0 Shares 72 Views
အူရီဒူးနှင့်အတူ Leo Messi နှင့် ဇဏ်ခီတို့မှ “ပျော်ရွှင်ခံစား အင်တာနက်စွမ်းအား” အစီအစဉ်သစ်ကို စတင်
Jun 15, 2018
0 72
[Zawgyi]
#Ooredoo
[Unicode]
ယခုအခါတွင် အူရီဒူးမှ  ကမ္ဘာကျော်ဘောလုံးအကျော်အမော် Leo Messi နှင့် နာမည်ကျော် မြန်မာ့ရုပ်ရှင်သရုပ်ဆောင် ဇဏ်ခီတို့နှင့် ထပ်မံပူးပေါင်းပြီး ဒီဂျစ်တယ်ကမ္ဘာသို့ ဝင်ရောက်ကြည့်ရှုလိုက်သောအခါတွင် ကြည့်ရှုသူများအတွက် ပျော်ရွှင်ခံစားမှုများစွာကို ရရှိမည့် အစီအစဉ်သစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ စဉ်ဆက်မပြတ် မိမိပတ်ဝန်းကျင်တွင် ကြည့်ရှူနိုင်သည့် ဗွီဒီယိုဇာတ်လမ်းများစွာကို ကြည့်ရှူသူများစွာအတွက်                  Leo Messi ၏ ဟန်ပန်မျိုးစုံနှင့်အတူ Social Influencer များ၏ ရေပန်းစားသော ပုံစံမျိုးစုံကို share နိုင်မည်ဖြစ်ပါသည်။
ကမ္ဘာ့ဘောလုံး ကြယ်ပွင့်တစ်ပွင့်ဖြစ်သော Leo Messi ကို အူရီဒူး၏ ကမ္ဘာတဝှမ်းနှင့် သက်ဆိုင်သော အမှတ်တံဆိပ် သံတမန်တစ်ဦးအဖြစ်နှင့်အတူ မြန်မာနိုင်ငံအတွက် ဆိုရှယ်မီဒီယာမှာ ထင်ရှားကျော်ကြားသည့် နာမည်ကျော်မြန်မာ့ရုပ်ရှင်သရုပ်ဆောင် ဇဏ်ခီနှင့်အတူ “ပျော်ရွှင်ခံစား အင်တာနက်စွမ်းအား”  ဆိုသည့် အစီအစဉ်ကို ပေါင်းစပ်မိတ်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ အံ့အားသင့်စေမည့် ဇာတ်လမ်းပုံစံမျိုးစုံကို ကြိုက်နှစ်သက်သလောက် Share နိုင်မည်ဖြစ်ပြီး ပရိသတ်များအနေဖြင့် ပျော်ရွှင်မှုမျိုးစုံ၊ ရေပန်းစားမှုမျိုးစုံ နှင့် အွန်လိုင်းတွင် ထုတ်ဖော်ပြသနိုင်မည်ဖြစ်သည်။
နိုင်ငံတကာအထူးအစီအစဉ်ကို https://youtu.be/9VwlQBrBKYo တွင် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ သက်ဆိုင်ရာနိုင်ငံအလိုက် တီဗွီကြော်ငြာများ၊ ဒီဂျစ်တယ်ပို့စ်များ နှင့် ဆိုင်းဘုတ်များကို အူရီဒူးရုံးခန်းများ တည်ရှိရာဒေသများအနှံ့တွင် တွေ့ရှိရမည်ဖြစ်ပါသည်။ နိုင်ငံတကာရုပ်သံများ နှင့် ဒီဂျစ်တယ် ချန်နယ်လ်များတွင် ယခု ဇွန်လမှစတင်ပြီး သြဂုတ်လအထိ တွေ့မြင်ရမည်ဖြစ်ပါသည်။
အူရီဒူးမြန်မာ ၏ Chief Executive Officer ဖြစ်သူ Mr. Vikram Sinha က “သက်ဆိုင်ရာဒေသအလိုက် နိုင်ငံတကာအဆင့်မီ ကွန်ရက်ကနေ ပြည်သူလူထုကို ဒီဂျစ်တယ် ကမ္ဘာနဲ့ချိတ်ဆက်နိုင်ဖို့ အွန်လိုင်းကနေတဆင့် ပျော်ရွှင်ခြင်းတွေကို ခံစားရရှိဖို့ အကျိုးပြုနေပုံနဲ့အတူ အခုလို ထူးခြားတဲ့ အစီအစဉ်တစ်ခုကို မြန်မာနိုင်ငံက ပြည်သူများအတွက် Messiကို ဇက်ခီနဲ့ အတူ အူရီဒူးမိသားစုကနေ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းမြောက်ရပါတယ်။ Messi ရဲ့ တက်ကြွနေတဲ့ပုံစံမျိုးစုံတွေကို ဇဏ်ခီရဲ့ ထူးခြားတဲ့ပုံစံနဲ့အတူ ပူးပေါင်းပါဝင် ကူညီထားတာဖြစ်လို့ လူတိုင်း နှစ်သက်စွာနဲ့ Share လုပ်နိုင်တဲ့ ဒီဂျစ်တယ် ပို့စ်မျိုးစုံကို ပြုလုပ်ပေးထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ကွန်ရက်ကို အားဖြည့်ပေးလိုက်ပြီဖြစ်ပါတယ်။ Messi နဲ့ ဇဏ်ခီတို့နဲ့ အတူ ထူးခြားတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူရတဲ့အပြင် ကျွန်တော်တို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ်ပံ့ပိုးကူညီတဲ့အတွက် သူ့ကို အထူးကျေးဇူးတင်ရှိပါတယ်။” ဟု ထူးခြားလှတဲ့အစီအစဉ်သစ်အကြောင်းကို ပြောကြား လိုက်ပါသည်။
အူရီဒူး၏ Global Brand Ambassador ဖြစ်သူ Leo Messi ကလည်း “ အူရီဒူးနဲ့အတူ ကြီးကျယ်လှတဲ့ အစီအစဉ်တစ်ခု ပြုလုပ်ခွင့်ရပြီး ဒီဂျစ်တယ်ကမ္ဘာမှာ ပျော်ရွှင်စရာတွေအများကြီး ရနိုင်တယ်ဆိုတာကို ပြသလိုက်တာပါ။ အူရီဒူးက သင့်အတွက် ပျော်ရွှင်မှုတွေကို လက်တစ်ချက်ထိရုံနဲ့ ရရှိဖို့ ဖန်တီးပေးလိုက်ပါပြီ။ ဒါကြောင့် များစွာသော လူထုနဲ့ ချိတ်ဆက်နိုင်ပြီး အွန်လိုင်းကနေ ပျော်ရွှင်ဖွယ်ရာတွေနဲ့ သူတို့ရဲ့အတွေ့အကြုံတွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ Messi နှင့် အူရီဒူး၏ မြန်မာအတွက် မြန်မာ့ပရိသတ်အကြိုက် ဇဏ်ခီ ပါဝင်ထားတဲ့ အထူးအစီအစဉ်သည် အူရီဒူး၏ ကွန်ရက်ကို အသုံးပြုနေသူများအတွက် နှစ်သက်ဖွယ်ရာ အွန်လိုင်းအစီအစဉ်တစ်ခုဖြစ်လာမည်ဖြစ်ပါသည်။ ဤထူးခြားသည့် အစီအစဉ်မှတဆင့် သီးသန့်တီဗွီကြော်ငြာများတွင် အူရီဒူး၏ သက်ဆိုင်ရာနိုင်ငံအလိုက်နှင့် ပရိသတ်နှင့် ကိုက်ညီသည့် အစီအစဉ်မြောက်များစွာကို တင်ဆက်နိုင်ဖို့ ပြုလုပ်ထားပါသည်။
ယခုအစီအစဉ်သည် ဒစ်ဂျစ်တယ်ကဏ္ဍမှ တောက်ပကောင်းမွန်သော အနာဂတ်ဆီသို့ ဆိုသည့်ကတိနှင့်အတူ အူရီဒူး၏ နိုင်ငံတကာ အဆင့်မြင့်ကွန်ရက်နှင့်ထူးခြားမှုများ၊ share ပြုလုပ်ချင်စရာ ပို့စ်များကို ပြုလုပ်ပေးထားသဖြင့် ပြည်သူများအနေဖြင့် အင်တာနက်စွမ်းအားကို အပြည့်အဝခံစားရရှိနိုင်သည့် အူရီဒူးအမှတ်တံဆိပ်၏ အဓိက အခန်းကဏ္ဍကို မြှင့်တင်ပေးထားပါသည်။
Messi သည် အူရီဒူး၏ ကမ္ဘာ့တဝှမ်းနှင့် သက်ဆိုင်သော အမှတ်တံဆိပ် သံတမန် တစ်ဦးအဖြစ် ၂၀၁၃ နှစ်မှ စတင်ပြီး ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သည့် ကမ္ဘာတစ်ဝှမ်းမှ လူထုဘဝကို တောက်ပကောင်းမွန်စေရန် မြှင့်တင်ပေးဖို့အတွက် ဆောင်ရွက်ပေးခဲ့ပါသည်။ Messi သည် ဘာစီလိုနာကလပ် (FC Barcelona) နှင့် အာဂျင်တီးနားနိုင်ငံ ကိုယ်စားပြု ဘောလုံးအသင်း (Argentina’s National Team) တို့၏ ထင်ရှားသော ဘောလုံးကစားသမားတစ်ဦးဖြစ်ပါသည်။ နိုင်ငံတကာတွင် နာမည်ကြီး ဘောလုံးကစားသမား တစ်ယောက်လည်းဖြစ်ပါသည်။ သူသည် FIFA Ballons D’or (၅) ကြိမ် ရရှိထားပြီး အဆိုပါ ဆုကို ကမ္ဘာပေါ်တွင် လေးနှစ်ဆက်တိုက် ရရှိထားသူ တစ်ဦးဖြစ်ပါသည်။
