303 Shares 115 Views
Jun 21, 2018
303 115
Ref : tnw
unicode
Facebook Messenger မှာ Auto-Play Video Ads များလာမည်
Facebook Messenger မှာ အခုဆိုရင် ကြော်ညာများကို မြင်နေရပါပြီ။ ကြော်ညာများက သင့်ရဲ့ မိုဘိုင်း ဒေတာကို စားပါတယ်။ အခုတော့ Facebook ကြီးက ဒီထက် ရက်စက်လိုက်ပြန်ပါပြီ။ Facebook က မက်ဆင်ဂျာမှာ အလိုအလျှောက် ဖွင့်တဲ့ ကြော်ညာ ဗီဒီယိုများကို စမ်းသပ်နေတယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက User များဟာ ကြော်ညာများကို ဖျောက်ခြင်း ၊ မနှစ်သက်တဲ့ ကြော်ညာများကို သတင်းပို့ခြင်းတို့လို အရာများကို ထိန်းချုပ်နိုင်မယ်လို့ ပြောပါတယ်။
အခုတော့ User အနည်းငယ်နဲ့သာ စမ်းသပ်နေပါတယ်။ မက်ဆင်ဂျာ ကြော်ညာ ဌာနမှ အကြီးအကဲဖြစ်သူ Stefanos Loukakos က ဒီကြော်ညာများကို Users များရဲ့ တုန့်ပြန်မှုအား လေ့လာစမ်းစစ်မှာ ဖြစ်ပြီး အဆင်ပြေမှသာ ထည့်သွင်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူက “ ဒီနည်းလမ်းက အလုပ်ဖြစ်မလားဆိုတာကိုတော့ မသိရသေးပါဘူး။ မက်ဆင်ဂျာမှာ သာမာန် ကြော်ညာများကို ပြသထားပြီး User များဘက်က တိုင်တန်းမှုများ မရှိပါဘူး။ ဒါပေမယ့် ဗီဒီယိုကျတော့ မိုဘိုင်းဒေတာ ပိုမို ကုန်ကျစေပါတယ်။ အဲဒီအတွက် စောင့်ကြည့်ရမှာပါ။ “ လို့ ပြောပါတယ်။
Facebook ဟာ Newsfeed မှာလည်း Auto-Play Video များကို ပြသခဲ့ပါတယ်။ ဒါပေမယ့် Settings ထဲမှာ ဗီဒီယိုများကို အလိုအလျှောက် မဖွင့်ဖို့ သတ်မှတ်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပါတယ်။ မက်ဆင်ဂျာမှာလည်း ဒီလို ပြုလုပ်ပေးမှသာ မိုဘိုင်းဒေတာ ကုန်ကျမှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။
Ref : tnw
You may be interested
OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
0 shares0 views
OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Nigma - Dec 12, 2018
(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…
Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
71 shares12 views
Dual Camera ပါတဲ့ Huawei P Smart (2019)
Ko Thuya - Dec 12, 2018
Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…
Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views
Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Ko Thuya - Dec 12, 2018
Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…
Leave a Comment
Most from this category