441 Shares 279 Views


Jun 16, 2018
441 279





Ref : techradar

unicode

ပေါက်ကြားထွက်ပေါ်လာတဲ့ Xiaomi Mi Max 3 ရဲ့ Specs နဲ့ ဓါတ်ပုံများ

မကြာခင်မှာ မိတ်ဆက်တော့မယ်လို့ ယူဆရတဲ့ Xiaomi Mi Max 3 ရဲ့ Specifications များနဲ့ သူ့ရဲ့ မျက်နှာပြင် ဓါတ်ပုံများ တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူဟာ စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ၆.၉၉ လက်မ Full HD+ IPS LCD Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အချိုးဟာ 18:9 ဖြစ်တယ်လို့ ဓါတ်ပုံအရ သိရပါတယ်။ Mi Max 2 ရဲ့ ၆.၄၄ လက်မ မျက်နှာပြင်ထက် ပိုမိုကြီးမားလာပါတယ်။

Mi Max 3 မှာ မကြာခင်ကမှ ကြေညာခဲ့တဲ့ Qualcomm Snapdragon 710 SoC ထည့်သွင်းထားနိုင်ပါတယ်။ 4GB RAM or 6GB RAM များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ကင်မရာ အပိုင်းမှာ အနောက်ဘက်တွင် 20MP Main Camera ကို 5MP Secondary Camera နဲ့ တွဲဖက်ထားနိုင်ပါတယ်။ အရှေ့ဘက်မှာ 20MP Selfie Camera ပါပါတယ်။

ဘက်ထရီ အပိုင်းမှာလည်း သူဟာ ယခင်မျိုးဆက်ထက် တိုးတက်လာပြီး 5500mAh Battery ဖြင့် အဆင့်မြှင့်ထားပါတယ်။ လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ ရှောင်မီ စီအီးအို လီဂျွန်က သူ့ကို ဇူလိုင်လမှာ မိတ်ဆက်မယ်လို့ ယခင်က ပြောခဲ့ဖူးပါတယ်။ အဲဒီအတွက် လာမယ့်လမှာ သူ့ကို မြင်ရနိုင်ပါတယ်။

ရှောင်မီက မကြာခင်က Mi 8 Model ၃ ခုကို ကြေညာခဲ့ပါတယ်။ သူတို့ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တန်ဖိုးနည်း Redmi 6 နဲ့ Redmi 6A တို့ကို မိတ်ဆက်ခဲ့ပါသေးတယ်။

Ref : techradar

You may be interested

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
117 shares19 views

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်တစ်ခုစီ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super…

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
135 shares34 views

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ

Ko Thuya - Dec 11, 2018

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Vivo V11 ရဲ့ အနီရောင်မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Supernova Red ကို Amazon India မှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာတော့ Vivo V11 Pro အမည်ဖြင့် ရောင်းချတာ…

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်
Google, NEWS
250 shares70 views

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်

Nigma - Dec 11, 2018

(Zawgyi) ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Google+ ဟာ Security Bug တခုကြောင့် အသုံးပြုသူ သန်းတဝက်ရဲ့ ဒေတာတွေ ပေါက်ကြားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ပြီးနောက် Google+ Consumer Version ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း…

Leave a Comment

Most from this category