281 Shares 123 Views


Jun 21, 2018
281 123




Ref : gsmarena

unicode

Xiaomi Redmi 6 Pro ကို ယခုလ ၂၅ ရက်မှာ မိတ်ဆက်မှာ သေချာပြီ

Xiaomi က ပြီးခဲ့တဲ့ တစ်ပတ်မှာ Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းအသစ်များကို ကြေညာခဲ့ပါတယ်။ နောက်ထပ် စမတ်ဖုန်း အသစ်တစ်လုံးဟာလည်း ထွက်လာမယ်လို့ သတင်းများ ထွက်ခဲ့ပါတယ်။ အခုတော့ ရှောင်မီက Redmi 6 Pro ကို ယခုလ ၂၅ ရက်နေ့မျာ ကြေညာမယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ရေးသားထားပါတယ်။ ပိုစတာကို World Cup-Themed ပြုလုပ်ထားပြီး Goal Score Board မှာ 19 နဲ့ 9 ကို ပြသထားတဲ့အတွက် အဲဒီ စမတ်ဖုန်းမှာ 19:9 မျက်နှာပြင် အချိုးကို ထည့်သွင်းထားနိုင်ပါတယ်။ သူဟာ Notch ပါတဲ့ ပထမဆုံး Redmi Phone ဖြစ်လာမှာပါ။

ပိုစတာမှာ ဘောလုံး အင်္ကျ ီ ၉ ခုကို ပြသထားပြီး အဲဒီ ဖုန်းရဲ့ Specs အများစုကို အင်္ကျ ီနောက်ကျောမှာ ဖော်ပြထားပါတယ်။ Redmi 6 Pro မှာ AI စွမ်းရည်များ ပါလာနိုင်ပါတယ်။ အထူးသဖြင့် ကင်မရာများမှာ ဖြစ်ပါတယ်။ Chipset ဟာ Qualcomm Snapdragon 625 ဖြစ်နိုင်ပြီး ဒိတ်အောက်နေပေမယ့် တည်ငြိမ်သလို ဈေးသက်သာပါတယ်။ 4000mAh Battery ထည့်သွင်းထားနိုင်ပါတယ်။

အဲဒိ စမတ်ဖုန်းရဲ့ ဓါတ်ပုံများလည်း ယခင်က ပေါက်ကြားထွက်ပေါ်လာခဲ့ဖူးပါတယ်။ အဲဒီ ပုံများမှာ Notch ကိုလည်း တွေ့မြင်ရပါတယ်။ သူ့ကို တနင်္လာနေ့မှာ Xiaomi Mi Pad 4 နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Facebook ရဲ့ ရုံးချုပ်မှာ ဗုံးလန့်မှု ဖြစ်ပွား
Facebook, HUBS, NEWS
0 shares0 views

Facebook ရဲ့ ရုံးချုပ်မှာ ဗုံးလန့်မှု ဖြစ်ပွား

Ko Thuya - Dec 12, 2018

ကယ်လီဖိုးနီးယားမှ Menlo Park မှ Facebook ရဲ့ ရုံးချုပ်မှ အဆောက်အဦး အနည်းငယ်မှာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက ဗုံးလန့်မှု ဖြစ်ပွားခဲ့ပါတယ်။ Menlo Park မှ အာဏာပိုင်များက ဒေသစံတော်ချိန် ၅ နာရီမှာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အဲဒီ…

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
184 shares33 views

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်တစ်ခုစီ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super…

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
154 shares36 views

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ

Ko Thuya - Dec 11, 2018

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Vivo V11 ရဲ့ အနီရောင်မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Supernova Red ကို Amazon India မှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာတော့ Vivo V11 Pro အမည်ဖြင့် ရောင်းချတာ…

Leave a Comment

Most from this category