2228 Shares 304 Views
Pop-Up Camera ပါလာတဲ့ Oppo Find X
Jun 20, 2018
2228 304
Ref : gsmarena
unicode
Pop-Up Camera ပါလာတဲ့ Oppo Find X
Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ Pop Up အနေနဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါဟာ စမတ်ဖုန်းများထဲမှာ ပထမဆုံး ပါ။
အရှေ့ကင်မရာမှာ 3D Facial Scanning နည်းပညာလည်း ပါပါတယ်။ ၆.၄ လက်မ OLED Ful HD+ Display တပ်ဆင်ထားပြီး Screen to Body Ratio မှာ ၉၂.၂၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ လက်ဗွေရာ ကိရိယာတော့ မပါပါဘူး။ အနောက်ဘက်မှာ 16+20MP Camera များ ပါပါတယ်။ အရှေ့ဘက်မှာ 25MP Camera ထည့်ထားပြီး 3D AI Selfie များ ရိုက်ကူးနိုင်ပါတယ်။
Snapdragon 845 Chipset , 8GB RAM , 256GB Storage များ ပါပါတယ်။ ဘက်ထရီက အရွယ်ကြီးမားတဲ့ 3730mAh ဖြစ်ပါတယ်။ သူ့မှာ လျှင်မြန်စွာ အားသွင်းပေးတဲ့ VOOC နည်းပညာလည်း ပါပါတယ်။ Android 8.1 Oreo အခြေပြု Color OS 5.1 ထည့်သွင်းထားပြီး ဉာဏ်ရည်တု နည်းပညာများစွာ ပါပါတယ်။
Dual SIM Phone ဖြစ်ပြီး သြဂုတ်လမှာ Italy, Spain, France, Netherlands နိုင်ငံများမှာ ယူရို ၉၉၉ ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။
Ref : gsmarena
You may be interested
Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views
Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
Creepy Tyler - Sep 25, 2018
နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Ko Thuya - Sep 25, 2018
Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Ko Thuya - Sep 25, 2018
Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…
Leave a Comment
Most from this category