှုများကို ဟက်ကာများ၊ ISPs များနဲ့ ကြော်ညာရှင်များက ခြေရာခံလို့ မရနိုင်ပါဘူး။ သူ့ရဲ့ User Interface က ရိုးရှင်းပြီး အသုံးပြုရတာ လွယ်ကူ ပါတယ်။

သူ့ကို သုံးဖို့ အရင်ဆုံး အကောင့်တစ်ခု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သင့် အီးမေးနဲ့ Password ထည့်၍ အကောင့်တစ်ခုဖန်တီးပ ါ။

နောက် အဆင့်မှာ Get tunneling ကို နှိပ်ပါ။

သူက အသုံးပြုနည်းကို ပြသပေးပါတယ်။ Got it ကို နှိပ်ပါ။

အောက်ခြေမှ United States ရဲ့ ညာဘက်မှ မျှားကို နှိပ်ပါ။

ဒါဆိုရင် နိုင်ငံပေါင်း ၂၀ ကျော်ကို ရွေးချယ်နိုင်ပါတယ်။ သင် ရွေးချယ်လိုက်တဲ့ နိုင်ငံဟာ သင် အွန်လိုင်း အသုံးပြုနေတဲ့ နိုင်ငံအဖြစ် သိကြမှာဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ ဂျပန်၊ သြစတြေးလျ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ စပိန် ၊ စင်ကာ ပူ၊ နော်ဝေး၊ ဒိန်းမတ်၊ ဟောင်ကောင်၊ ဘရာဇီး၊ မက္ကဆီကို၊ အိန္ဒိယ၊ နယူးဇီလန် စတဲ့ နိုင်ငံများကို ရွေးချယ်နိုင်ပါတယ်။

နိုင်ငံ ရွေးချယ်ပြီးရင်တော့ အပေါ်ထိပ်မှ Slider ကို ညာဘက်သို့ ရွှေ့ခြင်းဖြင့် VPN နဲ့ ချိတ်ဆက်ပါ။ Permission တောင်းရင် အိုကေ နှိပ်ပေးပါ။

ချိတ်ဆက်ပြီးရင် Connected လို့ ဖော်ပြပေးမှာ ဖြစ်ပါပြီ။

သင် ရွေးချယ်တဲ့ နိုင်ငံကို တကယ် ဖော်ပြသလားလို့ သိချင်ရင် Google Search မှာ my ip address လို့ ရိုက်ထည့်ကြည့်ပါ။ သင့်ရဲ့ IP လိပ်စာနဲ့ တည်နေရာကို ဖော်ပြပေးတဲ့ ဝက်ဆိုက်များ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီမှာ သင်ရွေးချယ်ထားတဲ့ နိုင်ငံကို ပြသပေးသလားဆိုတာကို စစ်ဆေးနိုင်ပါတယ်။

ပြီးရင်တော့ သင့် နိုင်ငံကို ပိတ်ပင်ထားတဲ့ ဝက်ဆိုက်များ၊ ဝန်ဆောင်မှုများနဲ့ Apps များကို အသုံးပြုနိုင်ပြီ ဖြစ်ပ ါတယ်။

အခြား VPN များထက် TunnelBear ရဲ့ အားသာချက်က အခမဲ့ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ သူ့ကို တစ်လလျှင် 500MB အခမဲ့ အသုံးပြုနိုင်ပါတယ်။ တစ်လအတွင်း ကျန်ရှိနေသေးတဲ့ ဒေတာ ပမာဏကို အောက်ခြေမှာ ပြသပေးထားပါတယ်။

သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 17MB ရှိပြီး Android 4.1 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။

Download

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category