0 Shares 61 Views

လူ႔မ်က္လံုးကို ပထမဆံုးအေနျဖင့္ စက္ရုပ္က ခြဲစိတ္ေပးခဲ့

Jun 20, 2018
0 61

ခြဲစိတ္ကုသေရး လုပ္ငန္းမ်ားမွာ စက္ရုပ္မ်ားကို အသံုးျပဳေနၾကပါၿပီ။ အခုေတာ့ လူ႔မ်က္လံုးကို ခြဲစိတ္ဖို႔ ပထမဆံုးအေနျဖင့္ စက္ရုပ္ကို အသံုးျပဳခဲ့ပါတယ္။ အဲဒီ ခြဲစိတ္မႈကို ေအာက္စဖို႔ဒ္မွ John Radcliffe Hospital မွာ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး Nature Biomedical Engineering မွာ အဲဒီ ခြဲစိတ္မႈကို ေဖာ္ျပ ထားပါတယ္။ လူနာ ၆ ဦးရဲ႕ ခြင့္ျပဳခ်က္ကို ရယူၿပီး ခြဲစိတ္ေပးခဲ့တာ ျဖစ္ပါတယ္။

နယ္သာလန္ အေျခစိုက္ က်န္းမာေရးသံုး စက္ရုပ္မ်ား ဖန္တီးေနတဲ့ Preceyes က ဖန္တီးထားတဲ့ စက္ရုပ္ျဖစ္ၿပီး စက္ရုပ္ဟာ မ်က္လံုးရဲ႕ အေနာက္ဘက္မွ Membrane ကို ဖယ္ရွားျခင္းကို ျပဳလုပ္ခဲ့ရပါတယ္။ အလြန္ခက္ခဲတဲ့ ခြဲစိတ္မႈေတာ့ မဟုတ္ေပမယ့္ စက္ရုပ္က ဒီလိုလုပ္ေဆာင္ႏုိင္တာက အလြန္ ေက်နပ္စရာ ျဖစ္ပါတယ္။

စက္ရုပ္ရဲ႕ ခြဲစိတ္မႈဟာ ၄ မိနစ္နဲ႔ ၅၅ စကၠန္႔ၾကာျမင့္ခဲ့ၿပီး လူသား ဆရာ၀န္မ်ားခြဲစိတ္ရင္ေတာ့ ၁ မိနစ္နဲ႔ ၂၀ စကၠန္႔သာ ၾကာျမင့္ပါတယ္။ Oxford University ရဲ႕ Ophthalmology မွ ပါေမာကၡ ျဖစ္သူ Robert MacLaren က “ ဒီ စမ္းသပ္မႈဟာ စက္ရုပ္မ်ားရဲ႕ ခြဲစိတ္ကုသႏိုင္စြမ္းကို ျပသလိုက္တာ ျဖစ္ပါတယ္။ စက္ရုပ္္မ်ားဟာ အလြန္တိက်မႈ လိုအပ္တဲ့ မ်က္လံုးခြဲစိတ္မႈမ်ားကိုေတာင္ ျပဳလုပ္ႏိုင္ပါတယ္။ ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာ စက္ရုပ္ျဖင့္ မ်က္လံုးခြဲစိတ္မႈမ်ားကို ျပဳလုပ္မွာ ျဖစ္ပါတယ္။ “ လုိ႔ ေျပာပါတယ္။

ဒီနည္းပညာဟာ မ်က္လံုးကြယ္ေနတဲ့ လူမ်ားကိုေတာင္ အနာဂတ္မွာ ကုသလာႏိုင္မွာ ျဖစ္ပါတယ္။ စက္ရုပ္မ်ားဟာ က်န္းမာေရး ေစာင့္ေရွာက္မႈ နယ္ပယ္မွာ အသံုးတည့္လာပါၿပီ။

Ref : tnw

unicode

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ အဲဒီ ခွဲစိတ်မှုကို ဖော်ပြ ထားပါတယ်။ လူနာ ၆ ဦးရဲ့ ခွင့်ပြုချက်ကို ရယူပြီး ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန် အခြေစိုက် ကျန်းမာရေးသုံး စက်ရုပ်များ ဖန်တီးနေတဲ့ Preceyes က ဖန်တီးထားတဲ့ စက်ရုပ်ဖြစ်ပြီး စက်ရုပ်ဟာ မျက်လုံးရဲ့ အနောက်ဘက်မှ Membrane ကို ဖယ်ရှားခြင်းကို ပြုလုပ်ခဲ့ရပါတယ်။ အလွန်ခက်ခဲတဲ့ ခွဲစိတ်မှုတော့ မဟုတ်ပေမယ့် စက်ရုပ်က ဒီလိုလုပ်ဆောင်နိုင်တာက အလွန် ကျေနပ်စရာ ဖြစ်ပါတယ်။

စက်ရုပ်ရဲ့ ခွဲစိတ်မှုဟာ ၄ မိနစ်နဲ့ ၅၅ စက္ကန့်ကြာမြင့်ခဲ့ပြီး လူသား ဆရာဝန်များခွဲစိတ်ရင်တော့ ၁ မိနစ်နဲ့ ၂၀ စက္ကန့်သာ ကြာမြင့်ပါတယ်။ Oxford University ရဲ့ Ophthalmology မှ ပါမောက္ခ ဖြစ်သူ Robert MacLaren က “ ဒီ စမ်းသပ်မှုဟာ စက်ရုပ်များရဲ့ ခွဲစိတ်ကုသနိုင်စွမ်းကို ပြသလိုက်တာ ဖြစ်ပါတယ်။ စက်ရုပ်များဟာ အလွန်တိကျမှု လိုအပ်တဲ့ မျက်လုံးခွဲစိတ်မှုများကိုတောင် ပြုလုပ်နိုင်ပါတယ်။ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ စက်ရုပ်ဖြင့် မျက်လုံးခွဲစိတ်မှုများကို ပြုလုပ်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ဒီနည်းပညာဟာ မျက်လုံးကွယ်နေတဲ့ လူများကိုတောင် အနာဂတ်မှာ ကုသလာနိုင်မှာ ဖြစ်ပါတယ်။ စက်ရုပ်များဟာ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်မှာ အသုံးတည့်လာပါပြီ။

Ref : tnw

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category