135 Shares 86 Views

Garmin က စမတ္နာရီ အသစ္မ်ားကို မိတ္ဆက္

Jun 21, 2018
135 86

အေမရိကန္ နည္းပညာ ကုမၸဏီ Garmin က Fitness Tracker/ Smartwatch အသစ္မ်ားကို ျပသလိုက္ပါတယ္။ Fenix 5 Plus ၊ Fenix 5S Plus နဲ႔ Fenix 5X Plus တို႔ ျဖစ္ပါတယ္။ ေမာ္ဒယ္အသစ္မ်ားမွာ လုပ္ေဆာင္ခ်က္အသစ္မ်ား ပါလာပါတယ္။ သင္ ေျပးခ်င္ သို႔မဟုတ္ စက္ဘီးစီးခ်င္တဲ့ အကြာအေ၀းကို သတ္မွတ္လိုက္တာနဲ႔ နာရီက အေကာင္းဆံုး လမ္းေၾကာင္းကို ေရြးခ်ယ္ေပးတဲ့ လုပ္ေဆာင္ခ်က္ ပါလာပါတယ္။

ေနာက္ထပ္ လုပ္ေဆာင္ခ်က္ အသစ္ကေတာ့ သီခ်င္းမ်ားစြာ သိမ္းဆည္းထားႏုိင္ျခင္း ျဖစ္ၿပီး အပုဒ္ေရ ၅၀၀ အထိ သိမ္းထားႏုိင္ပါတယ္။ iHeartRadio , Deezer တို႔မွ သီခ်င္းမ်ားနဲ႔ Playlists မ်ားကို ေဒါင္းလုပ္လုပ္ႏုိင္ပါတယ္။ Garmin Pay ေငြေပးေခ်မႈစနစ္လည္း အသစ္ အေနနဲ႔ ပါ၀င္လာပါတယ္။ ClimbPro လုပ္ေဆာင္ခ်က္ အသစ္က သင္ ေရြးခ်ယ္ထားတဲ့ ေတာင္တက္လမ္းေၾကာင္းကို ခြဲျခမ္းစိတ္ျဖာၿပီး ဘယ္ေလာက္ခက္ခဲမလဲဆုိတာ တြက္ခ်က္ေပးပါတယ္။

သင္ ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္တဲ့ သတင္းအခ်က္အလက္မ်ား၊ စြမ္းေဆာင္ရည္မ်ားကိုလည္း တြက္ခ်က္ေဖာ္ျပေပးႏုိင္ပါတယ္။ Connect IQ ေၾကာင့္ Watch Face မ်ားကို Customize ျပဳလုပ္ႏုိင္ၿပီး စကရင္မွ Widgets, Apps နဲ႔ အျခား အရာမ်ားကို ဖယ္ရွားျခင္း၊ ထည့္သြင္းျခင္းမ်ား ျပဳလုပ္နုိင္ပါတယ္။ ဖုန္းနဲ႔ခ်ိတ္ဆက္ထားတဲ့အခါမွာ Message မ်ား ၊ Phone Call မ်ား ၀င္လာရင္လည္း နာရီမ်ားက အသိေပးပါတယ္။

QuickFit လက္ပတ္ႀကိဳးမ်ား တပ္ဆင္ေပးထားၿပီး Solar Flare Orange , Seafoam , Frost Blue စတဲ့ အေရာင္ အသစ္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ နာရီမ်ားရဲ႕ ေစ်းႏႈန္းမ်ားဟာ စတာလင္ေပါင္ ၆၀၀ ကေန ၁၀၀၀ အတြင္း ရွိပါတယ္။

Ref : pocket-lint

unicode

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်

အမေရိကန် နည်းပညာ ကုမ္ပဏီ Garmin က Fitness Tracker/ Smartwatch အသစ်များကို ပြသလိုက်ပါတယ်။ Fenix 5 Plus ၊ Fenix 5S Plus နဲ့ Fenix 5X Plus တို့ ဖြစ်ပါတယ်။ မော်ဒယ်အသစ်များမှာ လုပ်ဆောင်ချက်အသစ်များ ပါလာပါတယ်။ သင် ပြေးချင် သို့မဟုတ် စက်ဘီးစီးချင်တဲ့ အကွာအဝေးကို သတ်မှတ်လိုက်တာနဲ့ နာရီက အကောင်းဆုံး လမ်းကြောင်းကို ရွေးချယ်ပေးတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။

နောက်ထပ် လုပ်ဆောင်ချက် အသစ်ကတော့ သီချင်းများစွာ သိမ်းဆည်းထားနိုင်ခြင်း ဖြစ်ပြီး အပုဒ်ရေ ၅၀၀ အထိ သိမ်းထားနိုင်ပါတယ်။ iHeartRadio , Deezer တို့မှ သီချင်းများနဲ့ Playlists များကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ Garmin Pay ငွေပေးချေမှုစနစ်လည်း အသစ် အနေနဲ့ ပါဝင်လာပါတယ်။ ClimbPro လုပ်ဆောင်ချက် အသစ်က သင် ရွေးချယ်ထားတဲ့ တောင်တက်လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာပြီး ဘယ်လောက်ခက်ခဲမလဲဆိုတာ တွက်ချက်ပေးပါတယ်။

သင် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တဲ့ သတင်းအချက်အလက်များ၊ စွမ်းဆောင်ရည်များကိုလည်း တွက်ချက်ဖော်ပြပေးနိုင်ပါတယ်။ Connect IQ ကြောင့် Watch Face များကို Customize ပြုလုပ်နိုင်ပြီး စကရင်မှ Widgets, Apps နဲ့ အခြား အရာများကို ဖယ်ရှားခြင်း၊ ထည့်သွင်းခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဖုန်းနဲ့ချိတ်ဆက်ထားတဲ့အခါမှာ Message များ ၊ Phone Call များ ဝင်လာရင်လည်း နာရီများက အသိပေးပါတယ်။

QuickFit လက်ပတ်ကြိုးများ တပ်ဆင်ပေးထားပြီး Solar Flare Orange , Seafoam , Frost Blue စတဲ့ အရောင် အသစ်များ ရွေးချယ်နိုင်ပါတယ်။ နာရီများရဲ့ ဈေးနှုန်းများဟာ စတာလင်ပေါင် ၆၀၀ ကနေ ၁၀၀၀ အတွင်း ရှိပါတယ်။

Ref : pocket-lint

You may be interested

မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး Unlock လုပ္ႏုိင္မယ့္ iPhone 11
Apple, HUBS, Mobiles & Tablets
0 shares0 views

မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး Unlock လုပ္ႏုိင္မယ့္ iPhone 11

Ko Thuya - Mar 21, 2019

Samsung Galaxy S10 ရဲ႕ Face Unlock ကို ဓါတ္ပံုအတုမ်ားနဲ႔ လွည့္စားလို႔ရတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ပါတယ္။ အဲဒီအတြက္ မ်က္ႏွာအာရံုခံ စနစ္ဟာ ရာႏႈန္းျပည့္ မလံုျခံဳပါဘူး။ အဲဒါေၾကာင့္ သူ႕ထက္ လံုျခံဳတဲ့ နည္းပညာတစ္ခုကို Apple က…

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
47 shares155 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
73 shares216 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

Leave a Comment

Most from this category