267 Shares 106 Views


Jun 16, 2018
267 106




Ref : gsmarena

unicode

Snapdragon 821 နဲ့ 8GB RAM များပါတဲ့ Asus ZenFone Ares ကို ကြေညာ

Asus က AR , VR ကို အဓိက သုံးနိုင်အောင် ဖန်တီးထားတဲ့ ZenFone AR ကို ထိုင်ဝမ်မှာ ကြေညာလိုက်ပါတယ်။ Specs များဟာ ယခင်နှစ်ထုတ် ZenFone AR နဲ့ များစွာ တူညီပါတယ်။ သူ့မှာ ၅.၇ လက်မ Super AMOLED Display ပါပြီး အရည်အသွေးမှာ QHD Resolution (1440 x 2560 pixels) ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးကတော့ ခေတ်စားနေတဲ့ Trend မဟုတ်ဘဲ 16:9 ကိုသာ သုံးထားပါတယ်။ နေအိမ်ပြင်ပမှာ ကောင်းစွာ မြင်ရပြီး ဆီများ ပေကျံခြင်းကို ကာကွယ်ပေးတဲ့ အထူး မျက်နှာပြင် နည်းပညာလည်း ပါပါတယ်။

Snapdragon 821 , 8GB RAM , 128GB Storage များ ပါပါတယ်။ ဟာ့ဒ်ဝဲများဟာ Google ARCore နည်းပညာပါပါတယ်။ အနောက်ဘက်မှာ High-Res PixelMaster 3.0 Lens ပါတဲ့ 23MP Camera တစ်လုံး ထည့်သွင်းထားပါတယ်။ ကင်မရာဟာ AR သုံးဖက်မြင် Effects များအတွက် လှုပ်ရှားမှုကို အာရုံခံခြင်းနဲ့ Depth Sensing များကို ပံ့ပိုးပေးပါတယ်။ အရှေ့ဘက်မှာ 8MP Camera တစ်လုံး ထည့်ထားပါတယ်။

သူ့မှာ Android Nougat ထည့်သွင်းထားပြီး Quick Charge 3.0 ပါတဲ့ 3300mAh Battery ပါပါတယ်။ မာလ်တီမီဒီယာများအတွက် SonicMaster 3.0 Hi-Res Audio 384 kHz Audio Decoder ထည့်သွင်းထားပြီး 7.1 Surround ပါတဲ့ DTS Headphone ကို ထောက်ပံ့ပါတယ်။ လက်ရှိမှာ ထိုင်ဝမ်မှာသာ ၃၃၃ ဒေါ်လာ ဝန်းကျင်ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares63 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

Leave a Comment

Most from this category