180 Shares 104 Views

“Behind the Mac” ကမ္ပိန္းနဲ႔အတူ Apple ရဲ႕ Mac ေၾကာ္ျငာ၄ခု

Jun 16, 2018
180 104

[Zawgyi]

Apple ကေတာ့ သူ႔ရဲ႕ Mac ေတြအတြက္ေၾကာ္ျငာကမ္ပိန္းအသစ္တစ္ခုလုပ္ထားပါတယ္။ နာမည္ကေတာ့ “Behind the Mac” လို႔ေပးထားျပီးေတာ့ လူေတြကသူတို႔ရဲ႕ MacBook ကြန္ပ်ဴတာေတြနဲ႔ ဘယ္လိုအံ့ၾသဖြယ္ေကာင္းတဲ့အရာေတြကို ဖန္တီးႏုိင္လဲဆိုတာေတြကို ျပထားတဲ့ေၾကာ္ျငာဗီဒီယိုေတြပါ။ စုစုေပါင္းဗီဒီယို၄ခုရိွပါတယ္။ ေအာက္ဆံုးမွာတစ္ခ်က္ရိွႈးၾကည့္ပါ 😉

ဒီထဲမွာေတာ့ မ်က္စိကြယ္လုနီးနီးဓာတ္ပံုဆရာ Bruce Hall, App Developer လည္းျဖစ္ စြန္႔ဦးတီထြင္သူလည္းျဖစ္တဲ့ Peter Kariuki နဲ႔ ဂီတပညာရွင္ Grime တို႔က သူတို႔ရဲ႕ Mac ေတြဟာ သူတို႔အတြက္ ဘယ္ေလာက္ေတာင္အေရးပါတယ္ ဘယ္လိုအံ့ဖြယ္ေကာင္းတာေတြဖန္တီးႏုိင္ေအာင္ ကူညီေပးလဲဆိုတဲ့ သူတို႔အေတြ႔အၾကံဳေတြကို ေဝမွ်ေပးထားတာျဖစ္ပါတယ္။ ၄ခုေျမာက္ေၾကာျ္ငာကေတာ့ ခုနကေၾကာ္ျငာ၃ပုဒ္ကိုေပါင္းျပီး ေနာက္ထပ္ေနာက္ထပ္ေသာ Mac User မ်ားစြာရဲ႕ Mac ကိုအသံုးျပဳေနတဲ့ပံုေတြကို ေပါင္းစပ္ထည့္သြင္းရိုက္ကူးထားတဲ့ေၾကာ္ျငာေလးပါ။

ဒီေၾကာ္ျငာကမ္ပိန္းမွာေတာ့ ဘယ္ေမာ္ဒယ္ကိုေတာ့ျဖင့္ အေရာင္းျမွင့္ခ်င္လို႔ဆိုတဲ့ ရည္ရြယ္ခ်က္မ်ိဳးမေတြ႔ရပါဘူး။ ဘာလို႔လဲဆိုေတာ့ ေၾကာ္ျငာထဲမွာၾကည့္လိုက္ရင္ ဟိုးအရင္ ၂၀၀၉ ခုႏွစ္တုန္းက MacBook ေတြေတာင္ပါေနေသးတာကို ေတြ႔ရမွာပါ (ေအာက္ကပံုမွာၾကည့္ၾကည့္ပါဦး)

တစ္ျခား Apple ေၾကာ္ျငာေတြလုိပါပဲ။ Apple ပစၥည္းေတြသံုးရတဲ့အတြက္ ဘယ္ေလာက္ေတာင္မွစိတ္ခ်မ္းသာစရာေကာင္းလဲဆိုတဲ့ ဖီလင္မ်ိဳးရေအာင္ ရိုက္ကူးထားတဲ့ဗီဒီယိုေတြပါပဲ။ ဒါေပမယ့္ “Behind the Mac” ဆုိသလုိ Mac ရဲ႕ေနာက္ကြယ္မွာ တကယ္ Apple ရိွေနရဲ႕လားဆိုတာ သက္ေသျပဖို႔အတြက္ အားလံုးေမွ်ာ္လင့္ေစာင့္စားေနတဲ့ Mac Pro အသစ္ကိုထုတ္ျပီး Mac ရဲ႕Hardware ေတြကိုလည္း မၾကာမၾကာအဆင့္ျမွင့္ေပးသင့္ပါတယ္လို႔ ေျပာရင္းနဲ႔ ဘယ္လိုမဲဆြယ္ထားလဲၾကည့္လိုက္ရေအာင္….

