93 Shares 53 Views


Jun 17, 2018
93 53





Ref : tnw

unicode

ကလေးများအတွက် Fitbit Ace Fitness Tracker

စမတ်လက်ပတ်များ၊ ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာတဲ့ လက်ပတ်များကို ထုတ်လုပ်ရောင်းချနေတဲ့ Fitbit က မတ်လမှာ Fitness Tracker အသစ်များကို ပြသခဲ့ပါတယ်။ အဲဒီအထဲမှာ ကလေးများအတွက် Fitness Tracker တစ်ခုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူ့ရဲ့ အမည်မှာ Fitbit Ace ဖြစ်ပြီး အခုတော့ သူ့ကို ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။

ကလေးများမှာ အဲဒီ လက်ပတ်ကို ဝတ်ဆင်ပေးထားရင် မိဘများက ကလေးရဲ့ ကိုယ်လက်လှုပ်ရှားမှုကို စောင့်ကြည့်လေ့လာနိုင်ပါတယ်။ သူ့ကို ဒေါ်လာ ၁၀၀ သတ်မှတ်ပေးထားပါတယ်။ Fitbit Ace ဟာ အသက် ၈ နှစ်နဲ့ အထက် ကလေးများအတွက် ဖန်တီးထုတ်လုပ်ထားတဲ့ Fitness Tracker ဖြစ်ပါတယ်။ သူဟာ ရေစိုခံပြီး တစ်ခါအား အပြည့်သွင်းထားရင် ၅ ရက် အသုံးခံပါတယ်။ အပြာနဲ့ ခရမ်းရောင်များ ထုတ်လုပ်ပေးထားပါတယ်။

လက်ပတ်က ကလေးအား တစ်ရက်လျှင် ၆၀ မိနစ်ကြာ လေ့ကျင့်ခန်းလုပ်ဖို့ တွန်းအားပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ရက်လျှင် ၉ နာရီကနေ ၁၂ နာရီအကြား အိပ်စက်ဖို့လည်း သူက လှုံ့ဆော်ပေးပါတယ်။ လက်ပတ်ဟာ ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ကိုယ်လက်လှုပ်ရှားဖို့ စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးပါတယ်။ မိဘများက Smartphone App ကနေ ကလေး ဘာတွေလုပ်နေသလဲဆိုတာကို လေ့လာစောင့်ကြည့်နိုင်ပါတယ်။

ဒါပေမယ့် လူကြီးများရဲ့ Fitness Tracker များမှာလိုတော့ ကယ်လိုရီ စားသုံးမှု ပမာဏ၊ ကိုယ်အလေးချိန်၊ အဆီပမာဏများကို သူ့မှာ မတိုင်းတာပေးနိုင်ပါဘူး။ ကလေးများအတွက်လည်း အဲဒီ သတင်းအချက်အလက်များဟာ မလိုအပ်လို့ မထည့်ပေးထားတာ ဖြစ်ပါတယ်။

Ref : tnw

You may be interested

Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Apple, HUBS, NEWS
0 shares0 views

Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်

Ko Thuya - Aug 19, 2018

ထိုင်ဝမ်က ထွက်လာတဲ့ သတင်းများအရ Apple ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလများအတွင်းမှာ MacBook Air အသစ်ကို ကြေညာမယ်လို့ သိရပါတယ်။ ထိုင်ဝမ် သုတေသန အဖွဲ့အစည်း TrendForce က ဒီသတင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီ အချိန်ဇယားဟာ iPhone…

ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ်ထွက်ရှိလာတဲ့ စကိတ်စီးတဲ့ ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
94 shares14 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Aug 19, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ TechDen™ – Screen Time…

Leave a Comment

Most from this category