



Ref : gsmarena

unicode

Xiaomi Mi A2 ရဲ့ Hands-On Video ထွက်ပေါ်

Xiaomi Mi 6X ကို တရုတ်မှာ ဧပြီလက ကြေညာခဲ့ပြီး Stock Android ထည့်သွင်းထားတဲ့ နိုင်ငံတကာ ဗားရှင်း Mi A2 တော့ ထွက်ရှိလာခြင်း မရှိသေးပါဘူး။ Mi A2 ကို တရားဝင် ကြေညာခြင်း မရှိသေးပေမယ့် အခုတော့ သူ့ရဲ့ Hands-On Video တစ်ခု အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဗီဒီယိုဟာ ၁၁ မိနစ်ကြာမြင့်ပြီး သူ့ရဲ့ အသေးစိတ် သတင်းအချက်အလက်များကို မြင်ရပါတယ်။

သူ့မှာ Qualcomm Snapdragon 660 Chipset ထည့်သွင်းထားနိုင်ပါတယ်။ Stock Android Version မှာလည်း သူဟာ လျှင်မြန်သွက်လက်စွာ အလုပ်လုပ်ပေးနိုင်ပါတယ်။ PimpiTronic က အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားတဲ့ သူ့ရဲ့ ဓါတ်ပုံများကို ပြသခဲ့ဖူးပါတယ်။ သူတို့က Selfie Camera နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကိုတောင် ပြသဖူးပါတယ်။ ဓါတ်ပုံများကို ကြည့်ပြီးတော့ Selfie Camera ရဲ့ Resolution ကို တွက်ဆဖို့တော့ ခက်ပါသေးတယ်။

Xiaomi Mi A2 ရဲ့ အနောက်ကင်မရာများဟာ Xiaomi Mi 6X နဲ့ တူညီမှာ ဖြစ်ပါတယ်။ ဒါဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းအတွက်တော့ အလွန်ကောင်းတဲ့ ကင်မရာများ ဖြစ်ပါတယ်။ Hands-On Video ထွက်ပေါ်လာပြီဆိုတော့ မကြာခင်မှာ တစ်ကမ္ဘာလုံးမှာ ရောင်းချမယ်လို့ ထင်ရပါတယ်။ အခုတော့ အဲဒီ ဗီဒီယိုကို အွန်လိုင်းကနေ ဖျက်ချလိုက်ပြီ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: