228 Shares 123 Views

ကမာၻ႕ ထိပ္တန္း Computer Science University မ်ား

Jun 15, 2018
228 123

ကမာၻ႕ ထိပ္တန္း တကၠသိုလ္တစ္ခုမွ ကြန္ျပဴတာ သိပၸံ ဘြဲ႕ရရင္ Apple, Google နဲ႔ Facebook တို႔လို ကုမၸဏီမ်ားမွာ အလုပ္ရႏုိင္ပါတယ္။ ဒါေပမယ့္ ကမာၻ႕ ထိပ္တန္း ကြန္ျပဴတာသိပၸံေက်ာင္းမ်ားစြာ ရွိတဲ့အတြက္ ေရြးခ်ယ္ရတာ ခက္ခဲပါတယ္။ QS World University Ranking က အဲဒီ ေက်ာင္းမ်ားရဲ႕ အဆင့္သတ္မွတ္ခ်က္မ်ားကို ျပဳစုထားပါတယ္။ သူက တကၠသိုလ္မ်ားရဲ႕ ပညာေရး အဆင့္အတန္း၊ သုေတသန အားေကာင္းမႈ၊ အလုပ္ရွင္မ်ားရဲ႕ ေက်နပ္ႏွစ္သက္မႈတို႔ အေပၚ အေျခခံ၍ အမွတ္ ၁၀၀ စနစ္ျဖင့္ အဆင့္သတ္မွတ္ခ်က္မ်ားကို ျပဳစုထားပါတယ္။

၁။ Massachusetts Institute of Technology (MIT)

ကမာၻ႕ အစဥ္အလာအရွိဆံုုး တကၠသိုလ္ တစ္ခုရဲ႕ ကြန္ျပဴတာ သိပၸံနဲ႔ သတင္းအခ်က္အလက္ သင္ရိုးမ်ားက အေကာင္းဆံုးျဖစ္ေနတာ အံ့ၾသစရာ မရွိပါဘူး။ QS အဆင့္မွာ သူဟာ ၉၃.၈ မွတ္ရထားပါတယ္။ Guardian ရဲ႕ အဆိုအရ MIT ေက်ာင္းဆင္းမ်ားဟာ ကုမၸဏီေပါင္း ၂၅ ၈၀၀ ကို တည္ေထာင္ထားၾကၿပီး ဆီလီကြန္ ေတာင္ၾကားရဲ႕ နည္းပညာရွင္ ၄ ပံုပံု ၁ ပံုခန္႔ရွိတဲ့ လူေပါင္း ၃ သန္းေက်ာ္ကို အလုပ္ခန္႔အပ္ထားၾကပါတယ္။

၂။ Stanford University

ကယ္လီဖိုးနီးယား အေျခစိုက္ စတန္းဖို႔ဒ္ တကၠသိုလ္ဟာ Google , HP, Instagram , Snapchat အပါအ၀င္ ကမာၻ႕ ထိပ္တန္း နည္းပညာ ကုမၸဏီမ်ားကို တည္ေထာင္ထားၾကသူမ်ားကို ေမြးထုတ္ေပးတဲ့ အစဥ္အလာရွိပါတယ္။ သူဟာ ၉၃.၂ မွတ္ ရရွိထားပါတယ္။

၃။ University of Oxford

၁၀၉၆ ခုႏွစ္မွာ တည္ေထာင္ခဲ့တဲ့ ေရွးက်တဲ့ ေအာက္စဖို႔ဒ္ တကၠသိုလ္ဟာ နည္းပညာမွာ ေရွ႕တန္းက ဦးေဆာင္ေနၿပီး DeepMind လို Startups မ်ားကို တည္ေထာင္သူမ်ားကို ေမြးထုတ္ေပးထားပါတယ္။ သူဟာ ၉၂.၅ မွတ္ ရရွိထားပါတယ္။

၄။ Harvard University

ကမာၻ႕ အေကာင္းဆံုး တကၠသိုလ္ရဲ႕ ကြန္ျပဴတာ သိပၸံနဲ႔ သတင္းအခ်က္အလက္ နည္းပညာ ေက်ာင္းကေတာ့ အဆင့္ ၄ ေနရာသာ ရရွိထားပါတယ္။ Facebook တည္ေထာင္သူ Mark Zuckerberg တက္ခဲ့တဲ့ ေက်ာင္း ျဖစ္ၿပီး ၉၂.၄ မွတ္ ရထားပါတယ္။

