ၾသဂုတ္လမွာ ေရာင္းမယ့္ Xiaomi Mi A2

ေရွာင္မီက ဧၿပီလမွာ Mi 6X ကို တရုတ္မွာ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ Android One Version ကို မေၾကညာခဲ့ပါဘူး။ အခုေတာ့ Swiss Online Store တစ္ခုမွာ Xiaomi Mi A2 ကို စာရင္းတင္ထားၿပီး ႀကိဳတင္မွာယူခြင့္ျပဳထားပါတယ္။ မန္မိုရီအပိုင္းအတြက္ ေမာ္ဒယ္သံုးခု ေရြးခ်ယ္ႏုိင္ပါတယ္။ အေရာင္သံုးမ်ိဳး ထုတ္လုပ္ေပးထားပါတယ္။

ၾသဂုတ္လ ၈ ရက္ေန႔မွာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ 32GB Model ကို ၂၉၀ ေဒၚလာ ၊ 64GB Model ကို ၃၃၀ ေဒၚလာနဲ႔ 128GB Model ကို ၃၇၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ အနက္၊ အျပာနဲ႔ ေရႊေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။

Specs အပိုင္းမွာ Mi 6X နဲ႔ Mi A2 ရဲ႕ တစ္ခုထဲေသာ ကြာျခားခ်က္မွာ OS ျဖစ္ပါတယ္။ Mi A2 မွာ MIUI မပါဘဲ Stock Android ထည့္သြင္းထားပါတယ္။ Mi A2 မွာ ၅.၉၉ လက္မ Full HD+ Display တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ Qualcomm Snapdragon 660 Chipset ေမာင္းႏွင္ထားပါတယ္။ အေနာက္ဘက္မွာ 12+20MP Dual Camera မ်ား ပါပါတယ္။ အေရွ႕ဘက္မွာ 20MP Selfie Camera ထည့္သြင္းထားပါတယ္။ ဘက္ထရီကေတာ့ 3010mAh ျဖစ္ပါတယ္။

microSD Card Slot ေတာ့ မပါပါဘူး။ စြမ္းရည္ အျမင့္ဆံုး ေမာ္ဒယ္မွာ 6GB RAM ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အျခား ေမာ္ဒယ္ႏွစ္ခုမွာ 4GB RAM ပါပါတယ္။

ref : gsmarena

unicode

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို စာရင်းတင်ထားပြီး ကြိုတင်မှာယူခွင့်ပြုထားပါတယ်။ မန်မိုရီအပိုင်းအတွက် မော်ဒယ်သုံးခု ရွေးချယ်နိုင်ပါတယ်။ အရောင်သုံးမျိုး ထုတ်လုပ်ပေးထားပါတယ်။

သြဂုတ်လ ၈ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ 32GB Model ကို ၂၉၀ ဒေါ်လာ ၊ 64GB Model ကို ၃၃၀ ဒေါ်လာနဲ့ 128GB Model ကို ၃၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အနက်၊ အပြာနဲ့ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။

Specs အပိုင်းမှာ Mi 6X နဲ့ Mi A2 ရဲ့ တစ်ခုထဲသော ကွာခြားချက်မှာ OS ဖြစ်ပါတယ်။ Mi A2 မှာ MIUI မပါဘဲ Stock Android ထည့်သွင်းထားပါတယ်။ Mi A2 မှာ ၅.၉၉ လက်မ Full HD+ Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 660 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 12+20MP Dual Camera များ ပါပါတယ်။ အရှေ့ဘက်မှာ 20MP Selfie Camera ထည့်သွင်းထားပါတယ်။ ဘက်ထရီကတော့ 3010mAh ဖြစ်ပါတယ်။

microSD Card Slot တော့ မပါပါဘူး။ စွမ်းရည် အမြင့်ဆုံး မော်ဒယ်မှာ 6GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အခြား မော်ဒယ်နှစ်ခုမှာ 4GB RAM ပါပါတယ်။

ref : gsmarena

%d bloggers like this: