186 Shares 163 Views


Jun 16, 2018
186 163




Download

Ref : play store

unicode

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Real Racing 3

ပြိုင်ကား မောင်းတာကို ဝါသနာပါသူများအတွက် Real Racing 3 က အလန်းစား ဂိမ်း တစ်ခုပါ။ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ကစားနေတဲ့ အခမဲ့ ပြိုင်ကား ဂိမ်း ဖြစ်ပါတယ်။ နာမည်ကျော် ဂိမ်း ထုတ်လုပ်သူ Electronic Arts က ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒေါင်းလုပ်ပြုလုပ်တဲ့ အရေအတွက်ပေါင်း သန်း ၂၀၀ ကျော်ရှိနေပါပြီ။ ဆုများစွာ ရရှိထားတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။

ဂိမ်းထဲမှာ တကယ့်ပြင်ပ တည်နေရာ ၁၇ ခုမှ ကားမောင်းပြိုင်ကွင်း ၃၉ ခုထည့်သွင်းထားပြီး အဲဒီ ကွင်းများမှာ ယှဉ်ပြိုင်မောင်းနှင်ရမှာ ဖြစ်ပါတယ်။ Silverstone, Hockenheimring, Le Mans, Dubai Autodrome တို့လို ကမ္ဘာ့ ထိပ်တန်း ကားမောင်းပြိုင်ကွင်းများတောင် ပါဝင်ပါတယ်။ Ford, Ferrari, Lamborghini, Aston Martin နဲ့ Mercedes-Benz တို့လို ထိပ်တန်း ကားထုတ်လုပ်သူများရဲ့ ကားပေါင်း ၁၄၀ ကျော်ကို မောင်းနှင်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာအဝန်းမှ ဂိမ်မာများနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ပြိုင်ပွဲများလည်း ပါပါတယ်။ ညဘက်မှာ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲများလည်း ထည့်သွင်းထားပါတယ်။

သူ့ရဲ့ ရုပ်ထွက်များက အလွန်ကောင်းတဲ့အတွက် စွမ်းရည်နိမ့် စမတ်ဖုန်းများမှာတော့ သူ့ကို ကစားရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သင့်ဖုန်းမှာ အနည်းဆုံး နေရာလွတ် 1.5GB လောက် ရှိဖို့ လိုအပ်ပါတယ်။ Android 4.0.3 နဲ့ သူ့အထက်မှာ ကစားနိုင်ပြီး ဖိုင်အရွယ်အစားမှာ 70MB ရှိပါတယ်။

Download

Ref : play store

You may be interested

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
0 shares0 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
0 shares0 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို…

Leave a Comment

Most from this category