၅။ Carnegie Mellon University

Carnegie Mellon University ဟာ ဟားဗတ္နဲ႔ စတန္းဖို႔ဒ္ေလာက္ နာမည္ မႀကီးေပမယ့္ သူ႔ရဲ႕ ကြန္ျပဴတာ သိပၸံနဲ႔ သတင္းအခ်က္အလက္ ေက်ာင္းကေတာ့ ထိပ္တန္း အဆင့္မွာ ရွိၿပီး ၉၁.၄ မွတ္ ရထားပါတယ္။

၆။ University of Cambridge

Cambridge တကၠသိုလ္ေၾကာင့္ Cambridge ၿမိဳ႕ဟာ ၿဗိတိန္ရဲ႕ အႀကီးမားဆံုး နည္းပညာ ကုမၸဏီမ်ား စုေ၀းရာ ျဖစ္ပါတယ္။ ကမာၻ႕ ထိပ္တန္း တကၠသိုလ္ စာရင္း၀င္လည္း ျဖစ္ၿပီး ကြန္ျပဴတာ သိပၸံနဲ႔ သတင္းအခ်က္အလက္ ေက်ာင္းဟာ ၈၉.၈ မွတ္ရထားပါတယ္။

၇။ University of California , Berkeley(UCB)

Berkeley တကၠသိုလ္ရဲ႕ ရႈခင္းဟာ ကမာၻ႕ထိပ္တန္း တကၠသိုလ္မ်ားထဲမွာ အလွပဆံုး ျဖစ္ပါတယ္။ တကၠသိုလ္ရဲ႕ ကြန္ျပဴတာ သိပၸံနဲ႔ သတင္းအခ်က္အလက္ ေက်ာင္းဟာ ၈၉.၄ မွတ္ ရရွိထားပါတယ္။

၈။ ETH Zurich – Swiss Federal Institute of Technology

အေမရိကန္နဲ႔ ၿဗိတိန္ ျပင္ပမွ အမွတ္ အေကာင္းဆံုး တကၠသို္လ္ ျဖစ္ပါတယ္။ ETH မွ ပါေမာကၡနဲ႔ ေက်ာင္းသားမ်ားဟာ ႏိုဘယ္ဆုေပါင္း ၂၁ ဆုကို ရရွိထားပါတယ္။ သူ႔ရဲ႕ ကြန္ျပဴတာ သိပၸံနဲ႔ သတင္းအခ်က္အလက္ ေက်ာင္းဟာ ၈၆.၃ မွတ္ ရရွိထားပါတယ္။

၉။ National University of Singapore (NUS)

NUS ဟာ စင္ကာပူမွာ ေရွးအက်ဆံုး ေက်ာင္း ျဖစ္ပါတယ္။ ေက်ာင္းမွာ ေက်ာင္းသား ၃၅ ၀၀၀ ၀န္းက်င္ တက္ေရာက္ေနၾကပါတယ္။ သူ႔ရဲ႕ ကြန္ျပဴတာ သိပၸံနဲ႔ သတင္းအခ်က္အလက္ ေက်ာင္းဟာ ၈၅.၉ မွတ္ ရရွိထားပါတယ္။

၁၀။ Princeton University

နယူးဂ်ာစီမွာ တည္ရွိတဲ့ ပရင့္စတန္ တကၠသိုလ္ဟာ ဘာသာရပ္ အားလံုးမွာ အမွတ္ေကာင္းမ်ား ရရွိထားပါတယ္။ သူ႔ရဲ႕ ကြန္ျပဴတာ သိပၸံနဲ႔ သတင္းအခ်က္အလက္ ေက်ာင္းဟာ ၈၅.၆ မွတ္ ရရွိထားပါတယ္။

QS Ranking မွာ ေရြးခ်ယ္ထားတဲ့ ကမာၻ႕ အေကာင္းဆံုး ကြန္ျပဴတာ သိပၸံနဲ႔ သတင္းအခ်က္အလက္ ေက်ာင္းေပါင္း ၄၉ ခု ထဲမွာ အာရွမွ Hong Kong Polytechnic University , City University of Hong Kong , National Taiwan University , Shanghai Jiao Tong University , Seoul National University , Korea Advanced Institute of Science & Technology , Peking University , Chinese University of Hong Kong , University of Tokyo , University of Hong Kong , Hong Kong University of Science & Technology , Nanyang Technology University (Singapore ) တို႔လည္း ပါ၀င္ေနပါတယ္။

ref : businessinsider

ကမ္ဘာ့ ထိပ်တန်း Computer Science University များ

ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်တစ်ခုမှ ကွန်ပြူတာ သိပ္ပံ ဘွဲ့ရရင် Apple, Google နဲ့ Facebook တို့လို ကုမ္ပဏီများမှာ အလုပ်ရနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ ထိပ်တန်း ကွန်ပြူတာသိပ္ပံကျောင်းများစွာ ရှိတဲ့အတွက် ရွေးချယ်ရတာ ခက်ခဲပါတယ်။ QS World University Ranking က အဲဒီ ကျောင်းများရဲ့ အဆင့်သတ်မှတ်ချက်များကို ပြုစုထားပါတယ်။ သူက တက္ကသိုလ်များရဲ့ ပညာရေး အဆင့်အတန်း၊ သုတေသန အားကောင်းမှု၊ အလုပ်ရှင်များရဲ့ ကျေနပ်နှစ်သက်မှုတို့ အပေါ် အခြေခံ၍ အမှတ် ၁၀၀ စနစ်ဖြင့် အဆင့်သတ်မှတ်ချက်များကို ပြုစုထားပါတယ်။

၁။ Massachusetts Institute of Technology (MIT)

ကမ္ဘာ့ အစဉ်အလာအရှိဆုံုး တက္ကသိုလ် တစ်ခုရဲ့ ကွန်ပြူတာ သိပ္ပံနဲ့ သတင်းအချက်အလက် သင်ရိုးများက အကောင်းဆုံးဖြစ်နေတာ အံ့သြစရာ မရှိပါဘူး။ QS အဆင့်မှာ သူဟာ ၉၃.၈ မှတ်ရထားပါတယ်။ Guardian ရဲ့ အဆိုအရ MIT ကျောင်းဆင်းများဟာ ကုမ္ပဏီပေါင်း ၂၅ ၈၀၀ ကို တည်ထောင်ထားကြပြီး ဆီလီကွန် တောင်ကြားရဲ့ နည်းပညာရှင် ၄ ပုံပုံ ၁ ပုံခန့်ရှိတဲ့ လူပေါင်း ၃ သန်းကျော်ကို အလုပ်ခန့်အပ်ထားကြပါတယ်။

၂။ Stanford University

ကယ်လီဖိုးနီးယား အခြေစိုက် စတန်းဖို့ဒ် တက္ကသိုလ်ဟာ Google , HP, Instagram , Snapchat အပါအဝင် ကမ္ဘာ့ ထိပ်တန်း နည်းပညာ ကုမ္ပဏီများကို တည်ထောင်ထားကြသူများကို မွေးထုတ်ပေးတဲ့ အစဉ်အလာရှိပါတယ်။ သူဟာ ၉၃.၂ မှတ် ရရှိထားပါတယ်။

၃။ University of Oxford

၁၀၉၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ရှေးကျတဲ့ အောက်စဖို့ဒ် တက္ကသိုလ်ဟာ နည်းပညာမှာ ရှေ့တန်းက ဦးဆောင်နေပြီး DeepMind လို Startups များကို တည်ထောင်သူများကို မွေးထုတ်ပေးထားပါတယ်။ သူဟာ ၉၂.၅ မှတ် ရရှိထားပါတယ်။

၄။ Harvard University

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ရဲ့ ကွန်ပြူတာ သိပ္ပံနဲ့ သတင်းအချက်အလက် နည်းပညာ ကျောင်းကတော့ အဆင့် ၄ နေရာသာ ရရှိထားပါတယ်။ Facebook တည်ထောင်သူ Mark Zuckerberg တက်ခဲ့တဲ့ ကျောင်း ဖြစ်ပြီး ၉၂.၄ မှတ် ရထားပါတယ်။

