544 Shares 2657 Views

ဖုန္း အားသြင္းရင္ မျပဳလုပ္သင့္တဲ့ အခ်က္ (၆) ခ်က္

Jun 19, 2018
544 2657

ဒီေန႔ေခတ္မွာ လူတိုင္းနီးပါး စမတ္ဖုန္းမ်ားကို အသံုးျပဳေနၾကပါၿပီ။ စမတ္ဖုန္းမ်ားရဲ႕ ဘက္ထရီ သက္တမ္းဟာ မ်ားေသာအားျဖင့္ ၈ နာရီ ၀န္းက်င္ ျဖစ္ၾကပါတယ္။ ဒါေပမယ့္ စမတ္ဖုန္းမ်ားရဲ႕ ဘက္ထရီဟာ အသံုးျပဳတာ ၾကာလာတာနဲ႔အမွ် စြမ္းရည္ နည္းပါးလာၾကပါတယ္။ အဲဒီအတြက္ သင့္ စမတ္ဖုန္း ဘက္ထရီ သက္တမ္း ေကာင္းမြန္ေစမယ့္ နည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Original Charger ကို သံုးပါ။

စမတ္ဖုန္းကို သူ႔ရဲ႕ မူလ Charger နဲ႔ အားသြင္းတာက အေကာင္းဆံုးပါ။ အျခား Charger မ်ားနဲ႔ အားသြင္းျခင္းက ဘက္ထရီ စြမ္းေဆာင္ရည္ကို ထိခိုက္ေစပါတယ္။ Charger အသစ္၀ယ္မယ္ဆိုရင္လည္း မူလ Charger ကိုသာ ၀ယ္ယူပါ။

၂။ အားသြင္းေနစဥ္ Case မ်ားကို ဖယ္ရွားပါ။

စမတ္ဖုန္းမ်ားကို အားသြင္းေနစဥ္မွာ ပူလာတတ္ပါတယ္။ အဲဒီအတြက္ အားသြင္းေနစဥ္မွာ Case မ်ားကို ဖယ္ရွားထားသင့္ပါတယ္။ ဖုန္းကို ေမွာက္ၿပီး အားသြင္းျခင္းကလည္း အပူခ်ိန္ ေလ်ာ့က်ေစပါတယ္။

၃။ တစ္ညလံုး အားသြင္းျခင္းကို ေရွာင္ၾကဥ္ပါ။

စမတ္ဖုန္းကို တစ္ညလံုး အားသြင္းတဲ့ လူမ်ားရွိၾကပါတယ္။ စမတ္ဖုန္းကို တစ္ညလံုး အားသြင္းရင္ ဘက္ထရီ သက္တမ္းကို ထိခိုက္ေစပါတယ္။ ဒါ့အျပင္ စမတ္ဖုန္းကိုလည္း အပူလြန္ကဲေစပါတယ္။ အဲဒီအတြက္ ည မအိပ္ခင္မွာ ဖုန္း အားသြင္းျခင္းကို ရပ္ဖို႔ ဂရုျပဳပါ။

၄။ Third-Party Apps မ်ားကို ေရွာင္ၾကဥ္ပါ။

စမတ္ဖုန္းမ်ားမွာ Battery or Power Management App မ်ားကို အသံုးျပဳေနၾကပါတယ္။ ဖုန္းရဲ႕ ဘက္ထရီ သက္တမ္းကို တိုးတက္ေစတယ္လို႔ ေၾကညာထားတဲ့ Apps မ်ားစြာ Google Play Store မွာ ရွိၾကပါတယ္။ ဒါေပမယ့္ အဲဒီ Apps မ်ားဟာ ဖုန္းရဲ႕ ဘက္ထရီကို ပိုမို စားသံုးၾကတဲ့အတြက္ ေၾကညာထားတာနဲ႔ ေျပာင္းျပန္ ရလဒ္ကိုသာ ရေစပါတယ္။

၅။ ၈၀ ရာခိုင္ႏႈန္းအထိသာ အားျဖည့္ပါ။

စမတ္ဖုန္းကို ၈၀ ရာခုိင္ႏႈန္း အားျဖည့္ထားရင္ တစ္ရက္တာ အသံုးခံပါတယ္။ အဲဒီထက္ ေက်ာ္ၿပီး အားသြင္းရင္ ဘက္ထရီကို အပူလြန္ကဲေစတဲ့အတြက္ ဘက္ထရီ သက္တမ္းကို ထိခိုုက္ေစပါတယ္။ သင့္ စမတ္ဖုန္းကို အားအျပည့္ျဖည့္ဖို႔ မလိုအပ္ပါဘူး။

၆။ မၾကာခဏ အားသြင္းျခင္းကို ေရွာင္ၾကဥ္ပါ။

လူေတြက စမတ္ဖုန္းရဲ႕ ဘက္ထရီ အားဟာ ၅၀ ရာခုိင္ႏႈန္းေလာက္ေရာက္တာနဲ႔ အားသြင္းတတ္ၾကပါတယ္။ ဒါေပမယ့္ ၂၀ ရာခိုင္ႏႈန္းေလာက္ ေရာက္္မွ အားသြင္းျခင္းက ပိုမို ေကာင္းမြန္ပါတယ္။ သုေတသန စစ္တမ္းမ်ားက မၾကာခဏ အားသြင္းျခင္းဟာ ဘက္ထရီ သက္တမ္းကို တိုေတာင္းေစတယ္လို႔ ဆိုၾကပါတယ္။

ref : techviral

unicode

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ဝန်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ သက်တမ်း ကောင်းမွန်စေမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Original Charger ကို သုံးပါ။

