330 Shares 105 Views
Jun 18, 2018
330 105
Ref : gsmarena
unicode
Xiaomi Mi A1 မှာ Android 8.1 Oreo ရတော့မည်
ရှောင်မီရဲ့ ပထမဆံးု Android One Smartphone ဖြစ်တဲ့ Mi A1 ကို ယခင်နှစ် စက်တင်ဘာလမှာ ကြေညာခဲ့ပြီး အဲဒီနောက်ပိုင်းမှာ Software Update များကို ပုံမှန်ထည့်သွင်းပေးခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလမှာ Android 8.0 Oreo ကို သူ့အတွက် ဖြန့်ချီပေးခဲ့ပါတယ်။ မကြာခင်မှာတော့ သူ့အတွက် Android 8.1 Oreo ရရှိတော့မှာပါ။
ရှောင်မီဟာ သူ့အတွက် Android 8.1 Beta ကို စမ်းသပ်နေပြီလို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် ဇွန်လအတွက် Security Patch ကိုလည်း ဖြန့်ချီပေးဖို့ ရှိနေပါတယ်။ သူဟာ Android P ကို အစောဆုံး ရရှိမယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ သူ့မှာ Android OS Update ကို လျှင်မြန်စွာ ရရှိစေတဲ့ Google Treble Support မပါတာ ဖြစ်ပါတယ်။ သူ့အတွက် Android 8.1 Oreo ကို ဖြန့်ချီပေးမယ့် နေ့ရဲ့ သတင်းကို မသိရသေးပေမယ့် သိပ်တော့မလိုတော့ပါဘူး။
တကယ်တော့ Mi A1 ဆိုတာကတော့ Mi 5X နဲ့တူတူပဲကိုမှ Pure Android ဖြစ်သွားပြီး တစ်ကမ္ဘာလုံးအတွက်ထုတ်လုပ်ထားတာပါ။ Snapdragon 625, RAM 4GB, Storage 64GB, 12MP+12MP Dual Camera များ ပါပါတယ်။ 5.5-inch, FHD LCD Screen သုံးထားပြီး ထိပ်ဖက်မှာ ရှေ့ကင်မရာ၊ Earpiece ၊ အောက်ဘက်မှာတော့ Menu, Home, Back ဆိုပြီး ၃ခုပါပါတယ်။ A1 ရဲ့ကိုယ်ထည်ကတော့ သတ္တုကိုယ်ထည်ပဲဖြစ်ပြီး နောက်ကျောဘက်မှာတော့ အရမ်းမြန်ပြီး စိတ်ချရတဲ့ Fingerprint Scanner များ ထည့်သွင်းထားပါတယ်။
Ref : gsmarena
You may be interested
Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares4 views
Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Ko Thuya - Oct 18, 2018
သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…
Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares2 views
Lenovo ရဲ့ Foldable Tablet လာမည်
Ko Thuya - Oct 18, 2018
ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…
Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views
Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Ko Thuya - Oct 18, 2018
Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…
Leave a Comment
Most from this category