162 Shares 79 Views


Jun 18, 2018
162 79





Ref : gsmarena

unicode

Bezel-less Display ဖြင့်ထွက်လာမယ့် ZTE Nubia Z18

ကာလရှည်ကြာ သတင်းထွက်နေတဲ့ ZTE Nubia Z18 ကို မကြာခင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ သူ့ကို မိတ်ဆက်မယ့် ပွဲအတွက် ဖိတ်စာများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဖိတ်စာမှာ ရေးသားထားတဲ့ တရုတ်စာသားများက Open the Future လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီအတွက် သူ့မှာ ဘေးဘောင်မဲ့ မျက်နှာပြင် ပါလာမယ်ဆိုတာ သေချာသွားပါပြီ။

ယခင်ကလည်း Essential Phone စတိုင် Notch ပါတဲ့ Z18 ရဲ့ ဓါတ်ပုံများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ တရုတ်ဆက်သွယ်ရေး ကော်မရှင်ထံမှာ မှတ်ပုံတင်ထားတဲ့ သူ့ရဲ့ သတင်းအချက်အလက်များအရ သူ့မှာ ၅.၉၉ လက်မ Full HD+ Display , Qualcomm Snapdragon 845 Chipset များ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ မန်မိုရီအပိုင်းမှာ 6GB or 8GB RAM နဲ့ 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။

အနောက်ကင်မရာ နှစ်လုံးမှာ 24MP+8MP များ ဖြစ်ပြီး Selfie Camera ကတော့ 8MP ဖြစ်ပါတယ်။ OS က Android 8.0 Oreo ဖြစ်ပါတယ်။ သူ့ရဲ့ ပုံကြမ်းများဟာ အွန်လိုင်းမှာ ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီပုံများအရ ဖုန်းရဲ့ အောက်ခြေမှာ USB Type-C Port , Microphone , Speaker များ တပ်ဆင်ထားပါတယ်။

အနောက် ကင်မရာ နှစ်လုံးကို အလျားလိုက် တပ်ဆင်ထားပြီး အနောက်ဘက်မှာပဲ လက်ဗွေရာ ကိရိယာကို ထည့်သွင်းထားပါတယ်။ ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်များ ပါပါတယ်။ မိတ်ဆက်မယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ မြင်ရတော့မှာပါ။

Ref : gsmarena

You may be interested

Facebook ရဲ့ ရုံးချုပ်မှာ ဗုံးလန့်မှု ဖြစ်ပွား
Facebook, HUBS, NEWS
0 shares0 views

Facebook ရဲ့ ရုံးချုပ်မှာ ဗုံးလန့်မှု ဖြစ်ပွား

Ko Thuya - Dec 12, 2018

ကယ်လီဖိုးနီးယားမှ Menlo Park မှ Facebook ရဲ့ ရုံးချုပ်မှ အဆောက်အဦး အနည်းငယ်မှာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက ဗုံးလန့်မှု ဖြစ်ပွားခဲ့ပါတယ်။ Menlo Park မှ အာဏာပိုင်များက ဒေသစံတော်ချိန် ၅ နာရီမှာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အဲဒီ…

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
184 shares33 views

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်တစ်ခုစီ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super…

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
154 shares36 views

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ

Ko Thuya - Dec 11, 2018

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Vivo V11 ရဲ့ အနီရောင်မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Supernova Red ကို Amazon India မှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာတော့ Vivo V11 Pro အမည်ဖြင့် ရောင်းချတာ…

Leave a Comment

Most from this category