467 Shares 172 Views

Xiaomi Mi 8 နဲ႔ Mi 8 SE အတြက္ MIUI 9.5 ROM ရၿပီ

Jun 20, 2018
467 172

Xiaomi က Mi 8 နဲ႔ Mi 8 SE တို႔ရဲ႕ China Stable Version မ်ားအတြက္ MIUI 9.5 ROM ကို ျဖန္႔ခ်ီေပးလိုက္ပါတယ္။ သူတို႔ရဲ႕ ဗားရွင္းအမည္မ်ားကေတာ့ V9.5.6.0 (OEACNFA) နဲ႔ V9.5.6.0 (OEBCNFA) ျဖစ္ၾကပါတယ္။ အဲဒီ ဖုန္းမ်ားအတြက္ MIUI 10 ကိုေတာ့ လာမယ့္လ အနည္းငယ္အတြင္းမွာ အဆင့္ျမွင့္ေပးမွာ ျဖစ္ပါတယ္။

Mi 8 Forum မွာ “MIUI 10 ဟာ လက္ရွိမွာ Beta အဆင့္သာ ရွိပါေသးတယ္။ ေဆာ့ဖ္၀ဲဟာ အမွားမ်ား နည္းလာၿပီး စြမ္းရည္ျမင့္လာမယ္ဆိုရင္ Stable Version ကို ျဖန္႔ခ်ီမွာပါ။ ဒီလိုလုပ္ဖို႔ ၁ လ ၊ ၂ လေလာက္ လိုပါေသးတယ္။ လာမယ့္လမ်ားမွာ Stable Version ကို OTA Update အေနနဲ႔ ျဖန္႔ခ်ီေပးမွာ ျဖစ္ပါတယ္။ ျဖန္႔ခ်ီမယ့္ အခ်ိန္ အတိအက်ကို မေျပာႏုိင္ေသးပါဘူး။ MIUI 10 ကို ျမည္းစမ္းခ်င္ရင္ Beta Channel ကို ေျပာင္းသံုးပါ။ ဒါေပမယ့္ Beta Version မွာ Error မ်ား ရွိေနပါေသးတယ္။ “ လို႔ ေရးသားထားပါတယ္။

Xiaomi Mi 8 ကို တရုတ္မွာ ၅ ရက္ေန႔က ေရာင္းခ်ေပးခဲ့ၿပီး တစ္မိနစ္အတြင္းမွာ ပစၥည္းျပတ္သြားပါတယ္။ အတိအက်အားျဖင့္ ၃၇ စကၠန္႔ေလာက္အတြင္းမွာ ေရာင္းကုန္သြားတယ္လို႔ ေရွာင္မီက တရား၀င္ ထုတ္ျပန္ေၾကညာပါတယ္။ ယခု ပထမအသုတ္မွာ ဖုန္း အေရအတြက္ ဘယ္ေလာက္ ေရာင္းေပးခဲ့သလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။ ေနာက္ထပ္ တစ္သုတ္ကို ဇြန္လ ၁၂ ရက္ေန႔မွာ တရုတ္တြင္ ေရာင္းခဲ့ပါတယ္။

ေရွာင္မီရဲ႕ အြန္လိုင္း ဖိုရမ္ တစ္ခုမွာ ျပင္သစ္၊ ရုရွားတို႔အပါအ၀င္ အျခား ႏိုင္ငံမ်ားမွာ ေရာင္းခ်ေပးေနၿပီလို႔ ေျပာပါတယ္။ 6/64GB Version ကို ၄၂၀ ေဒၚလာ နဲ႔ 6/128GB Version ကို ၅၁၅ ေဒၚလာ ၀န္းက်င္ သတ္မွတ္ထားပါတယ္။ Explorer Edition မွာ 8GB/128GB ထည့္သြင္းထားၿပီး ေဒၚလာ ၆၀၀ ၀န္းက်င္ က်သင့္မွာပါ။

Ref : gsmarena

unicode

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့ V9.5.6.0 (OEBCNFA) ဖြစ်ကြပါတယ်။ အဲဒီ ဖုန်းများအတွက် MIUI 10 ကိုတော့ လာမယ့်လ အနည်းငယ်အတွင်းမှာ အဆင့်မြှင့်ပေးမှာ ဖြစ်ပါတယ်။

Mi 8 Forum မှာ “MIUI 10 ဟာ လက်ရှိမှာ Beta အဆင့်သာ ရှိပါသေးတယ်။ ဆော့ဖ်ဝဲဟာ အမှားများ နည်းလာပြီး စွမ်းရည်မြင့်လာမယ်ဆိုရင် Stable Version ကို ဖြန့်ချီမှာပါ။ ဒီလိုလုပ်ဖို့ ၁ လ ၊ ၂ လလောက် လိုပါသေးတယ်။ လာမယ့်လများမှာ Stable Version ကို OTA Update အနေနဲ့ ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ ဖြန့်ချီမယ့် အချိန် အတိအကျကို မပြောနိုင်သေးပါဘူး။ MIUI 10 ကို မြည်းစမ်းချင်ရင် Beta Channel ကို ပြောင်းသုံးပါ။ ဒါပေမယ့် Beta Version မှာ Error များ ရှိနေပါသေးတယ်။ “ လို့ ရေးသားထားပါတယ်။

Xiaomi Mi 8 ကို တရုတ်မှာ ၅ ရက်နေ့က ရောင်းချပေးခဲ့ပြီး တစ်မိနစ်အတွင်းမှာ ပစ္စည်းပြတ်သွားပါတယ်။ အတိအကျအားဖြင့် ၃၇ စက္ကန့်လောက်အတွင်းမှာ ရောင်းကုန်သွားတယ်လို့ ရှောင်မီက တရားဝင် ထုတ်ပြန်ကြေညာပါတယ်။ ယခု ပထမအသုတ်မှာ ဖုန်း အရေအတွက် ဘယ်လောက် ရောင်းပေးခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ နောက်ထပ် တစ်သုတ်ကို ဇွန်လ ၁၂ ရက်နေ့မှာ တရုတ်တွင် ရောင်းခဲ့ပါတယ်။

ရှောင်မီရဲ့ အွန်လိုင်း ဖိုရမ် တစ်ခုမှာ ပြင်သစ်၊ ရုရှားတို့အပါအဝင် အခြား နိုင်ငံများမှာ ရောင်းချပေးနေပြီလို့ ပြောပါတယ်။ 6/64GB Version ကို ၄၂၀ ဒေါ်လာ နဲ့ 6/128GB Version ကို ၅၁၅ ဒေါ်လာ ဝန်းကျင် သတ်မှတ်ထားပါတယ်။ Explorer Edition မှာ 8GB/128GB ထည့်သွင်းထားပြီး ဒေါ်လာ ၆၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena

You may be interested

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
0 shares0 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
62 shares20 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

အသည္းၿပိဳေလာက္စရာ Selfie ပံုေတြအတြက္ 20 MP အေရွ႕ကင္မရာနဲ႔ ပြဲထြက္လာေတာ႔မယ္ Vivo Y95
Local, Local News
99 shares131 views

အသည္းၿပိဳေလာက္စရာ Selfie ပံုေတြအတြက္ 20 MP အေရွ႕ကင္မရာနဲ႔ ပြဲထြက္လာေတာ႔မယ္ Vivo Y95

Creepy Tyler - Nov 19, 2018

လူငယ္ေတြရဲ႕ တစ္ကိုယ္ရည္ ဖက္ရွင္ Trend ေတြထဲမွာ ယခုေနာက္ပိုင္း ေခတ္စားလာတဲ႔ Accessory တစ္ခုက စမတ္က်တဲ႔ ဖုန္းတစ္လံုးပါ။ ဒါ႔အျပင္ Facebook လိုမ်ိဳး Social Network ေတြေပၚမွာ အေပါင္းအသင္းေတြရဲ႕ အာရံုကို ဖမ္းစားႏိုင္ဖို႔အတြက္ Selfie Camera ေကာင္းတဲ႔…

Leave a Comment

Most from this category