0 Shares 124 Views


Jun 15, 2018
0 124





Ref : gsmarena

unicode

Huawei က ကမ္ဘာအဝန်းမှာ P20 Series များ ၆ သန်း ရောင်းချရ

ဟွာဝေးက ကမ္ဘာအဝန်းမှာ P20 Series များ ၆ သန်း ရောင်းချရတယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက ယခင်နှစ်က ရောင်းချခဲ့တဲ့ P10 Series များထက် P20 Series များဟာ ရောင်းအား ၈၁ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ပြောပါတယ်။

“ Huawei P20 Series များရဲ့ ဒီလို ကောင်းမွန်တဲ့ တုန့်ပြန်မှုနဲ့ ရောင်းအားဟာ ကျွန်တော်တို့ရဲ့ ဈေးကွက်ကို နားလည်မှုကို ဖော်ပြနေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ သုတေသနဌာနဟာ တီထွင်ဆန်းသစ်မှု အရမ်းကောင်းတယ်ဆိုတာကိုလည်း သက်သေပြနေတာဖြစ်ပါတယ်။ Huawei P20 Series များရဲ့ အောင်မြင်မှုဟာ ကျွန်တော်တို့ ရှေ့လုပ်မယ့် အလုပ်များကို တွန်းအား ဖြစ်စေပါတယ်။ ဒီနှစ်မကုန်ခင်မှာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်များကို မြင်ရဦးမှာပါ။ “ လို့ ကုမ္ပဏီရဲ့ Handsets Product ဌာနမှ ဥက္ကဌ ဖြစ်သူ Kevin Ho က ပြောပါတယ်။

Huawei P20 Series များကို မတ်လမှာ ကြေညာခဲ့ပြီး P20 Lite ကိုလည်း အဲဒီလထဲမှာပဲ မိတ်ဆက်ခဲ့ပါတယ်။ P20 နဲ့ P20 Pro တို့ကို ဧပြီလမှာ ရောင်းချပေးခဲ့ပါတယ်။ Huawei P20 Pro တွေရဲ့ရောင်းအားဟာ ဧပြီလမှာလည်း အနောက်နိုင်ငံမှာတော့စံချိန်ချိုးနိုင်ခဲ့ပါတယ်။ သူနဲ့အတူထွက်ခဲ့တဲ့ P20 ဖုန်းတွေကတော့ တရုတ်နိုင်ငံမှာ ၁၀စက္ကန့်အတွင်း ဒေါ်လာ ၁၅ သန်းဖိုး ရောင်းချနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။

ကျောဘက်ကင်မရာသုံးလုံးပါတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်ပြီး လူတွေရဲ့စိတ်ဝင်စားခြင်းကိုတော်တော်ခံခဲ့ရပါတယ်။ P20 ဆိုရင်လည်း ဂျာမနီ၊ စပိန်နဲ့အီတလီနိုင်ငံတွေမှာ တော်တော် လူကြိုက်များခဲ့ပါတယ်။

Ref : gsmarena

You may be interested

Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ
NEWS, Tech Update
0 shares0 views

Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ

Ko Thuya - Jul 21, 2019

သိပ္ပံပညာရှင်များက ကွန်ပြူတာများကို စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ နည်းပညာများကို ဖန်တီးနေကြပါတယ်။ အဲဒီ နည်းပညာဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက် အရမ်းကို အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား ကဏ္ဍများမှာလည်း ဒီနည်းပညာကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာကို ဖန်တီးနေတဲ့ ကုမ္ပဏီများထဲမှာ…

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ
Android, Apple, HUBS
0 shares35 views

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ

Ko Thuya - Jul 21, 2019

စမတ်ဖုန်း အဟောင်းများကို အသစ်များနဲ့ လဲလှယ်ပေးတဲ့ BankMyCell ရဲ့ ဒေတာများအရ iPhone ကနေ Samsung Phone ပြောင်းကိုင်မှု များပြားနေတယ်လို့ သိရပါတယ်။ iPhone အဟောင်း ပိုင်ရှင်များဟာ iPhone အသစ်များနဲ့ လဲလှယ်ခြင်း မရှိတော့ဘဲ အခြား ဘရန်းများကို…

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ
HUBS, NEWS, Storage Devices
0 shares52 views

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ

Ko Thuya - Jul 21, 2019

Redmi က စမတ်ဖုန်းများ အပြင် ပါဝါဘန့်များကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး ပါဝါဘန့်များ ဖြစ်ပါတယ်။ 10000mAh နဲ့ 20000mAh Power Bank များ ဖြစ်ပြီး ၅၉ ယွမ်နဲ့ ၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။…

Leave a Comment

Most from this category