227 Shares 619 Views

ဆာဗာဒေါင်းသွားခဲ့တဲ့ PUBG Mobile ဂိမ်း

Jun 18, 2018
227 619

[Zawgyi]

Image result for PUBG Mobile servers DOWN: New Tencent update news for iOS and Android





– Royale Pass Season 1










[Unicode]

Image result for PUBG Mobile servers DOWN: New Tencent update news for iOS and Android

မနေ့ညကပဲ PUBG MOBILE ရဲ့ server တွေဒေါင်းသွားခဲ့ပြီး ခုချိန်ထိလည်း Maintenance အဆင့်မှာပဲရှိနေပါသေးတယ်။ ဒီသတင်းနဲ့အတူ Tencent က ကြော်ငြာလိုက်တဲ့သတင်းကတော့ iOS နဲ့ Android တွေအတွက် နောက်ထပ် Update ထွက်မယ်ဆိုတဲ့သတင်းပါ။

မနေ့ညက PUBG Mobile ကစားဖို့ Log In ဝင်တဲ့သူတွေက ဆာဗာဒေါင်းတာကို သတိပြုခဲ့မိပြီး Tencent ကတော့ ပြုပြင်ထိန်းသိမ်းသူတွေအနေနဲ့ ၆နာရီအတွင်း အွန်လိုင်းပြန်ဖြစ်ဖို့ လုပ်ဆောင်နေတယ်လို့ဆိုထားပါတယ်။ UK မှာတော့ မနက်၈နာရီ၊ US မှာတော့ မနက် ၂နာရီနဲ့ မြန်မာနိုင်ငံမှာတော့ နေ့လည် ၂နာရီခွဲလောက်မှာ ပြန်ပြီး အွန်လိုင်းဖြစ်တော့မှာပါ။

ဆာဗာတွေအွန်လိုင်းပြန်ဖြစ်သွားရင်တော့ PUBG Mobile Update အသစ်ကိုဒေါင်းပြီးဆော့လို့ရပါပြီ။ ဒီ update မှာပါဝင်လာမှာတွေကတော့

– First-Person Perspective အသစ်

– Royale Pass Season 1

– Resource နဲ့ AirDrop တွေ ပိုများလာတဲ့ map အသေး Mini-Zone

 ဘာလက်နက်တွေရှိတယ်ဆိုတာ ကြည့်လို့ရတဲ့ Armory အသစ်တွေ

– ကိုယ်ပိုင် UI ဒီဇိုင်းနဲ့ ပစ္စတိုတွေ

– တာယာတွေကိုတောင်ဖျက်ဆီးလာနိုင်တဲ့ Melee လက်နက်တွေ

– အဖွဲ့ဝင်တစ်ယောက်ချင်းစီကို Mute လုပ်နိုင်တဲ့ Feature

–  ပွဲပြီးရလဒ်ကိုပြပေးမယ့် Result Screen

– အာရှဇာတ်ကောင်မော်ဒယ်လ်တွေ အပြင် ဆိုရှယ်နက်ဝါ့ခ် ၂ခုကိုချိတ်ဆက်နိုင်တာတွေ၊ Room Card တွေထည့်ပေးထားတာတွေ၊ Shop မှာအသစ်ရောက်လာတဲ့ Item အသစ်တွေနဲ့ Item တွေကိုလက်ဆောင်အဖြစ်ပေးလို့ရနိုင်တာတွေ ဒါတွေအားလုံးက Update ဗားရှင်းမှာပါလာမယ့် Feature အသစ်တွေပါပဲ။

ကျွန်တော်ကတော့ Update အသစ်မှာ Royale Pass က စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ တကယ်ဘယ်လိုစိတ်ဝင်စားစရာ Feature အသစ်တွေပါလာမလဲဆိုတာကတော့ တရားဝင်ထွက်လာတဲ့အချိန် ဆော့လို့ရတဲ့အချိန်ကျရင် သိရတော့မှာပါ။ ဒါဆို၂နာရီခွဲထိ စောင့်လိုက်ကြဦးစို့…. 😉

Ref: Express, PUBG Mobile Twitter

You may be interested

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
117 shares19 views

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်တစ်ခုစီ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super…

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
135 shares34 views

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ

Ko Thuya - Dec 11, 2018

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Vivo V11 ရဲ့ အနီရောင်မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Supernova Red ကို Amazon India မှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာတော့ Vivo V11 Pro အမည်ဖြင့် ရောင်းချတာ…

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်
Google, NEWS
250 shares70 views

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်

Nigma - Dec 11, 2018

(Zawgyi) ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Google+ ဟာ Security Bug တခုကြောင့် အသုံးပြုသူ သန်းတဝက်ရဲ့ ဒေတာတွေ ပေါက်ကြားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ပြီးနောက် Google+ Consumer Version ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း…

Leave a Comment

Most from this category