စမတ်ဖုန်းကို သူ့ရဲ့ မူလ Charger နဲ့ အားသွင်းတာက အကောင်းဆုံးပါ။ အခြား Charger များနဲ့ အားသွင်းခြင်းက ဘက်ထရီ စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ Charger အသစ်ဝယ်မယ်ဆိုရင်လည်း မူလ Charger ကိုသာ ဝယ်ယူပါ။

၂။ အားသွင်းနေစဉ် Case များကို ဖယ်ရှားပါ။

စမတ်ဖုန်းများကို အားသွင်းနေစဉ်မှာ ပူလာတတ်ပါတယ်။ အဲဒီအတွက် အားသွင်းနေစဉ်မှာ Case များကို ဖယ်ရှားထားသင့်ပါတယ်။ ဖုန်းကို မှောက်ပြီး အားသွင်းခြင်းကလည်း အပူချိန် လျော့ကျစေပါတယ်။

၃။ တစ်ညလုံး အားသွင်းခြင်းကို ရှောင်ကြဉ်ပါ။

စမတ်ဖုန်းကို တစ်ညလုံး အားသွင်းတဲ့ လူများရှိကြပါတယ်။ စမတ်ဖုန်းကို တစ်ညလုံး အားသွင်းရင် ဘက်ထရီ သက်တမ်းကို ထိခိုက်စေပါတယ်။ ဒါ့အပြင် စမတ်ဖုန်းကိုလည်း အပူလွန်ကဲစေပါတယ်။ အဲဒီအတွက် ည မအိပ်ခင်မှာ ဖုန်း အားသွင်းခြင်းကို ရပ်ဖို့ ဂရုပြုပါ။

၄။ Third-Party Apps များကို ရှောင်ကြဉ်ပါ။

စမတ်ဖုန်းများမှာ Battery or Power Management App များကို အသုံးပြုနေကြပါတယ်။ ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးတက်စေတယ်လို့ ကြေညာထားတဲ့ Apps များစွာ Google Play Store မှာ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီ Apps များဟာ ဖုန်းရဲ့ ဘက်ထရီကို ပိုမို စားသုံးကြတဲ့အတွက် ကြေညာထားတာနဲ့ ပြောင်းပြန် ရလဒ်ကိုသာ ရစေပါတယ်။

၅။ ၈၀ ရာခိုင်နှုန်းအထိသာ အားဖြည့်ပါ။

စမတ်ဖုန်းကို ၈၀ ရာခိုင်နှုန်း အားဖြည့်ထားရင် တစ်ရက်တာ အသုံးခံပါတယ်။ အဲဒီထက် ကျော်ပြီး အားသွင်းရင် ဘက်ထရီကို အပူလွန်ကဲစေတဲ့အတွက် ဘက်ထရီ သက်တမ်းကို ထိခိုက်စေပါတယ်။ သင့် စမတ်ဖုန်းကို အားအပြည့်ဖြည့်ဖို့ မလိုအပ်ပါဘူး။

၆။ မကြာခဏ အားသွင်းခြင်းကို ရှောင်ကြဉ်ပါ။

လူတွေက စမတ်ဖုန်းရဲ့ ဘက်ထရီ အားဟာ ၅၀ ရာခိုင်နှုန်းလောက်ရောက်တာနဲ့ အားသွင်းတတ်ကြပါတယ်။ ဒါပေမယ့် ၂၀ ရာခိုင်နှုန်းလောက် ရောက်မှ အားသွင်းခြင်းက ပိုမို ကောင်းမွန်ပါတယ်။ သုတေသန စစ်တမ်းများက မကြာခဏ အားသွင်းခြင်းဟာ ဘက်ထရီ သက်တမ်းကို တိုတောင်းစေတယ်လို့ ဆိုကြပါတယ်။

ref : techviral

You may be interested

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?
FEATURES, Softwares & Application
0 shares0 views

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ႔ရဲ႕ လူမႈကြန္ရက္မ်ားမွ သတင္း၊ ေဆာင္းပါး ၊ ပို႔စ္၊ ဗီဒီယို ၊ ဓါတ္ပံုမ်ားကို Facebook ထဲမွာ သိမ္းထားႏုိင္တဲ့ စြမ္းေဆာင္ခ်က္ကို ထည့္ေပးထားတာ ၾကာပါၿပီ။ ဒါေပမယ့္ ၀က္ဆိုက္မ်ားကို ၾကည့္ေနရင္းကေန သတင္း၊ ေဆာင္းပါးမ်ားကို Facebook…

စြမ္းေဆာင္ရည္ ၆ဆပိုျမင့္တဲ့ RTX 2000 စီးရီး GPU ေတြကို မိတ္ဆက္လိုက္တဲ့ Nvidia
Gaming, NEWS
131 shares63 views

စြမ္းေဆာင္ရည္ ၆ဆပိုျမင့္တဲ့ RTX 2000 စီးရီး GPU ေတြကို မိတ္ဆက္လိုက္တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မွာေတာ့ Nvidia ကေန သူ႔ရဲ႕ high-end graphic ကဒ္ေတြျဖစ္တဲ့ GeForce RTX 2070, RTX 2080 နဲ႔ RTX 2080 Ti တို႔ကို မိတ္ဆက္လိုက္ပါတယ္။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ

Ko Thuya - Aug 21, 2018

ေရွာင္မီက Pocophone F1 အမည္ရ စမတ္ဖုန္း အသစ္ကို ဖန္တီးေနတဲ့ သတင္းမ်ား မၾကာခဏ ထြက္ေပၚလာပါတယ္။ သူ႔ကို ယခုလ ၂၂ ရက္ေန႔မွာ အိႏၵိယမွာ ေၾကညာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ အခုေတာ့ Geekbench မွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာၿပီး…

Leave a Comment

Most from this category