Facebook Group ေတြထဲဝင္ခ်င္ရင္ အဖြဲ႔ဝင္ေၾကးေပးရေတာ့မည္

[Zawgyi]

        Group Admin ေတြအေနနဲ႔ Group ထဲကို အဖြ႔ဲဝင္အျဖစ္ဝင္ခ်င္တဲ့သူတိုင္းကို တစ္လ $4.99 ကေန $29.99 အတြင္း ေကာက္ခံခြင့္ျပဳလိုက္ျပီျဖစ္ေၾကာင္း ေဖ့စ္ဘြတ္ခ္က ေၾကာ္ျငာလုိက္ပါျပီ။ အခုကေတာ့ အုပ္ထိန္းမႈ၊ ခ်က္ေရးျပဳတ္ေရးနဲ႔ အိမ္သန္႔ရွင္းေရးေတြနဲ႔ပတ္သတ္တဲ့ Group ေတြမွာ ဒီ Feature ကိုစတင္စမ္းသပ္ေနပါျပီ။

Free Group ေတြကေတာ့ ခုခ်ိန္ထိဆက္ရိွေနေသးေပမယ့္ မၾကာခင္မွာ ေငြေပးဝင္ရမယ့္ Group ေတြအေနနဲ႔ေျပာင္းလဲလို႔ရေတာ့မွာပါ။ ဥပမာ Lifestyle ဘေလာ့ဂါ Sarah Mueller ရဲ႕ Declutter My Home ဆိုတဲ့ Group ဆိုရင္ ဝင္ဖို႔အတြက္ကုိ တစ္လ $14.99 ေပးရပါတယ္။ တျခား Group ေတြလည္း ဒီလိုေငြေပးဝင္ရတာေတြရိွပါေသးတယ္။

အရင္က Group ေတြက Free ပဲဆိုေတာ့ ဝင္ခ်င္တုိင္းဝင္ ထြက္ခ်င္တုိင္းထြက္ျဖစ္ေနခဲ့ေပမယ့္ ဒီလိုေငြေပးရတယ္ဆိုရင္ လူအနည္းစုနဲ႔ တကယ္စိတ္ဝင္စားတဲ့လူသီးသန္႔ပဲရိွေတာ့မွာပါ။ ေျပာရရင္ အထူး Group တစ္ခုလုိမ်ိဳးျဖစ္ေအာင္ လုပ္ေပးလုိက္တဲ့သေဘာပါပဲ။

ဒါေလးကေတာ့ Group တစ္ခုေထာင္ဖို႔ ပိုလူသိမ်ားလာဖို႔ အခ်ိန္ရင္းျပီးၾကိဳးစားေနရတ့ဲ အက္ဒမင္ေတြအတြက္ ဝင္ေငြလည္းရႏိုင္တဲ့ Feature အသစ္ေလးျဖစ္ျပီး ဒီကေနရလာတဲ့ဝင္ေငြေတြကို Group အတြက္ တကယ့္အက်ိဳးရိွအရည္အေသြးျမင့္တဲ့ Content ေတြ (ဥပမာ- ပို႔စ္၊ ဗီဒီယို၊ ေတြ႔ဆံုပြဲေလးေတြ) ဖန္တီးႏုိင္ဖို႔က ေဖ့စ္ဘြတ္ခ္ရဲ႕ ရည္ရြယ္ခ်က္ပါ။

ခုခ်ိန္မွာေတာ့ ဒီ Feature ေလးကို စမ္းသပ္ေနဆဲပါပဲ။ Group Admin ေတြရဲ႕ ရလာတဲ့ဝင္ေၾကးကို ေဖ့စ္ဘြတ္ခ္က လံုးဝမယူထားတဲ့အတြက္ အျပည့္အဝရမွာပါ။ App Store တို႔ Play Store တို႔စည္းမ်ဥ္းေတြမွာေတာ့ Apple နဲ႔ Google က User ေတြရဲ႕ Subscription ေၾကးေတြထဲက ခံစားခြင့္ % အနည္းငယ္ရေပမယ့္ ေဖ့စ္ဘြတ္ခ္ကေတာ့အဲလိုယူမထားဘဲ အျပည့္အဝေပးထားပါတယ္။ ဒါကေတာ့ ေဖ့စ္ဘြတ္ခ္က Group ေတြကို ေငြေၾကးနဲ႔စတင္ထိန္းခ်ဳပ္လာတဲ့ ပထမအဆင့္ျဖစ္ျပီး News Feed နဲ႔မတူတာကေတာ့ ဒီ Group ေတြက ေၾကာ္ျငာေတြနဲ႔ရပ္တည္ေနရတာမဟုတ္ဘူးဆိုတာပါပဲ။