၅။ Carnegie Mellon University

Carnegie Mellon University ဟာ ဟားဗတ်နဲ့ စတန်းဖို့ဒ်လောက် နာမည် မကြီးပေမယ့် သူ့ရဲ့ ကွန်ပြူတာ သိပ္ပံနဲ့ သတင်းအချက်အလက် ကျောင်းကတော့ ထိပ်တန်း အဆင့်မှာ ရှိပြီး ၉၁.၄ မှတ် ရထားပါတယ်။

၆။ University of Cambridge

Cambridge တက္ကသိုလ်ကြောင့် Cambridge မြို့ဟာ ဗြိတိန်ရဲ့ အကြီးမားဆုံး နည်းပညာ ကုမ္ပဏီများ စုဝေးရာ ဖြစ်ပါတယ်။ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် စာရင်းဝင်လည်း ဖြစ်ပြီး ကွန်ပြူတာ သိပ္ပံနဲ့ သတင်းအချက်အလက် ကျောင်းဟာ ၈၉.၈ မှတ်ရထားပါတယ်။

၇။ University of California , Berkeley(UCB)

Berkeley တက္ကသိုလ်ရဲ့ ရှုခင်းဟာ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များထဲမှာ အလှပဆုံး ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ ကွန်ပြူတာ သိပ္ပံနဲ့ သတင်းအချက်အလက် ကျောင်းဟာ ၈၉.၄ မှတ် ရရှိထားပါတယ်။

၈။ ETH Zurich – Swiss Federal Institute of Technology

အမေရိကန်နဲ့ ဗြိတိန် ပြင်ပမှ အမှတ် အကောင်းဆုံး တက္ကသိုလ် ဖြစ်ပါတယ်။ ETH မှ ပါမောက္ခနဲ့ ကျောင်းသားများဟာ နိုဘယ်ဆုပေါင်း ၂၁ ဆုကို ရရှိထားပါတယ်။ သူ့ရဲ့ ကွန်ပြူတာ သိပ္ပံနဲ့ သတင်းအချက်အလက် ကျောင်းဟာ ၈၆.၃ မှတ် ရရှိထားပါတယ်။

၉။ National University of Singapore (NUS)

NUS ဟာ စင်ကာပူမှာ ရှေးအကျဆုံး ကျောင်း ဖြစ်ပါတယ်။ ကျောင်းမှာ ကျောင်းသား ၃၅ ၀၀၀ ဝန်းကျင် တက်ရောက်နေကြပါတယ်။ သူ့ရဲ့ ကွန်ပြူတာ သိပ္ပံနဲ့ သတင်းအချက်အလက် ကျောင်းဟာ ၈၅.၉ မှတ် ရရှိထားပါတယ်။

၁၀။ Princeton University

နယူးဂျာစီမှာ တည်ရှိတဲ့ ပရင့်စတန် တက္ကသိုလ်ဟာ ဘာသာရပ် အားလုံးမှာ အမှတ်ကောင်းများ ရရှိထားပါတယ်။ သူ့ရဲ့ ကွန်ပြူတာ သိပ္ပံနဲ့ သတင်းအချက်အလက် ကျောင်းဟာ ၈၅.၆ မှတ် ရရှိထားပါတယ်။

QS Ranking မှာ ရွေးချယ်ထားတဲ့ ကမ္ဘာ့ အကောင်းဆုံး ကွန်ပြူတာ သိပ္ပံနဲ့ သတင်းအချက်အလက် ကျောင်းပေါင်း ၄၉ ခု ထဲမှာ အာရှမှ Hong Kong Polytechnic University , City University of Hong Kong , National Taiwan University , Shanghai Jiao Tong University , Seoul National University , Korea Advanced Institute of Science & Technology , Peking University , Chinese University of Hong Kong , University of Tokyo , University of Hong Kong , Hong Kong University of Science & Technology , Nanyang Technology University (Singapore ) တို့လည်း ပါဝင်နေပါတယ်။

ref : businessinsider

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category