133 Shares 73 Views
Jun 15, 2018
133 73
[Zawgyi]
Gear S3
Gear S3
Ref: gadgets.ndtv
[Unicode]
Galaxy Note 9 နဲ့အတူ Gear S4 ကို သြဂုတ်လ ၉ ရက်နေ့မှာ မြင်တွေ့ရဖွယ်ရှိ
Samsung အနေနဲ့ Galaxy Note စီးရီးတွေရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Galaxy Note 9 ကို သြဂုတ်လ ၉ရက်နေ့လောက်မှာ မိတ်ဆက်နိုင်ပါတယ်။ နယူးယောက်မြို့မှာ ကျင်းပသွားမယ့် “Unpacked” ပွဲမှာ Glaxy Note 9 နဲ့အတူ Gear S4 ကိုပါ မိတ်ဆက်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။
Gear S3
The Korea Herald ရဲ့ သတင်းများအရ Samsung ဟာ Galaxy Note 9 ကို Galaxy Note 8 မိတ်ဆက်ခဲ့တဲ့ နေ့ထက် ၂ပတ်စောပြီး မိတ်ဆက်မယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ETNews က Galaxy Note 9 နဲ့အတူ Panel Level Packaging (PLP) SoC ကို အသုံးပြုထားတဲ့ Gear S4 ကို မြင်တွေ့နိုင်တယ်လို့ ပြောကြားထားပါတယ်။ PLP SoC တွေက အရည်အသွေးပိုမို ကောင်းမွန်ပြီး ကုန်ကျ စရိတ်နည်းတဲ့ SoC အမျိူးအစားတွေ ဖြစ်တဲ့အတွက် ယခင်မျိူးဆက် Gear S3 ထက်ပိုပြီး စျေးနည်းနိုင်ပါတယ်။ Gear S3 ကို ၂၀၁၇ခုနှစ် ဇန်နဝါရီ လတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
Gear S3
Gear S4 နဲ့ ပတ်သတ်ပြီး Specification အပြည့်အစုံကို မသိရသေးပေမယ့် ဘက်ထရီ သိုလှောင်မှု အပိုင်းမှာတော့ 470mAh ဘက်ထရီကို ထည့်သွင်းပေးထားနိုင်ပါတယ်။ Gear S3 မှာတုန်းကတော့ 380mAh သာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒ့ါကြောင့် Gear S4 ဟာ တစ်ခါ အားသွင်းရုံနဲ့ တနေ့တာ ကောင်းကောင်းသုံးနိုင်မယ့် Smartwatch အဖြစ် ပွဲထွက်လာနိုင်ပါတယ်။
Ref: gadgets.ndtv
You may be interested
Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
63 shares17 views
Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Ko Thuya - Dec 13, 2018
စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…
Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
177 shares41 views
Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Ko Thuya - Dec 13, 2018
Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…
ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
641 shares183 views
ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Ko Thuya - Dec 13, 2018
Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…
Leave a Comment
Most from this category