Source: TheVerge

[Unicode]

        Group Admin တွေအနေနဲ့ Group ထဲကို အဖွ့ဲဝင်အဖြစ်ဝင်ချင်တဲ့သူတိုင်းကို တစ်လ $4.99 ကနေ $29.99 အတွင်း ကောက်ခံခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ကြော်ငြာလိုက်ပါပြီ။ အခုကတော့ အုပ်ထိန်းမှု၊ ချက်ရေးပြုတ်ရေးနဲ့ အိမ်သန့်ရှင်းရေးတွေနဲ့ပတ်သတ်တဲ့ Group တွေမှာ ဒီ Feature ကိုစတင်စမ်းသပ်နေပါပြီ။

Free Group တွေကတော့ ခုချိန်ထိဆက်ရှိနေသေးပေမယ့် မကြာခင်မှာ ငွေပေးဝင်ရမယ့် Group တွေအနေနဲ့ပြောင်းလဲလို့ရတော့မှာပါ။ ဥပမာ Lifestyle ဘလော့ဂါ Sarah Mueller ရဲ့ Declutter My Home ဆိုတဲ့ Group ဆိုရင် ဝင်ဖို့အတွက်ကို တစ်လ $14.99 ပေးရပါတယ်။ တခြား Group တွေလည်း ဒီလိုငွေပေးဝင်ရတာတွေရှိပါသေးတယ်။

အရင်က Group တွေက Free ပဲဆိုတော့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ဖြစ်နေခဲ့ပေမယ့် ဒီလိုငွေပေးရတယ်ဆိုရင် လူအနည်းစုနဲ့ တကယ်စိတ်ဝင်စားတဲ့လူသီးသန့်ပဲရှိတော့မှာပါ။ ပြောရရင် အထူး Group တစ်ခုလိုမျိုးဖြစ်အောင် လုပ်ပေးလိုက်တဲ့သဘောပါပဲ။

ဒါလေးကတော့ Group တစ်ခုထောင်ဖို့ ပိုလူသိများလာဖို့ အချိန်ရင်းပြီးကြိုးစားနေရတဲ့ အက်ဒမင်တွေအတွက် ဝင်ငွေလည်းရနိုင်တဲ့ Feature အသစ်လေးဖြစ်ပြီး ဒီကနေရလာတဲ့ဝင်ငွေတွေကို Group အတွက် တကယ့်အကျိုးရှိအရည်အသွေးမြင့်တဲ့ Content တွေ (ဥပမာ- ပို့စ်၊ ဗီဒီယို၊ တွေ့ဆုံပွဲလေးတွေ) ဖန်တီးနိုင်ဖို့က ဖေ့စ်ဘွတ်ခ်ရဲ့ ရည်ရွယ်ချက်ပါ။

ခုချိန်မှာတော့ ဒီ Feature လေးကို စမ်းသပ်နေဆဲပါပဲ။ Group Admin တွေရဲ့ ရလာတဲ့ဝင်ကြေးကို ဖေ့စ်ဘွတ်ခ်က လုံးဝမယူထားတဲ့အတွက် အပြည့်အဝရမှာပါ။ App Store တို့ Play Store တို့စည်းမျဉ်းတွေမှာတော့ Apple နဲ့ Google က User တွေရဲ့ Subscription ကြေးတွေထဲက ခံစားခွင့် % အနည်းငယ်ရပေမယ့် ဖေ့စ်ဘွတ်ခ်ကတော့အဲလိုယူမထားဘဲ အပြည့်အဝပေးထားပါတယ်။ ဒါကတော့ ဖေ့စ်ဘွတ်ခ်က Group တွေကို ငွေကြေးနဲ့စတင်ထိန်းချုပ်လာတဲ့ ပထမအဆင့်ဖြစ်ပြီး News Feed နဲ့မတူတာကတော့ ဒီ Group တွေက ကြော်ငြာတွေနဲ့ရပ်တည်နေရတာမဟုတ်ဘူးဆိုတာပါပဲ။

Source: TheVerge

%d bloggers like this: