63 Shares 78 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Jun 17, 2018
63 78

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Luftikid

ကေလးငယ္မ်ားဟာ ႏုနယ္တဲ့အတြက္ ကားေပၚပါလာရင္ သတိထားရပါတယ္။ ကားတိုက္မႈငယ္ေလးမ်ား ျဖစ္ရင္ေတာင္ ကေလးငယ္မ်ားဟာ ဒဏ္ရာႀကီးစြာ ရတတ္ပါတယ္။ အဲဒီအတြက္ ကေလးငယ္မ်ား အႏၱရာယ္ ကင္းေစမယ့္ ထိုင္ခံုမ်ား၊ အကာအကြယ္မ်ားကို ဖန္တီးေရာင္းခ်ေပးထား ၾကပါတယ္။ Luftikid က ေလမႈတ္ ထိိုင္ခံုေလး ျဖစ္ၿပီး အသက္ ၁ ႏွစ္ကေန ၇ ႏွစ္ အရြယ္ ကေလးငယ္မ်ားအတြက္ ဖန္တီးထားတာပါ။ ေပါ့ပါးၿပီး သယ္ေဆာင္ရလြယ္ကူပါတယ္။ အသံုးျပဳရတာလည္း လြယ္ကူပါတယ္။ Crash Test မ်ားကိုလည္း ျပဳလုပ္ထားတဲ့အတြက္ စိတ္ခ်ရပါတယ္။ စစ္တပ္ အဆင့္ ျဒပ္ထုမ်ားျဖင့္ ျပဳလုပ္ထားတဲ့အတြက္ မာေက်ာၿပီး ၾကာရွည္ခံပါတယ္။ သူက ကားတိုက္မႈ ျဖစ္ပြားရင္ သင့္ကေလးငယ္ကို Airbag လိုမ်ိဳး ကာကြယ္ေပးပါတယ္။ သူက ကေလးရဲ႕ အေရွ႕ဘက္ကိုေရာ အေနာက္ဘက္ကိုပါ ကာကြယ္ေပးပါတယ္။ ေရစိုခံတဲ့အတြက္ သန္႔ရွင္းေရး ျပဳလုပ္ႏုိင္ပါတယ္။

Coodo

အိမ္တစ္အိမ္ထဲမွာ ေနရတာ ညီးေငြ႕ေနရင္ေတာ့ အလြယ္တကူ တည္ေဆာက္ႏုိင္တဲ့ အိမ္ငယ္ေလး တစ္ခု ရွိပါတယ္။ ဘာလင္ အေျခစုိက္ LTG က ခရီးသြားသူမ်ား၊ သဘာ၀ အလွတရားကို ခံစားခ်င္သူမ်ားအတြက္ Coodo ကို ဖန္တီးလိုက္ပါတယ္။ သူဟာ အလြယ္တကူ တပ္ဆင္ႏုိင္တဲ့ အိမ္ငယ္ေလး ျဖစ္ပါတယ္။ အစိတ္အပို္င္းမ်ားကိုလည္း လြယ္ကူစြာ ျဖဳတ္ႏုိင္ၿပီး ခရီးသြားရင္ ယူေဆာင္သြားႏုိင္ပါတယ္။ သူ႔မွာ စမတ္ေနအိမ္ စနစ္လည္း ပါတဲ့အတြက္ မီးလံုးမ်ား၊ အပူ၊ အေအး ေပးစက္မ်ားကို စမတ္ဖုန္းကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ မွန္နံရံမ်ား တပ္ဆင္ထားတဲ့အတြက္ သဘာ၀ ပတ္၀န္းက်င္ရဲ႕ အလွကို ခံစားႏုိင္ပါတယ္။ အရြယ္အစား ေသးငယ္တဲ့အတြက္ ေနရာမ်ိဳးစံုမွာ တည္ေဆာက္ႏုိင္ပါတယ္။

PanoClip Snap-On 360-Degree iPhone Lens

PanoClip Snap-On 360-Degree iPhone Lens ဟာ အိုင္ဖုန္းေမာ္ဒယ္မ်ားစြာမွာ တပ္ဆင္ႏုိင္တဲ့ ၃၆၀ ဒီဂရီ ကင္မရာ ျဖစ္ပါတယ္။ သင့္ပတ္၀န္းက်င္မွ ရႈခင္းမ်ားကို ျမင္ကြင္းက်ယ္ အျဖစ္ ဓါတ္ပံု ရိုက္ကူးႏုိင္မွာ ျဖစ္ပါတယ္။ Lens က ဖုန္းရဲ႕ အေရွ႕နဲ႔ အေနာက္ကင္မရာ အားလံုးကို အသံုးခ်ၿပီး ျမင္ကြင္းက်ယ္ ဓါတ္ပံုမ်ားကို ဖန္တီးေပးတာ ျဖစ္ပါတယ္။ အသံုးျပဳရတာ လြယ္ကူၿပီး ခလုတ္တစ္ခ်က္ ႏွိပ္လိုက္တာနဲ႔ အိုေကပါၿပီ။ Effects, Filters, Stickers မ်ားစြာကိုလည္း အသံုးျပဳႏုိင္ပါတယ္။ ဖန္တီးထားတဲ့ ၃၆၀ ဒီဂရီ ဓါတ္ပံုမ်ားကို Facebook လို လူမႈကြန္ရက္မ်ားမွာ မွ်ေ၀ရင္ေတာ့ သင့္သူငယ္ခ်င္းမ်ား အထင္ႀကီး အားက်ေစမွာပါ။ ေဒၚလာ ၅၀ တန္ေၾကးရွိပါတယ္။

Ref : gigadgets

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

Luftikid

ကလေးငယ်များဟာ နုနယ်တဲ့အတွက် ကားပေါ်ပါလာရင် သတိထားရပါတယ်။ ကားတိုက်မှုငယ်လေးများ ဖြစ်ရင်တောင် ကလေးငယ်များဟာ ဒဏ်ရာကြီးစွာ ရတတ်ပါတယ်။ အဲဒီအတွက် ကလေးငယ်များ အန္တရာယ် ကင်းစေမယ့် ထိုင်ခုံများ၊ အကာအကွယ်များကို ဖန်တီးရောင်းချပေးထား ကြပါတယ်။ Luftikid က လေမှုတ် ထိုင်ခုံလေး ဖြစ်ပြီး အသက် ၁ နှစ်ကနေ ၇ နှစ် အရွယ် ကလေးငယ်များအတွက် ဖန်တီးထားတာပါ။ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ Crash Test များကိုလည်း ပြုလုပ်ထားတဲ့အတွက် စိတ်ချရပါတယ်။ စစ်တပ် အဆင့် ဒြပ်ထုများဖြင့် ပြုလုပ်ထားတဲ့အတွက် မာကျောပြီး ကြာရှည်ခံပါတယ်။ သူက ကားတိုက်မှု ဖြစ်ပွားရင် သင့်ကလေးငယ်ကို Airbag လိုမျိုး ကာကွယ်ပေးပါတယ်။ သူက ကလေးရဲ့ အရှေ့ဘက်ကိုရော အနောက်ဘက်ကိုပါ ကာကွယ်ပေးပါတယ်။ ရေစိုခံတဲ့အတွက် သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။

Coodo

အိမ်တစ်အိမ်ထဲမှာ နေရတာ ညီးငွေ့နေရင်တော့ အလွယ်တကူ တည်ဆောက်နိုင်တဲ့ အိမ်ငယ်လေး တစ်ခု ရှိပါတယ်။ ဘာလင် အခြေစိုက် LTG က ခရီးသွားသူများ၊ သဘာ၀ အလှတရားကို ခံစားချင်သူများအတွက် Coodo ကို ဖန်တီးလိုက်ပါတယ်။ သူဟာ အလွယ်တကူ တပ်ဆင်နိုင်တဲ့ အိမ်ငယ်လေး ဖြစ်ပါတယ်။ အစိတ်အပိုင်းများကိုလည်း လွယ်ကူစွာ ဖြုတ်နိုင်ပြီး ခရီးသွားရင် ယူဆောင်သွားနိုင်ပါတယ်။ သူ့မှာ စမတ်နေအိမ် စနစ်လည်း ပါတဲ့အတွက် မီးလုံးများ၊ အပူ၊ အအေး ပေးစက်များကို စမတ်ဖုန်းကနေ ထိန်းချုပ်နိုင်ပါတယ်။ မှန်နံရံများ တပ်ဆင်ထားတဲ့အတွက် သဘာ၀ ပတ်ဝန်းကျင်ရဲ့ အလှကို ခံစားနိုင်ပါတယ်။ အရွယ်အစား သေးငယ်တဲ့အတွက် နေရာမျိုးစုံမှာ တည်ဆောက်နိုင်ပါတယ်။

PanoClip Snap-On 360-Degree iPhone Lens

PanoClip Snap-On 360-Degree iPhone Lens ဟာ အိုင်ဖုန်းမော်ဒယ်များစွာမှာ တပ်ဆင်နိုင်တဲ့ ၃၆၀ ဒီဂရီ ကင်မရာ ဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှ ရှုခင်းများကို မြင်ကွင်းကျယ် အဖြစ် ဓါတ်ပုံ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Lens က ဖုန်းရဲ့ အရှေ့နဲ့ အနောက်ကင်မရာ အားလုံးကို အသုံးချပြီး မြင်ကွင်းကျယ် ဓါတ်ပုံများကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူပြီး ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ အိုကေပါပြီ။ Effects, Filters, Stickers များစွာကိုလည်း အသုံးပြုနိုင်ပါတယ်။ ဖန်တီးထားတဲ့ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို Facebook လို လူမှုကွန်ရက်များမှာ မျှဝေရင်တော့ သင့်သူငယ်ချင်းများ အထင်ကြီး အားကျစေမှာပါ။ ဒေါ်လာ ၅၀ တန်ကြေးရှိပါတယ်။

Ref : gigadgets

You may be interested

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ္ဖုန္း ထြက္ရွိ

Nigma - Mar 21, 2019

Galaxy A Series ဖုန္းအသစ္ Galaxy A30 နဲ႔ Galaxy A50 တို႔ ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာခ်ိန္မွာ ေနာက္ထပ္ Galaxy A Series ဖုန္းအသစ္တမ်ိဳးကို နယ္သာလန္ႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ Galaxy A30 နဲ႔…

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ
NEWS, Softwares & Application
59 shares208 views

Messenger မွာ မက္ေဆ့တခုကို ေ႐ြးခ်ယ္ Reply ျပန္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာ

Nigma - Mar 21, 2019

Messenger မွာ အဓိက လိုအပ္ေနတဲ့ လုပ္ေဆာင္ခ်က္အသစ္တခု ပါဝင္လာပါတယ္။ Quoted replies ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါ။ မက္ေဆ့တခုကို ေ႐ြးခ်ယ္ၿပီး Reply ျပန္ေျပာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ Group Chat ေျပာတဲ့အခါ တေယာက္တေပါက္နဲ႔ ျပန္ေျပာရတာ အခက္ေတြ႕ၾကမွာပါ။…

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ္လကုန္မွာ Redmi Note 7 အလံုးေရ ၄ သန္း ေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ Redmi Note 7 ကို ေၾကညာခဲ့ပါတယ္။ ေရွာင္မီရဲ႕ ဥကၠဌ ျဖစ္သူက ပထမဆံုး ေရာင္းတဲ့ လမွာ အလံုးေရ ၁ သန္းေရာင္းခ်ႏုိင္ဖို႔ ႀကိဳးစားမယ္လို႔ အဲဒီအခ်ိန္က ေျပာခဲ့ပါတယ္။ တကယ္လည္း…

Leave a Comment

Most from this category