အူရီဒူးမှ ပထမဦးဆုံး ကမ္ဘာတစ်ဝှမ်းတွင် တပြိုင်နက်ပြုလုပ်သည့် Simply Do Wonders အစီအစဉ်ကို ၂၀၁၄ ကမ္ဘာ့ဖလားတွင်  Messi နှင့် အတူစတင်မိတ်ဆက်လိုက်သဖြင့် ကမ္ဘာတစ်ဝှမ်းရှိ လူငယ်များ၏ ပြင်းပြတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်ပါသည်။ ဒုတိယမြောက်အစီအစဉ်အဖြစ် ဆုပေးအပ်သော အစီအစဉ်အဖြစ် Together We Do Wonders ကို ၂၀၁၆ခုနှစ်တွင် မိတ်ဆက်ပေးခဲ့ပြီး နည်းပညာကို အသုံးပြုပြီး ရရှိနိုင်သော အကျိုးကျေးဇူးများကို ထူးခြားစွာ တင်ပြထားပါသည်။ အူရီဒူး၏ ရည်မှန်းချက်အတိုင်း လူငယ်များကို တက်ကြွအောင် လှုံ့ဆော်ပေးသည့်အနေဖြင့် အူရီဒူး၏ ကမ္ဘာ့တဝှမ်းနှင့် သက်ဆိုင်သော အမှတ်တံဆိပ်သံတမန် တစ်ဦးဖြစ်သူ Messi သည် လူငယ်များစွာအား ဘောလုံးအားကစားကို မျှဝေသင်ကြားပေးပါသည်။ ထို့အတူ မြန်မာ့နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ ဇဏ်ခီမှလည်း အူရီဒူးမြန်မာ၏ “ဖုန်းများများပြောလေ အူရီဒူးက များများလှူပေးလေ” ဆိုသည့်လူမှုအကျိုးပြုလုပ်ငန်းကို တက်ကြွစွာဖြင့် အားဖြည့်ပံ့ပိုးပေးထားပါသည်။
#Ooredoo
You may be interested
Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Apple, HUBS, NEWS
100 shares11 views
Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Ko Thuya - Aug 19, 2018
ထိုင်ဝမ်က ထွက်လာတဲ့ သတင်းများအရ Apple ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလများအတွင်းမှာ MacBook Air အသစ်ကို ကြေညာမယ်လို့ သိရပါတယ်။ ထိုင်ဝမ် သုတေသန အဖွဲ့အစည်း TrendForce က ဒီသတင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီ အချိန်ဇယားဟာ iPhone…
ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
FEATURES, Games
0 shares0 views
ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
Ko Thuya - Aug 19, 2018
Epic Skater 2 ဟာ အသစ်ထွက်ရှိလာတဲ့ စကိတ်စီးတဲ့ ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
94 shares14 views
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
Ko Thuya - Aug 19, 2018
လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ TechDen™ – Screen Time…
Leave a Comment
Most from this category