319 Shares 171 Views


Jun 17, 2018
319 171




Ref : tnw

unicode

Google Translate App မှာ ဘာသာစကား ၅၉ ခုကို Offline သုံးနိုင်ပြီ

Google Translate App ရဲ့ ဘာသာပြန်စွမ်းရည်ဟာ အင်တာနက်ကို မှီခိုပြီး အသုံးပြုရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာစကားများကို ဒေါင်းလုပ်ပြုလုပ်ပြီး Offline အသုံးပြုနိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးထားပါတယ်။ အခုဆိုရင် ဘာသာစကားပေါင်း ၅၉ ခုကို Offline အသုံးပြုနိုင်ပြီလို့ ဂူဂယ်လ်က ကြေညာလိုက်ပါတယ်။ ဖုန်းအဟောင်းများမှာတောင် အဲဒီ ဘာသာစကားအားလုံးကို ထောက်ပံ့ပါတယ်။

အဲဒီ ဘာသာစကားများကတော့ Afrikaans, Albanian, Arabic, Belarusian, Bengali, Bulgarian, Catalan, Chinese, Croatian, Czech, Danish, Dutch, English, Esperanto, Estonian, Filipino, Finnish, French, Galician, Georgian, German, Greek, Gujarati, Haitian, Creole, Hebrew, Hindi, Hungarian, Icelandic, Indonesian, Irish, Italian, Japanese, Jannada, Korean, Latvian, Lithuanian, Macedonian, Malay, Maltese, Marathi, Norwegian, Persian, Polish, Portuguese, Romanian, Russian, Slovak, Slovenian, Spanish, Swahili, Swedish, Tamil, Telugu, Thai, Turkish, Ukrainian, Urdu, Vietnamese, Welsh တို့ ဖြစ်ကြပါတယ်။

Android နဲ့ iOS နှစ်မျိုးစလုံးအတွက် ဒီဘာသာစကားအားလုံးကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ Translate App အသစ်ကို သက်ဆိုင်ရာ Play Store များမှာ ရယူနိုင်ပါပြီ။ ဂူဂယ်လ်က Offline ဘာသာပြန်စွမ်းရည်များကို တစ်ဖြည်းဖြည်းချင်း ထည့်သွင်းပေးနေတဲ့ App ကို Update လုပ်ပြီးလို့ အဲဒီ ဘာသာစကားအားလုံးကို မရသေးသူများဟာ အချိန်ခဏ စောင့်ဆိုင်းရဦးမှာပါ။

Ref : tnw

You may be interested

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်

Ko Thuya - Nov 14, 2018

လာမယ့်နှစ်မှာ ကြေညာမယ့် Samsung Galaxy S10 ရဲ့ သတင်းအချက်အလက်များ အခု ကတည်းက ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Evan Blass က သူ့မှာ မျက်နှာပြင်အောက် Selfie ကင်မရာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Infinity-O Notch ပါလာနိုင်တာကြောင့်…

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Automobiles, NEWS, Tech Update
34 shares5 views

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်

Ko Thuya - Nov 14, 2018

Waymo က ဒီဇင်ဘာလ အစောပိုင်းမှာ မောင်းသူမဲ့ တက္ကစီ ၀န်ဆောင်မှုကို စတင်တော့မယ်လို့ အမည်မဖော်ပြထားတဲ့ အရင်းအမြစ်တစ်ခုက Bloomberg ကို ပြောပါတယ်။ Phoenix Arizona မှာ ၀န်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ထင်ရပါတယ်။ အဲဒီ ဒေသမှာ ကုမ္ပဏီက မောင်းသူမဲ့…

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
NEWS
448 shares49 views

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day

Ko Thuya - Nov 14, 2018

Alibaba က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁၀ ကြိမ်မြောက် Singles Day ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့ပြီး ဒေါ်လာ ၃၀.၈ ဘီလီယံဖိုးဖြင့် ရောင်းအား စံချိန်တင်သွားခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ အဲဒီ ပမာဏကို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၁ မိနစ်နဲ့…

Leave a Comment

Most from this category