176 Shares 104 Views

Steam မွာ $19.99 ထိေစ်းေလွ်ာ့ေပးလိုက္တဲ့ PlayerUnknown’s Battlegrounds

Jun 20, 2018
176 104

[Zawgyi]

PUBG Corp. ကေတာ့ စထြက္ကတည္းက ခုခ်ိန္ထိ PlayerUnknown’s Battleground ဂိမ္းကိုေဆာ့ေနတဲ့သူေပါင္း သန္း ၄၀၀ ရိွေနျပီလို႔ ေဖာ္ျပလုိက္ပါျပီ။ တစ္လတစ္လကို Log in ဝင္ေဆာ့တဲ့သူေပါင္း ၂၂၇သန္းေလာက္ေတာင္ရိွေနျပီး ဒီထက္ပိုမ်ားလာဖို႔အတြက္ အခုဆို Steam မွာ $29.99 ကေန အခု $19.99 ထိေစ်းေလွ်ာ့ေပးထားပါတယ္။

ျပီးခဲ့တဲ့လေတြတုန္းက နာမည္ယူေနခဲ့တာကေတာ့ “Fortnite” ဂိမ္းျဖစ္ေပမယ့္ အခုဆို PUBG လည္း ေတာ္ေတာ္ေဆာ့တဲ့သူမ်ားလာတာကိုေတြ႔ရပါတယ္။ ေနာက္တစ္ၾကိမ္ ဒီေစ်းႏႈန္းျဖစ္ဖို႔ဆိုတာ မေသခ်ာတဲ့ကိစၥျဖစ္လို႔ ကိုယ္က Steam platform ကိုသံုးတယ္ဆိုရင္ေတာ့ လက္မလႊတ္သင့္တဲ့အခြင့္အေရးပါ။

ဒီလိုေစ်းေလွ်ာ့ေပးထားတာအျပင္ ဒီတစ္ပတ္မွာ PUBG ကိုေဆာ့သင့္တဲ့ေနာက္တစ္ခ်က္က တဘက္ခါ(ဇြန္လ ၂၂ရက္ေန႔)မွာ Sanhok ကြ်န္းေျမပံုအသစ္နဲ႔ တရားဝင္ထြက္လာေတာ့မွာျဖစ္လို႔ပါ။ Fortnite မွာလိုပဲ Sanhok ကလည္း PUBG ရဲ႕တျခားေျမပံုေတြနဲ႔မတူပဲ ကစားရတဲ့ Field ကုိ ပိုက်ဥ္းထားပါတယ္။ ဒီေတာ့ ေျမပံုေပၚမွာေလွ်ာက္ေျပးေနရတ့ဲအခ်ိန္ေလ်ာ့ျပီး Battle မွာပဲ အခ်ိန္ပိုေပးရေတာ့မွာဆိုေတာ့ ေဆာ့ရမွာ စိတ္လႈပ္ရွားစရာပါပဲ။

Steam မွာေစ်းေလွ်ာ့ေပးတာကလည္း ဇူလိုင္လ ၅ရက္ေန႔ေနာက္ဆံုးပါ။ PC မွာမေဆာ့ဖူးေသးသူေတြအတြက္ ဘာလို႔လူသန္း ၄၀၀ က ဒီဂိမး္ကိုဝယ္ေဆာ့ၾကလဲသိခ်င္ရင္ေတာ့ ေစ်းက်တုန္းအခ်ိန္ေလးမွာ အမိအရဝယ္ျပီးစမ္းေဆာ့ၾကည့္ဖို႔ အၾကံေပးခ်င္ပါတယ္။

[Unicode]

PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99 ကနေ အခု $19.99 ထိဈေးလျှော့ပေးထားပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းက နာမည်ယူနေခဲ့တာကတော့ “Fortnite” ဂိမ်းဖြစ်ပေမယ့် အခုဆို PUBG လည်း တော်တော်ဆော့တဲ့သူများလာတာကိုတွေ့ရပါတယ်။ နောက်တစ်ကြိမ် ဒီဈေးနှုန်းဖြစ်ဖို့ဆိုတာ မသေချာတဲ့ကိစ္စဖြစ်လို့ ကိုယ်က Steam platform ကိုသုံးတယ်ဆိုရင်တော့ လက်မလွှတ်သင့်တဲ့အခွင့်အရေးပါ။

ဒီလိုဈေးလျှော့ပေးထားတာအပြင် ဒီတစ်ပတ်မှာ PUBG ကိုဆော့သင့်တဲ့နောက်တစ်ချက်က တဘက်ခါ(ဇွန်လ ၂၂ရက်နေ့)မှာ Sanhok ကျွန်းမြေပုံအသစ်နဲ့ တရားဝင်ထွက်လာတော့မှာဖြစ်လို့ပါ။ Fortnite မှာလိုပဲ Sanhok ကလည်း PUBG ရဲ့တခြားမြေပုံတွေနဲ့မတူပဲ ကစားရတဲ့ Field ကို ပိုကျဉ်းထားပါတယ်။ ဒီတော့ မြေပုံပေါ်မှာလျှောက်ပြေးနေရတဲ့အချိန်လျော့ပြီး Battle မှာပဲ အချိန်ပိုပေးရတော့မှာဆိုတော့ ဆော့ရမှာ စိတ်လှုပ်ရှားစရာပါပဲ။

Steam မှာဈေးလျှော့ပေးတာကလည်း ဇူလိုင်လ ၅ရက်နေ့နောက်ဆုံးပါ။ PC မှာမဆော့ဖူးသေးသူတွေအတွက် ဘာလို့လူသန်း ၄၀၀ က ဒီဂိမ်းကိုဝယ်ဆော့ကြလဲသိချင်ရင်တော့ ဈေးကျတုန်းအချိန်လေးမှာ အမိအရဝယ်ပြီးစမ်းဆော့ကြည့်ဖို့ အကြံပေးချင်ပါတယ်။

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category