638 Shares 2070 Views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Jun 19, 2018
638 2070

[Zawgyi] 

Image result for Apple fined for misleading customers in Australia




Related image




Ref: BBC News

[Unicode]

Image result for Apple fined for misleading customers in Australia

Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။

မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad တွေကိုမပြင်ပေးတဲ့အတွက် ဒီလိုပြဿနာမျိုးဖြစ်ဖူးပြီးသားပါ။

Customer၂၇၅ ယောက်ရဲ့ပြင်ဆင်အစားထိုးနိုင်ခွင့်နဲ့ပတ်သတ်ပြီး နည်းနည်းလမ်းလွဲခဲ့ကြောင်း Apple ကဝန်ခံထားပါတယ်။ သြစတေးလျတရားရုံးကတော့ ဒီအပြုအမူတွေက စားသုံး(သုံးစွဲ)သူဥပဒေကို ချိုးဖောက်နေကြောင်းတွေ့ခဲ့ရပြီး Apple ရဲ့ “error 53”တုန်းကလိုပဲ Complaint တွေကို စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။(Error 53 ဆိုတာ Apple က User တစ်ယောက်ရဲ့ iPhone မှာ အပြင်ကစိတ်မချရတဲ့အစိတ်အပိုင်းတွေ တပ်ဆင်တာကိုကာကွယ်ပေးနိုင်တဲ့ လုံခြုံရေး Feature တစ်ခုဖြစ်ပေမယ့် User တွေကအပြင်မှာပြင်ဆင်လိုက်တဲ့အခါ Error တက်ပြီးသုံးမရဖြစ်တတ်ပါတယ်။ မနှစ်က Fingerprint Error တုန်းကတော့ Software Update တစ်ခုနဲ့ပဲပြင်ဆင်ပေးခဲ့တာပါ)

Related image

ဒီတစ်ခေါက်မှာတွေ့ရသလောက်ဖြစ်လာတဲ့အမှားတွေက ဆော့ဖ်ဝဲလ် Update ဒေါင်းပြီးမှ iPhone, iPad တွေအလုပ်မလုပ်တော့တဲ့ ပြဿနာပါ။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ Apple ဆီ ပြင်ဆင်ဖို့ပို့တဲ့အခါမှ တခြား Third-Party တွေမှာပြင်ဖူးတဲ့အတွက် တစ်ချို့ကိုပြင်ဆင်ပေးဖို့ငြင်းဆန်ခဲ့တယ်လို့သိရပါတယ်။

ဒီထဲကလူအများစုကတော့ Third-Party တွေဆီမှာ မှန်ကွဲတာအတွက် ပြင်ဆင်အစားထိုးတာတွေလုပ်ခဲ့ဖူးကြတာများပါတယ်။ ဒါပေမယ့် မှန်ကွဲလို့ပြင်ဖူးတာနဲ့ အခုဖြစ်လာတဲ့ ဆော့ဖ်ဝဲလ်အမှားအယွင်းနဲ့က မဆိုင်ဘဲနဲ့ Apple က ပြင်ဆင်ဖို့ငြင်းဆန်ခဲ့တာဖြစ်ကြောင်း သြစတေးလျနိုင်ငံ စားသုံးသူကော်မရှင်အဖွဲ့အစည်းက ဆိုခဲ့ပါတယ်။

ဒါကြောင့် Apple အနေနဲ့ ဒီ Error ကိုပြင်ဆင်ပေးဖို့အတွက် Customer ပေါင်း ၅၀၀၀ လောက်ကိုဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

Ref: BBC News

You may be interested

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares0 views

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy

Ko Thuya - Oct 18, 2018

သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…

Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ့ Foldable Tablet လာမည်

Ko Thuya - Oct 18, 2018

ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…

Leave a Comment

Most from this category