0 Shares 220 Views

4500 mAh ဘက္ထရီနဲ႔ထြက္ရိွလာခဲ့တဲ့ LG X5 (2018)

Jun 18, 2018
0 220

[Zawgyi]

LG X5 (2018) becomes official in South Korea with large 4,500mAh battery

ေတာင္ကိုရီးယား LG ကေတာ့ entry-level ျဖစ္တဲ့ LG X စီးရီးထဲကို ေနာက္ထပ္ဖုနး္သစ္တစ္လံုး တိတ္တဆိတ္မိတ္ဆက္လုိက္ျပန္ပါျပီ။ နာမည္ကုိေတာ့ LG X5 (2018) လို႔ေပးထားျပီး ၂၀၁၆ တုန္းကထြက္ခ့ဲတဲ့ LG X5 ကိုအဆင့္ျမွင့္ထားတဲ့ဖုန္းတစ္လံုးပါ။

ေက်ာဘက္မွာေတာ့ လက္ေဗြ sensor အဝိုင္းေလးနဲ႔ ကင္မရာတစ္လံုးပါတဲ့အတြက္ ဒီဇုိင္းကခပ္ရွင္းရွင္းပါပဲ။  5.5-inch HD display သံုးထားျပီး ထိပ္ဖက္နဲ႔ေအာက္ဘက္ေဘာင္ေတြကေတာ့ နည္းနည္းၾကီးေနပါေသးတယ္။ MediaTek ရဲ႕ clock-speed 1.5 GHz ရိွတဲ့ MT6750 octa-core processor ကိုသံုးထားျပီး RAM 2GB, Storage  32GB နဲ႔ ေတာင္ကိုရီးယားႏုိင္ငံမွာ ထြက္ရိွလာခဲ့ပါျပီ။

ကင္မရာကေတာ့ LG X5 ေတြမွာတုန္းကလို 5MP ေရွ႕ကင္မရာကိုမွ LED flash ထည့္ေပးထားပါတယ္။ ေက်ာဘက္မွာလည္း 13MP ကင္မရာနဲ႔ LED flash နဲ႔ပါပဲ။ Android 8.0 Oreo နဲ႔ပြဲထြက္လာျပီး ဘက္ထရီပမာဏကေတာ့ 4,500 mAh ဆိုေတာ့ မနည္းမေနာမ်ားလာတာပါပဲ။

4G VoLTE, Bluetooth 4.2, Wi-Fi 802.11 a/b/g/n/ac (2.4 GHz နဲ႔ 5 GHz Dual-Band), NFC နဲ႔ LG Pay စတဲ့ Feature ေတြေထာက္ပံ့ေပးထားပါတယ္။ ေလာေလာဆယ္မွာေတာ့ ေတာင္ကိုရီးယားမွာ Moroccan Blue, အေရာင္နဲ႔ထြက္ေနျပီး ေစ်းႏႈန္းကေတာ့ $330 လို႔သိရပါတယ္။

Ref: PhoneArena, GizChina

[Unicode]

LG X5 (2018) becomes official in South Korea with large 4,500mAh battery

တောင်ကိုရီးယား LG ကတော့ entry-level ဖြစ်တဲ့ LG X စီးရီးထဲကို နောက်ထပ်ဖုန်းသစ်တစ်လုံး တိတ်တဆိတ်မိတ်ဆက်လိုက်ပြန်ပါပြီ။ နာမည်ကိုတော့ LG X5 (2018) လို့ပေးထားပြီး ၂၀၁၆ တုန်းကထွက်ခဲ့တဲ့ LG X5 ကိုအဆင့်မြှင့်ထားတဲ့ဖုန်းတစ်လုံးပါ။

ကျောဘက်မှာတော့ လက်ဗွေ sensor အဝိုင်းလေးနဲ့ ကင်မရာတစ်လုံးပါတဲ့အတွက် ဒီဇိုင်းကခပ်ရှင်းရှင်းပါပဲ။  5.5-inch HD display သုံးထားပြီး ထိပ်ဖက်နဲ့အောက်ဘက်ဘောင်တွေကတော့ နည်းနည်းကြီးနေပါသေးတယ်။ MediaTek ရဲ့ clock-speed 1.5 GHz ရှိတဲ့ MT6750 octa-core processor ကိုသုံးထားပြီး RAM 2GB, Storage  32GB နဲ့ တောင်ကိုရီးယားနိုင်ငံမှာ ထွက်ရှိလာခဲ့ပါပြီ။

ကင်မရာကတော့ LG X5 တွေမှာတုန်းကလို 5MP ရှေ့ကင်မရာကိုမှ LED flash ထည့်ပေးထားပါတယ်။ ကျောဘက်မှာလည်း 13MP ကင်မရာနဲ့ LED flash နဲ့ပါပဲ။ Android 8.0 Oreo နဲ့ပွဲထွက်လာပြီး ဘက်ထရီပမာဏကတော့ 4,500 mAh ဆိုတော့ မနည်းမနောများလာတာပါပဲ။

4G VoLTE, Bluetooth 4.2, Wi-Fi 802.11 a/b/g/n/ac (2.4 GHz နဲ့ 5 GHz Dual-Band), NFC နဲ့ LG Pay စတဲ့ Feature တွေထောက်ပံ့ပေးထားပါတယ်။ လောလောဆယ်မှာတော့ တောင်ကိုရီးယားမှာ Moroccan Blue, အရောင်နဲ့ထွက်နေပြီး ဈေးနှုန်းကတော့ $330 လို့သိရပါတယ်။

Ref: PhoneArena, GizChina

You may be interested

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္
NEWS
0 shares0 views

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္

Nigma - May 23, 2019

နာမည္ႀကီး MOBA ဂိမ္းတခုျဖစ္တဲ့ League of Legends ကို မိုဘိုင္းဗားရွင္းထုတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ League of Legends ဂိမ္း developer Riot Games နဲ႔ မိခင္ကုမၸဏီ Tencent တို႔ က LoL…

Caviar က Samsung Galaxy Fold ရဲ႕ Game of Thrones Edition ကို ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares81 views

Caviar က Samsung Galaxy Fold ရဲ႕ Game of Thrones Edition ကို ေရာင္းမည္

Ko Thuya - May 23, 2019

Samsung Galaxy Fold ရဲ႕ တန္ေၾကးဟာ ေဒၚလာ ၁၉၈၀ ရွိတဲ့ အတြက္ တန္ဖိုးက မေသးပါဘူး။ အခုေတာ့ သူ႔ထက္ ေလးဆ ပိုေစ်းမ်ားတဲ့ Model ထြက္လာေတာ့မွာပါ။ ရုရွား ကုမၸဏီ Caviar က Samsung Galaxy…

ZTE က တန္ဖိုးနည္း Blade A5 2019 ကို ေၾကညာ
Android, HUBS, Mobiles & Tablets
0 shares14 views

ZTE က တန္ဖိုးနည္း Blade A5 2019 ကို ေၾကညာ

Ko Thuya - May 23, 2019

ZTE က တန္ဖိုးနည္း Blade A7 ကို ယခုလ အေစာပိုင္းက ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ထက္ ေစ်းသက္သာတဲ့ ZTE Blade A5 2019 ကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ 18:9 Screen ထည့္သြင္းထားပါတယ္။ Octa-core…

Leave a Comment

Most from this category