722 Shares 1268 Views

လူသိနည္းတဲ့ Google ရဲ႕ အလန္းစား App မ်ား

Jun 20, 2018
722 1268

Google ရဲ႕ Gmail, Maps စတဲ့ Apps မ်ားကိုေတာ့ စာဖတ္သူမ်ား သိရွိၾကပါတယ္။ ဒါေပမယ့္ Google ဟာ Android Apps မ်ားစြာကို ဖန္တီးေပးထားပါတယ္။ အဲဒီအထဲကမွ သင္ မသိတဲ့ Google ရဲ႕ အေကာင္းစား Android App မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Wallpapers

Google Wallpapers မွာ Satellite ကေန ကမာၻေျမကို ရိုက္ကူးထားတဲ့ Wallpapers မ်ားကို အဓိက ပံ့ပိုးေပးထားပါတယ္။ ဒါ့အျပင္ အႏုပညာနဲ႔ ပတ္သက္တဲ့ Wallpapers မ်ားလည္း ပါပါတယ္။ သူ႔မွာ Wallpaper မ်ားကို ေန႔စဥ္ အလိုအေလွ်ာက္ ေျပာင္းလဲေပးတဲ့ DailyWallpaper စြမ္းေဆာင္ခ်က္လည္း ပါပါတယ္။

၂။ PhotoScan

PhotoScan ဟာ ဓါတ္ပံုမ်ားကို စကင္ဖတ္၍ ဒစ္ဂ်စ္တယ္ ဓါတ္ပုံ အျဖစ္ ေျပာင္းလဲေပးႏုိင္ပါတယ္။ သူ႔ရဲ႕ ဓါတ္ပံုမ်ားကို စကင္ဖတ္တဲ့ စြမ္းရည္ဟာ ေကာင္းမြန္တဲ့အတြက္ လွပတဲ့ ဒစ္ဂ်စ္တယ္ ဓါတ္ပံုမ်ားကို ဖန္တီးေပးႏုိင္ပါတယ္။ App ကို ဖြင့္ၿပီး ဖုန္းကင္မရာကေန ဓါတ္ပံုကို စကင္ဖတ္လိုက္တာနဲ႔ အဆင္ေျပပါၿပီ။ သူက အေရာင္မ်ားကို အလိုအေလွ်ာက္ ခ်ိိန္ညွိေပးၿပီး ဓါတ္ပံုမ်ားမွာ ပါေလ့ရွိတဲ့ အလင္း စူးရွျခင္းကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

၃။ Snapseed

Snapseed ဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က Google ၀ယ္ယူထားတဲ့ ဓါတ္ပံုတည္းျဖတ္တဲ့ App ျဖစ္ပါတယ္။ သူဟာ သင့္ရဲ႕ ဓါတ္ပံုမ်ားမွာ Filter မ်ားစြာ ထည့္သြင္းေပးႏုိင္တဲ့ အစြမ္းထက္တဲ့ ဓါတ္ပံု ျပင္ဆင္တဲ့ စြမ္းေဆာင္ခ်က္မ်ား ပါပါတယ္။ အခမဲ့ အသံုးျပဳႏုိင္ၿပီး ေၾကာ္ညာမ်ားလည္း မပါပါဘူး။ Face Enhance, Healing, White Balance, Perspective, True Image, Crop, Rotate စတဲ့ Editing Tools မ်ားလည္း ပါပါတယ္။

၄။ Google Fit

Google Fit ကို Android Phones မ်ားမွာ ႀကိဳတင္ထည့္သြင္းထားျခင္း မရွိတာ ႏွေျမာစရာပါ။ သူက သင့္ရဲ႕ က်န္းမာေရးကို အေထာက္အကူျပဳေပးပါတယ္။ သင္ လမ္းေလွ်ာက္တဲ့ ေျခလွမ္းမ်ား၊ အကြာအေ၀းမ်ားကို သူက တြက္ခ်က္ေပးႏုိင္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈမ်ားနဲ႔ သင့္ရဲ႕ ကိုယ္အေလးခ်ိန္ကို အၿမဲတြက္ခ်က္ေပးပါတယ္။ သူဟာ RunKeeper လို ကိုယ္လက္လႈပ္ရွားမႈ တိုင္းတာတဲ့ Apps မ်ားနဲ႔ တြဲဖက္ အလုပ္လုပ္ပါတယ္။

၅။ Google Opinion Rewards

Google Opinion Rewards မွာ ဆာေဗး သို႔မဟုတ္ စစ္တမ္းမ်ားကို ေျဖဆိုတာနဲ႔ Apps, Games, Movies မ်ားကို ၀ယ္ယူႏိုင္တဲ့ Google Play Credit ကို ရရွိမွာ ျဖစ္ပါတယ္။ အားလပ္ခ်ိန္မ်ားမွာ သူ႔ကို အသံုးျပဳျခင္းျဖင့္ အပို၀င္ေငြ ရရွိမွာ ျဖစ္ပါတယ္။

