0 Shares 423 Views

ကြီးမားပြီးကူးလို့မရဖြစ်နေတဲ့ ဖိုင်တွေကို ဘယ်လိုကူးကြမလဲ

Apr 06, 2016
0 423

သင့်အနေနဲ့ အလွန်ကြီးမားတဲ့ ဖိုင်တွေကို USB ထဲထည့်သွင်းမယ်ဆို အခက်အခဲ ဖြစ်နေတတ်ပါတယ်။ တကယ်လည်း 4GB ကျော်တဲ့ ဖိုင်တွေကို USB ထဲထည့်သွင်းမယ်ဆိုရင် USB ကလက်မခံပါဘူး။ ဒါတွေကို ဘယ်လိုကူးထည့်မလဲ။ လွယ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒီအခက်အခဲ ကြုံတွေ့ဖြေရှင်းနိုင်ခဲ့လို့ သင့်အနေနဲ့ ဒီလိုအခက်အခဲမျိုးကို ဘယ်လိုကျော်လွှားနိုင်တယ်ဆိုတာကို တင်ပြပေးလိုက်ပါတယ်။

အမှန်တော့ ဒီဖြစ်ရပ်ဟာ 4GB နဲ့ အထက်ဖိုင်တွေမှာသာဖြစ်တတ်တာပါ။ 4GB နဲ့ ဖိုင်တစ်ဖိုင်ကို ကော်ပီဆွဲပြီး ကူးထည့်ကြည့်လိုက်ရင် အောက်မှာပြထားသလို စာတန်းလေးပေါ်လာတတ်ပါတယ်။

ht copy big file6

တချို့ USB တွေကတော့ 4GB ကျော် 5GB လောက်ထိလက်ခံပြီး ကျွန်တော့် USB ကတော့ 6GB ကစလို့လက်မခံတာဖြစ်ပါတယ်။ အမျိုးအစားပေါ်လိုက်ပြီးကွဲပြားနိုင်ပါတယ်။ 4GB မကျော်ရင်တော့ Copy/Cut လုပ်ပြီးကူးလိုက်ရုံပါပဲ။ ဖိုင်ဆိုက်အကြီးတွေကိုကူးဖို့အတွက် ဖြေရှင်းပုံကတော့ ရိုးရှင်းလွယ်ကူပါတယ်။ သင့်အနေနဲ့ FAT32 ဖိုင်စနစ်ကို NTFS ဖိုင်စနစ်အဖြစ်ပြောင်းရုံပဲဖြစ်ပါတယ်။

တစ်ခုသတိပြုရမှာက Windows 95 တို့ 98 တို့အပါအဝင် Window Millennium တွေမှာ NTFS ဖိုင်စနစ်က ထောက်ပံ့ထားခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီ Window တွေကလည်း သုံးတဲ့သူ တော်တော်ရှားသွားပါပြီ။ နောက်ဆုံးထွက်ရှိထားတဲ့ Windows 10, Windows 8, Windows 7 အပါအဝင် တခြား Windows 2000, Windows XP, Windows Vista တို့မှာတော့ NTFS စနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ကဲကျွန်တော်တို့ ဘယ်လိုကူးထည့်ကြမယ်ဆိုတာကို လုပ်ကြည့်ကြရအောင်။

အရင်ဆုံး အပေါ်မှာပြထားသလို ကူးလို့မရဘူးဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အတိုင်းလုပ်ကြည့်ပါ။ အရင်ဆုံး သင့်အနေနဲ့ ကွန်ပျူတာFolder ထဲကိုဝင်ရမှာပါ။ အထဲမှာ သင့်စက်ထဲမှာ အလုပ်လုပ်နေတဲ့ အရာတွေကို ဖော်ပြပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီအထဲက သင့်USB စိုက်ထားတဲ့ Disc F: Folder မှာ Right Click ထောက်လိုက်ပါ။ အဲ့အခါကျရင် Menu ဘားထဲက Formet ကိုရွေးချယ်ရမှာပါ။

ht copy big file3
Formet ကိုနှိပ်လိုက်ရင်ဒီ Box ကလေး ကျလာမှာဖြစ်ပါတယ်။

ht copy big file4

အဲ့ဒီမှာ ပထမဆုံးကတော့ Capacity ဖြစ်ပြီး သင့် USB ရဲ့ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏပဲဖြစ်ပါတယ်။ ဒုတိယဘားကတော့ File System ဖြစ်ပြီး သင့်အနေနဲ့ အရင်ဆုံး FAT32 ဆိုပြီးမြင်ရမှာပါ။ အဲ့ဒါလေးကို နှိပ်လိုက်ရင် ရွေးချယ်ဖို့အမျိုးအစားတွေကျလာမှာဖြစ်ပြီး NTFS ကိုရွေးလိုက်ပါ။

Start ကိုနှိပ်လိုက်တာနဲ့ သင်ဟာ Warning Box တစ်ခုကိုတွေ့ရမှာပါ။ ဘာလဲဆိုတော့ Format ချိန်းမှာမို့လို့ သင့် Memory Stick ထဲမှာရှိနေတဲ့ ဒေတာတွေအားလုံး ဖျက်ပစ်မယ်လို့ ပြောတာပါ။ Data တွေပြန်လည်ရယူမယ်ဆိုရင်တော့ အရင်ဆုံး BackUp အနေနဲ့ စက်တစ်နေရာမှာသိမ်းထားသင့်ပါတယ်။ အိုကေတယ်ဆိုရင်တော့ OK ကိုပဲနှိပ်လိုက်ပါ။

ht copy big file5

သင့်အနေနဲ့ အလုပ်လုပ်နေတာကိုတွေ့ရမှာဖြစ်ပြီး အချိန်တစ်မိနစ်လောက်ကြာမြင့်ပါလိမ့်မယ်။ Process တွေပြီးသွားရင်တော့ Finish ဆိုတာပြရင်ကလစ်လုပ်ပြီး Format ကို Close နှိပ်ပြီး ပြန်ပိတ်လိုက်ပါ။ ကဲ ဒါဆိုရင်တော့ ရပါပြီ။ သင်ကူးလိုတဲ့ File ကို အကြီးအသေးမရွေးကူးထည့်နိုင်ပါပြီ။ သင့်အနေနဲ့ လုပ်ကြည့်ပြီး တကယ်လွယ်ကူတယ်ဆိုတာကိုတွေ့ရမှာပါ။

Ref: Winability Software

You may be interested

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်
NEWS, Tech Update
446 shares125 views

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်

Ko Thuya - Jul 23, 2017

ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်မှ သုတေသနပညာရှင်များက အာကာသရှိ ဂြိုလ်များမှ သက်ရှိများကို ရှာဖွေနိုင်တဲ့ မှန်ဘီလူး နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ မှန်ဘီလူးကို Digital Holographic Microscope လို့ အမည်ပေးထားပါတယ်။ နာဆာက ၁၉၇၆ ခုနှစ်မှာ Viking Space…

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု
NEWS, Science, Softwares & Application
123 shares44 views

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု

Ko Thuya - Jul 23, 2017

MIT မှ သိပ္ပံပညာရှင်များက လူရဲ့ စိတ်ခံစားမှုများကို သိဖို့ ၀ိုင်ဖိုင်နဲ့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေပါတယ်။ လူများထံ RF Signals များကို စေလွှတ်ခြင်းဖြင့် ပညာရှင်များက နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ Algorithm ကို ဖန်တီးခဲ့ကြပါတယ်။ RF Emitter…

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ
Mobiles & Tablets, NEWS
360 shares141 views

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Ko Thuya - Jul 23, 2017

စွမ်းဆောင်ရည်မြင့် Nokia 8 ရဲ့ သတင်းအချက်အလက်များဟာ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ အခုလည်း ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ ဓါတ်ပုံမှာ ဖွင့်ထားတဲ့ စကရင်၊ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့…

Leave a Comment

Most from this category