316 Shares 145 Views

Launcher အသစ္နဲ႔ ပြဲထြက္လာမယ့္ Sony စမတ္ဖုန္းမ်ား

Jun 18, 2018
316 145

[Zawgyi]

ဂ်ပန္ႏိုင္ငံရွိ အီလက္ထေရာနစ္ ကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ Sony ကေတာ့ Xperia Home Launcher အစား Android Launcher အသစ္ကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ဒီဇိုင္းပိုင္း အားနည္းခ်က္ေၾကာင့္ က်န္ရစ္ ျဖစ္ခဲ့တဲ့ Sony ဟာ User Interface (UI) အသစ္ကို ဖန္တီးေနၿပီ ျဖစ္ပါတယ္။ Software ဒီဇိုင္းက လန္းသြားၿပီဘဲ ထားဦး၊ Hardware ဒီဇိုင္းက အရင္ဖုန္းေတြလိုမ်ိဴး ပုံတုံးႀကီးဆိုရင္ေတာ့ သိပ္မဟန္လွပါဘူး။ ဒါ့ေပမယ္လည္း စိတ္မပူပါနဲ႔။ Sony အေနနဲ႔ Notch ပါဝင္တဲ့ Thin-bezel Display စမတ္ဖုန္းေတြကို ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ကြၽန္ေတာ္တို႔အေနနဲ႔ Sony ရဲ႕ Home Application အသစ္ကို ဖန္တီးေနတာေၾကာင့္ Xperia Home Application ရဲ႕ Feature အသစ္ ထုတ္လုပ္မႈကို ရပ္စဲလိုက္ရျခင္း ျဖစ္ပါတယ္”လို႔ Xperia Home Open Beta အဖြဲ႕ရဲ႕ Moderator ျဖစ္သူ Erika Prymus က Google+ မွာ ေျပာၾကားခဲ့ပါတယ္။ Sony Home Appliction အသစ္နဲ႔ ပတ္သတ္ၿပီး အသစ္ပါဝင္လာမယ့္ Feature ေတြနဲ႔ ထြက္ရွိလာမယ့္ ေန႔ရက္ကိုေတာ့ Prymus က ထုတ္ေဖာ္ေျပာၾကားသြားျခင္း မရွိပါဘူး။ Home Application အသစ္က Sony ဖုန္း အေဟာင္းေတြကိုပါ Support ေပးမယ္ ဆိုရင္ေတာ့ Sony Xperia ပိုင္ရွင္မ်ား အေနနဲ႔ ဝမ္းသာစရာ သတင္းေကာင္းပါဘဲ။

ေလာေလာဆယ္မွာေတာ့ Sony ရဲ႕ မူလ ပထမ Launcher ကို “Maintenance Mode” အျဖစ္ သတ္မွတ္ထားၿပီး Xperia Home beta အဖြဲ႕ကို မၾကာမီ အခ်ိန္အတြင္းမွာ ဖ်က္သိမ္းေတာ့မွာ ျဖစ္ပါတယ္။ အသစ္ထြက္ရွိလာမယ့္ Sony ရဲ႕ Launcher အသစ္မွာ Android P မွာ လိုမ်ိဴး Gesture Controls ေတြ ပါဝင္လာႏိုင္ပါတယ္။ ၿပိဳင္ဘက္ UI ေတြျဖစ္တဲ့ Samsung Experience 9, MIUI 10 နဲ႔ EMUI 8 တို႔ထက္ Sony ရဲ႕ UI က ဘာေတြ အားသာခ်က္ရွိမလဲ ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Ref:gadgets.ndtv

[Unicode]

Launcher အသစ်နဲ့ ပွဲထွက်လာမယ့် Sony စမတ်ဖုန်းများ

ဂျပန်နိုင်ငံရှိ အီလက်ထရောနစ် ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Sony ကတော့ Xperia Home Launcher အစား Android Launcher အသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း အားနည်းချက်ကြောင့် ကျန်ရစ် ဖြစ်ခဲ့တဲ့ Sony ဟာ User Interface (UI) အသစ်ကို ဖန်တီးနေပြီ ဖြစ်ပါတယ်။ Software ဒီဇိုင်းက လန်းသွားပြီဘဲ ထားဦး၊ Hardware ဒီဇိုင်းက အရင်ဖုန်းတွေလိုမျိူး ပုံတုံးကြီးဆိုရင်တော့ သိပ်မဟန်လှပါဘူး။ ဒါ့ပေမယ်လည်း စိတ်မပူပါနဲ့။ Sony အနေနဲ့ Notch ပါဝင်တဲ့ Thin-bezel Display စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကျွန်တော်တို့အနေနဲ့ Sony ရဲ့ Home Application အသစ်ကို ဖန်တီးနေတာကြောင့် Xperia Home Application ရဲ့ Feature အသစ် ထုတ်လုပ်မှုကို ရပ်စဲလိုက်ရခြင်း ဖြစ်ပါတယ်”လို့ Xperia Home Open Beta အဖွဲ့ရဲ့ Moderator ဖြစ်သူ Erika Prymus က Google+ မှာ ပြောကြားခဲ့ပါတယ်။ Sony Home Appliction အသစ်နဲ့ ပတ်သတ်ပြီး အသစ်ပါဝင်လာမယ့် Feature တွေနဲ့ ထွက်ရှိလာမယ့် နေ့ရက်ကိုတော့ Prymus က ထုတ်ဖော်ပြောကြားသွားခြင်း မရှိပါဘူး။ Home Application အသစ်က Sony ဖုန်း အဟောင်းတွေကိုပါ Support ပေးမယ် ဆိုရင်တော့ Sony Xperia ပိုင်ရှင်များ အနေနဲ့ ဝမ်းသာစရာ သတင်းကောင်းပါဘဲ။

လောလောဆယ်မှာတော့ Sony ရဲ့ မူလ ပထမ Launcher ကို “Maintenance Mode” အဖြစ် သတ်မှတ်ထားပြီး Xperia Home beta အဖွဲ့ကို မကြာမီ အချိန်အတွင်းမှာ ဖျက်သိမ်းတော့မှာ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Sony ရဲ့ Launcher အသစ်မှာ Android P မှာ လိုမျိူး Gesture Controls တွေ ပါဝင်လာနိုင်ပါတယ်။ ပြိုင်ဘက် UI တွေဖြစ်တဲ့ Samsung Experience 9, MIUI 10 နဲ့ EMUI 8 တို့ထက် Sony ရဲ့ UI က ဘာတွေ အားသာချက်ရှိမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref:gadgets.ndtv

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category