၆။ Google Trip

Google Trips မွာ ေလယာဥ္ခရီးစဥ္မ်ား၊ ဟိုတယ္မ်ား၊ သြားႏို္င္မယ့္ ခရီးစဥ္မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ သတင္းအခ်က္အလက္မ်ားကို ေဒါင္းလုပ္လုပ္ထားၿပီး Offline ၾကည့္ႏုိင္ေအာင္ စီစဥ္ေပးထားတာက ခရီးသြားမ်ားအတြက္ အဆင္ေျပပါတယ္။ တည္ေနရာတစ္ခုရဲ႕ အနီးအနားမွ အထင္ကရေနရာမ်ားကို ျပသေပးထားပါတယ္။ ေျမပံုမွာ ခရီးစဥ္အတြက္ အစီအစဥ္မ်ားကို ေရးဆြဲႏုိင္ပါတယ္။ ခရီးစဥ္မွာ ျပဳလုပ္ရမယ့္ အပန္းေျဖစရာမ်ားကိုလည္း ေလ့လာႏုိင္ပါတယ္။

၇။ Chrome Remote Desktop

Android အတြက္ Remote Desktop Viewers မ်ားစြာ ရွိပါတယ္။ အခ်ိဳ႕ကို အခေပး အသံုးျပဳႏုိင္ၿပီး အခ်ိဳ႕ကေတာ့ အခမဲ့ ျဖစ္ပါတယ္။ Remote Desktop Viewer မ်ားက သင့္ရဲ႕ စမတ္ဖုန္းကေန သင့္ရဲ႕ ဒတ္စေတာ့ ကြန္ျပဴတာကို ထိန္းခ်ဳပ္ေပးႏုိင္ပါတယ္။ အဲဒီအထဲမွ Google ရဲ႕ Chrome Remote Desktop App က သင့္ရဲ႕ Android ကေန ပီစီကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒတ္စေတာ့မွ Chrome Browser မွာ Extension ကို အင္စေတာလုပ္ထားရမွာပါ။

ref : makeuseof

unicode

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android App များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Wallpapers

Google Wallpapers မှာ Satellite ကနေ ကမ္ဘာမြေကို ရိုက်ကူးထားတဲ့ Wallpapers များကို အဓိက ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် အနုပညာနဲ့ ပတ်သက်တဲ့ Wallpapers များလည်း ပါပါတယ်။ သူ့မှာ Wallpaper များကို နေ့စဉ် အလိုအလျှောက် ပြောင်းလဲပေးတဲ့ DailyWallpaper စွမ်းဆောင်ချက်လည်း ပါပါတယ်။

၂။ PhotoScan

PhotoScan ဟာ ဓါတ်ပုံများကို စကင်ဖတ်၍ ဒစ်ဂျစ်တယ် ဓါတ်ပုံ အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ သူ့ရဲ့ ဓါတ်ပုံများကို စကင်ဖတ်တဲ့ စွမ်းရည်ဟာ ကောင်းမွန်တဲ့အတွက် လှပတဲ့ ဒစ်ဂျစ်တယ် ဓါတ်ပုံများကို ဖန်တီးပေးနိုင်ပါတယ်။ App ကို ဖွင့်ပြီး ဖုန်းကင်မရာကနေ ဓါတ်ပုံကို စကင်ဖတ်လိုက်တာနဲ့ အဆင်ပြေပါပြီ။ သူက အရောင်များကို အလိုအလျှောက် ချိန်ညှိပေးပြီး ဓါတ်ပုံများမှာ ပါလေ့ရှိတဲ့ အလင်း စူးရှခြင်းကိုလည်း လျှော့ချပေးပါတယ်။

၃။ Snapseed

Snapseed ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Google ဝယ်ယူထားတဲ့ ဓါတ်ပုံတည်းဖြတ်တဲ့ App ဖြစ်ပါတယ်။ သူဟာ သင့်ရဲ့ ဓါတ်ပုံများမှာ Filter များစွာ ထည့်သွင်းပေးနိုင်တဲ့ အစွမ်းထက်တဲ့ ဓါတ်ပုံ ပြင်ဆင်တဲ့ စွမ်းဆောင်ချက်များ ပါပါတယ်။ အခမဲ့ အသုံးပြုနိုင်ပြီး ကြော်ညာများလည်း မပါပါဘူး။ Face Enhance, Healing, White Balance, Perspective, True Image, Crop, Rotate စတဲ့ Editing Tools များလည်း ပါပါတယ်။

