207 Shares 214 Views

တရုတ္ အြန္လိုင္း စတိုး JD.com မွာ ေဒၚလာ သန္း ၅၅၀ ရင္းႏွီးျမွပ္ႏွံလိုက္တဲ့ Google

Jun 19, 2018
207 214

Google က တရုတ္ အြန္လိုင္း အေရာင္းဆိုင္ JD.com နဲ႔ ပူးေပါင္းလိုက္တယ္လို႔ ေၾကညာလိုက္ပါတယ္။ Google Blog မွာ ကုမၸဏီဟာ ေဒၚလာ သန္း ၅၅၀ ရင္းႏွီးျမွပ္နွံလိုက္တယ္လို႔ ေရးသားထားပါတယ္။ ကုမၸဏီ ႏွစ္ခု သေဘာတူညီမႈအရ Google ရဲ႕ Search Engine မွာ Shopping က႑ကို ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အဲဒီ က႑မွာ JD.com ရဲ႕ ကုန္ပစၥည္းမ်ားကို ျပသေပးထားမွာ ျဖစ္ပါတယ္။

Google ရဲ႕ အာရွ- ပစိဖိတ္ ဌာနမွ ဥကၠဌ ျဖစ္သူ Karim Temsamani က ကုမၸဏီ ႏွစ္ခု သေဘာတူညီမႈဟာ ကမာၻအ၀န္းမွ ႏုိင္ငံမ်ားစြာမွ Consumer မ်ားအတြက္ အရည္အေသြးရွိတဲ့ ၀န္ေဆာင္မႈကို ပံ့ပိုးေပးမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ အဲဒီအထဲမွာ အေရွ႕ေတာင္ အာရွလည္း ပါပါတယ္လို႔ သူက ျဖည့္စြက္ေျပာပါတယ္။ JD.com မွ မဟာဗ်ဴဟာ အရာရွိ ျဖစ္သူ Jianwen Liao က ကုမၸဏီ ႏွစ္ခု ပူးေပါင္းမႈဟာ ကမာၻအ၀န္းမွာ အခြင့္အလမ္းမ်ားစြာ ျဖစ္ေပၚေစမယ္လို႔ ေျပာပါတယ္။

Maps, YouTube , Search Engine တို႔ အပါအ၀င္ Google Services မ်ားကို လက္ရွိမွာ တရုတ္တြင္ ပိတ္ပင္ထားပါတယ္။ Google က JD.com နဲ ပူးေပါင္းမႈဟာ တရုတ္မွာပါ အက်ိဳးသက္ေရာက္ေစမလားဆိုတာကိုေတာ့ မသိရေသးပါဘူး။ တရုတ္လို အလြန္ႀကီးမားတဲ့ ေစ်းကြက္ႀကီးကို ရရွိသြားတာဟာ ဂူဂယ္လ္အတြက္ေတာ့ အခြင့္ေကာင္းျဖစ္ပါတယ္။ ဂူဂယ္လ္ဟာ တရုတ္မွ Chushou အမည္ရ အားကစားပြဲမ်ားကို အြန္လိုင္းက ထုတ္လႊင့္တဲ့ ကုမၸဏီနဲ႔ တကၠစီ ကုမၸဏီ Go Jek တို႔မွာလည္း ရင္းႏွီးျမွပ္ႏွံထားပါတယ္။

Ref : gsmarena

unicode

တရုတ် အွန်လိုင်း စတိုး JD.com မှာ ဒေါ်လာ သန်း ၅၅၀ ရင်းနှီးမြှပ်နှံလိုက်တဲ့ Google

Google က တရုတ် အွန်လိုင်း အရောင်းဆိုင် JD.com နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Google Blog မှာ ကုမ္ပဏီဟာ ဒေါ်လာ သန်း ၅၅၀ ရင်းနှီးမြှပ်နှံလိုက်တယ်လို့ ရေးသားထားပါတယ်။ ကုမ္ပဏီ နှစ်ခု သဘောတူညီမှုအရ Google ရဲ့ Search Engine မှာ Shopping ကဏ္ဍကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ ကဏ္ဍမှာ JD.com ရဲ့ ကုန်ပစ္စည်းများကို ပြသပေးထားမှာ ဖြစ်ပါတယ်။

Google ရဲ့ အာရှ- ပစိဖိတ် ဌာနမှ ဥက္ကဌ ဖြစ်သူ Karim Temsamani က ကုမ္ပဏီ နှစ်ခု သဘောတူညီမှုဟာ ကမ္ဘာအဝန်းမှ နိုင်ငံများစွာမှ Consumer များအတွက် အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုကို ပံ့ပိုးပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ အရှေ့တောင် အာရှလည်း ပါပါတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။ JD.com မှ မဟာဗျူဟာ အရာရှိ ဖြစ်သူ Jianwen Liao က ကုမ္ပဏီ နှစ်ခု ပူးပေါင်းမှုဟာ ကမ္ဘာအဝန်းမှာ အခွင့်အလမ်းများစွာ ဖြစ်ပေါ်စေမယ်လို့ ပြောပါတယ်။

Maps, YouTube , Search Engine တို့ အပါအဝင် Google Services များကို လက်ရှိမှာ တရုတ်တွင် ပိတ်ပင်ထားပါတယ်။ Google က JD.com နဲ ပူးပေါင်းမှုဟာ တရုတ်မှာပါ အကျိုးသက်ရောက်စေမလားဆိုတာကိုတော့ မသိရသေးပါဘူး။ တရုတ်လို အလွန်ကြီးမားတဲ့ ဈေးကွက်ကြီးကို ရရှိသွားတာဟာ ဂူဂယ်လ်အတွက်တော့ အခွင့်ကောင်းဖြစ်ပါတယ်။ ဂူဂယ်လ်ဟာ တရုတ်မှ Chushou အမည်ရ အားကစားပွဲများကို အွန်လိုင်းက ထုတ်လွှင့်တဲ့ ကုမ္ပဏီနဲ့ တက္ကစီ ကုမ္ပဏီ Go Jek တို့မှာလည်း ရင်းနှီးမြှပ်နှံထားပါတယ်။

Ref : gsmarena

You may be interested

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
59 shares208 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ Redmi Note 7 ကို ေၾကညာခဲ့ပါတယ္။ ေရွာင္မီရဲ႕ ဥကၠဌ ျဖစ္သူက ပထမဆံုး ေရာင္းတဲ့ လမွာ အလံုးေရ ၁ သန္းေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားမယ္လို႔ အဲဒီအခ်ိန္က ေျပာခဲ့ပါတယ္။ တကယ္လည္း…

Leave a Comment

Most from this category