(ေပါင္းထားတဲ့ေၾကာ္ျငာေလးပါ)

Source: MashAsia

 

[Unicode]

Apple ကတော့ သူ့ရဲ့ Mac တွေအတွက်ကြော်ငြာကမ်ပိန်းအသစ်တစ်ခုလုပ်ထားပါတယ်။ နာမည်ကတော့ “Behind the Mac” လို့ပေးထားပြီးတော့ လူတွေကသူတို့ရဲ့ MacBook ကွန်ပျူတာတွေနဲ့ ဘယ်လိုအံ့သြဖွယ်ကောင်းတဲ့အရာတွေကို ဖန်တီးနိုင်လဲဆိုတာတွေကို ပြထားတဲ့ကြော်ငြာဗီဒီယိုတွေပါ။ စုစုပေါင်းဗီဒီယို၄ခုရှိပါတယ်။ အောက်ဆုံးမှာတစ်ချက်ရှိှုးကြည့်ပါ 😉

ဒီထဲမှာတော့ မျက်စိကွယ်လုနီးနီးဓာတ်ပုံဆရာ Bruce Hall, App Developer လည်းဖြစ် စွန့်ဦးတီထွင်သူလည်းဖြစ်တဲ့ Peter Kariuki နဲ့ ဂီတပညာရှင် Grime တို့က သူတို့ရဲ့ Mac တွေဟာ သူတို့အတွက် ဘယ်လောက်တောင်အရေးပါတယ် ဘယ်လိုအံ့ဖွယ်ကောင်းတာတွေဖန်တီးနိုင်အောင် ကူညီပေးလဲဆိုတဲ့ သူတို့အတွေ့အကြုံတွေကို ဝေမျှပေးထားတာဖြစ်ပါတယ်။ ၄ခုမြောက်ကြောြ်ငာကတော့ ခုနကကြော်ငြာ၃ပုဒ်ကိုပေါင်းပြီး နောက်ထပ်နောက်ထပ်သော Mac User များစွာရဲ့ Mac ကိုအသုံးပြုနေတဲ့ပုံတွေကို ပေါင်းစပ်ထည့်သွင်းရိုက်ကူးထားတဲ့ကြော်ငြာလေးပါ။

ဒီကြော်ငြာကမ်ပိန်းမှာတော့ ဘယ်မော်ဒယ်ကိုတော့ဖြင့် အရောင်းမြှင့်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးမတွေ့ရပါဘူး။ ဘာလို့လဲဆိုတော့ ကြော်ငြာထဲမှာကြည့်လိုက်ရင် ဟိုးအရင် ၂၀၀၉ ခုနှစ်တုန်းက MacBook တွေတောင်ပါနေသေးတာကို တွေ့ရမှာပါ (အောက်ကပုံမှာကြည့်ကြည့်ပါဦး)

တစ်ခြား Apple ကြော်ငြာတွေလိုပါပဲ။ Apple ပစ္စည်းတွေသုံးရတဲ့အတွက် ဘယ်လောက်တောင်မှစိတ်ချမ်းသာစရာကောင်းလဲဆိုတဲ့ ဖီလင်မျိုးရအောင် ရိုက်ကူးထားတဲ့ဗီဒီယိုတွေပါပဲ။ ဒါပေမယ့် “Behind the Mac” ဆိုသလို Mac ရဲ့နောက်ကွယ်မှာ တကယ် Apple ရှိနေရဲ့လားဆိုတာ သက်သေပြဖို့အတွက် အားလုံးမျှော်လင့်စောင့်စားနေတဲ့ Mac Pro အသစ်ကိုထုတ်ပြီး Mac ရဲ့Hardware တွေကိုလည်း မကြာမကြာအဆင့်မြှင့်ပေးသင့်ပါတယ်လို့ ပြောရင်းနဲ့ ဘယ်လိုမဲဆွယ်ထားလဲကြည့်လိုက်ရအောင်….

(ပေါင်းထားတဲ့ကြော်ငြာလေးပါ)

You may be interested

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy
Android, FEATURES, HUBS
0 shares0 views

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy

Ko Thuya - Oct 18, 2018

သင္ျပဳလုပ္တဲ့ အလုပ္အေပၚ မူတည္ၿပီး သင့္ဖုန္းမွ App မ်ားကို အလိုအေလွ်ာက္ ဖြင့္ေပးႏိုင္ရင္ အလြန္ အဆင္ေျပမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင္ Headset တပ္လိုက္တဲ့ အခ်ိန္မွာ သင္ႏွစ္သက္တဲ့ Music App ကို ဖြင့္ေပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္းမ်ားျပဳလုပ္ရင္…

Lenovo ရဲ႕ Foldable Tablet လာမည္
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ႕ Foldable Tablet လာမည္

Ko Thuya - Oct 18, 2018

ေခါက္ခ်ိဳးေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းမ်ားကို ကုမၸဏီမ်ားက တီထြင္ဖန္တီးေနတဲ့ သတင္းမ်ား ထြက္ေပၚေနတာ ႏွစ္အနည္းငယ္ေတာင္ ၾကာပါၿပီ။ ေစ်းကြက္ထဲကိုေတာ့ အဲဒီ စမတ္ဖုန္းမ်ား မေရာက္လာေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပထမဆံုး ေစ်းကြက္ထဲ ေရာက္လာႏုိင္တာက လီႏုိဗိုရဲ႕ ေကြးညႊတ္ ေခါက္ခ်ိဳး ႏိုင္တဲ့…

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ႔ရဲ႕ R1 Drone ကို Apple Watch ကေန ထိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းရည္ကို ထည့္သြင္းေပးလိုက္ၿပီိလုိ႔ ေၾကညာလိုက္ပါတယ္။ Skydio R1 ဟာ လူေတြက မထိန္းခ်ဳပ္ရင္ေတာင္ အလိုအေလွ်ာက္ ပ်ံသန္းၿပီး ဓါတ္ပံု၊ ဗီဒီယို ရိုက္ကူးျခင္းလို…

Leave a Comment

Most from this category