၄။ Google Fit

Google Fit ကို Android Phones များမှာ ကြိုတင်ထည့်သွင်းထားခြင်း မရှိတာ နှမြောစရာပါ။ သူက သင့်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ သင် လမ်းလျှောက်တဲ့ ခြေလှမ်းများ၊ အကွာအဝေးများကို သူက တွက်ချက်ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများနဲ့ သင့်ရဲ့ ကိုယ်အလေးချိန်ကို အမြဲတွက်ချက်ပေးပါတယ်။ သူဟာ RunKeeper လို ကိုယ်လက်လှုပ်ရှားမှု တိုင်းတာတဲ့ Apps များနဲ့ တွဲဖက် အလုပ်လုပ်ပါတယ်။

၅။ Google Opinion Rewards

Google Opinion Rewards မှာ ဆာဗေး သို့မဟုတ် စစ်တမ်းများကို ဖြေဆိုတာနဲ့ Apps, Games, Movies များကို ဝယ်ယူနိုင်တဲ့ Google Play Credit ကို ရရှိမှာ ဖြစ်ပါတယ်။ အားလပ်ချိန်များမှာ သူ့ကို အသုံးပြုခြင်းဖြင့် အပိုဝင်ငွေ ရရှိမှာ ဖြစ်ပါတယ်။

၆။ Google Trip

Google Trips မှာ လေယာဉ်ခရီးစဉ်များ၊ ဟိုတယ်များ၊ သွားနိုင်မယ့် ခရီးစဉ်များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ သတင်းအချက်အလက်များကို ဒေါင်းလုပ်လုပ်ထားပြီး Offline ကြည့်နိုင်အောင် စီစဉ်ပေးထားတာက ခရီးသွားများအတွက် အဆင်ပြေပါတယ်။ တည်နေရာတစ်ခုရဲ့ အနီးအနားမှ အထင်ကရနေရာများကို ပြသပေးထားပါတယ်။ မြေပုံမှာ ခရီးစဉ်အတွက် အစီအစဉ်များကို ရေးဆွဲနိုင်ပါတယ်။ ခရီးစဉ်မှာ ပြုလုပ်ရမယ့် အပန်းဖြေစရာများကိုလည်း လေ့လာနိုင်ပါတယ်။

၇။ Chrome Remote Desktop

Android အတွက် Remote Desktop Viewers များစွာ ရှိပါတယ်။ အချို့ကို အခပေး အသုံးပြုနိုင်ပြီး အချို့ကတော့ အခမဲ့ ဖြစ်ပါတယ်။ Remote Desktop Viewer များက သင့်ရဲ့ စမတ်ဖုန်းကနေ သင့်ရဲ့ ဒတ်စတော့ ကွန်ပြူတာကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အဲဒီအထဲမှ Google ရဲ့ Chrome Remote Desktop App က သင့်ရဲ့ Android ကနေ ပီစီကို ထိန်းချုပ်နိုင်ပါတယ်။ ဒတ်စတော့မှ Chrome Browser မှာ Extension ကို အင်စတောလုပ်ထားရမှာပါ။

ref : makeuseof

You may be interested

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy
Android, FEATURES, HUBS
0 shares21 views

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy

Ko Thuya - Oct 18, 2018

သင္ျပဳလုပ္တဲ့ အလုပ္အေပၚ မူတည္ၿပီး သင့္ဖုန္းမွ App မ်ားကို အလိုအေလွ်ာက္ ဖြင့္ေပးႏိုင္ရင္ အလြန္ အဆင္ေျပမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင္ Headset တပ္လိုက္တဲ့ အခ်ိန္မွာ သင္ႏွစ္သက္တဲ့ Music App ကို ဖြင့္ေပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္းမ်ားျပဳလုပ္ရင္…

Lenovo ရဲ႕ Foldable Tablet လာမည္
Android, HUBS, Lenovo
0 shares2 views

Lenovo ရဲ႕ Foldable Tablet လာမည္

Ko Thuya - Oct 18, 2018

ေခါက္ခ်ိဳးေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းမ်ားကို ကုမၸဏီမ်ားက တီထြင္ဖန္တီးေနတဲ့ သတင္းမ်ား ထြက္ေပၚေနတာ ႏွစ္အနည္းငယ္ေတာင္ ၾကာပါၿပီ။ ေစ်းကြက္ထဲကိုေတာ့ အဲဒီ စမတ္ဖုန္းမ်ား မေရာက္လာေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပထမဆံုး ေစ်းကြက္ထဲ ေရာက္လာႏုိင္တာက လီႏုိဗိုရဲ႕ ေကြးညႊတ္ ေခါက္ခ်ိဳး ႏိုင္တဲ့…

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ႔ရဲ႕ R1 Drone ကို Apple Watch ကေန ထိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းရည္ကို ထည့္သြင္းေပးလိုက္ၿပီိလုိ႔ ေၾကညာလိုက္ပါတယ္။ Skydio R1 ဟာ လူေတြက မထိန္းခ်ဳပ္ရင္ေတာင္ အလိုအေလွ်ာက္ ပ်ံသန္းၿပီး ဓါတ္ပံု၊ ဗီဒီယို ရိုက္ကူးျခင္းလို…

Leave a Comment

Most from this category