0 Shares 198 Views
Jun 18, 2018
0 198
[Zawgyi]
Ref: androidauthority
[Unicode]
Android One အသုံးပြု Aquos S3 ကို တိတ်တဆိတ် ရောင်းချနေတဲ့ Sharp
Sharp အနေနဲ့ Aquos S3 ကို ပြီးခဲ့တဲ့ မတ်လတုန်းက ထိုင်ဝမ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Sharp Aquos S3 ကို တောင်ကိုရီးယားနိုင်ငံမှာ စတင်ရောင်းချနေပြီ ဖြစ်ကြောင်း Reddit User တစ်ယောက်ရဲ့ ပြောကြားချက်များအရ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ရောင်းချနေတဲ့ Sharp Aquos S3 ဟာ ထိုင်ဝမ်နိုင်ငံမှာ ရောင်းချခဲ့တဲ့ Sharp Aquos S3 လိုမျိူး Sharp Smile UI (User Interface) ကို အသုံးပြုထားတဲ့ စမတ်ဖုန်း မဟုတ်ဘဲ Pure Android ကို အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်တယ်လို့ သိရပါတယ်။ Pure Android (Android One) အသုံးပြုထားတဲ့ စမတ်ဖုန်းကို Xiaomi ရဲ့ Mi A1 မှာ မြင်တွေ့ဖူးကြမှာပါ။
တောင်ကိုရီးယားနိုင်ငံ အခြေစိုက် SK Telecom ရှိ ဓာတ်ပုံများအရ Sharp Aquos S3 ရဲ့ Operating System အပိုင်းအတွက် Android 8.1 Oreo (Android One) ကို ထည့်သွင်းထားတာ တွေ့ရပါတယ်။ Aquos S3 က Sharp ရဲ့ ပထမ ဦးဆုံးသော Android One စမတ်ဖုန်း မဟုတ်ပါဘူး။ ဒီ့အရင် ဇန်နဝါရီ လတုန်းက Android One အသုံးပြု တန်ဖိုးနည်း စမတ်ဖုန်း Sharp S3 ကို ဂျပန်နိုင်ငံမှာ မိတ်ဆက်ခဲ့ပါသေးတယ်။
Sharp Aquos S3 ရဲ့ Display က ၆ လက်မ မျက်နှာပြင် အကျယ်ရှိပြီး Resolution ကတော့ 1080 x 2160 pixels ရှိပါမယ်။ 12MP+13MP Dual Camera ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Camera တစ်လုံး ပါဝင်မှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 630 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပါတယ်။ ROM ကတော့ 64GB ပါဝင်ပြီး MicroSD 128GB ထိ ထပ်စိုက်နိုင်မှာပါ။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3200mAh ထည့်သွင်းပေးထားပြီး အလေးချိန်ကတော့ 165.4 grams ရှိပါတယ်။ Aquos S3 ကို ကမ္ဘာတဝှမ်းမှာ ရောင်းချသွားမှာ မဟုတ်ဘဲ နိုင်ငံတစ်ချိူ့မှာသာ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။
Ref: androidauthority
You may be interested
6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ကြေညာ
Android, HUBS, Mobiles & Tablets
0 shares0 views
6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ကြေညာ
Ko Thuya - May 23, 2019
OPPO က စွမ်းဆောင်ရည်သင့် K3 စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ Full HD+ AMOLED Display တပ်ဆင်ထားပြီး Notch မပါပါဘူး။ Screen-to-body Ratio မှာ ၉၁.၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ယခင်မျိုးဆက်ထက်…
မိုဘိုင်းမှာ အသွင်အနည်းငယ် ပြောင်းသွားတဲ့ Google Search
NEWS, Softwares & Application
0 shares0 views
မိုဘိုင်းမှာ အသွင်အနည်းငယ် ပြောင်းသွားတဲ့ Google Search
Nigma - May 23, 2019
Google က Mobile Devices တွေအတွက် Search Result ဖော်ပြတဲ့ စာမျက်နှာကို ဒီဇိုင်းအနည်းငယ် ပြောင်းလဲလိုက်ပါတယ်။ အခုဆိုရင် Search Result တခုချင်းစီရဲ့ ခေါင်းစီးစာသား (Title) ပေါ်မှာ website ရဲ့ icon နဲ့ နာမည်တို့ကို…
League of Legends မိုဘိုင်းဂိမ်းကို Riot Games နဲ့ Tencents တို့ ပူးပေါင်းထုတ်လုပ်မည်
NEWS
0 shares43 views
League of Legends မိုဘိုင်းဂိမ်းကို Riot Games နဲ့ Tencents တို့ ပူးပေါင်းထုတ်လုပ်မည်
Nigma - May 23, 2019
နာမည်ကြီး MOBA ဂိမ်းတခုဖြစ်တဲ့ League of Legends ကို မိုဘိုင်းဗားရှင်းထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ League of Legends ဂိမ်း developer Riot Games နဲ့ မိခင်ကုမ္ပဏီ Tencent တို့ က LoL…
Leave a Comment
Most from this category