858 Shares 308 Views

Samsung Galaxy X ဟာ iPhone X ထက္ ေစ်းမ်ားမည္

Jun 15, 2018
858 308

ေခါက္ခ်ိဳးသံုးႏုိင္တဲ့ Samsung Galaxy X ရဲ႕ သတင္းမ်ားထြက္ေနတာ ႏွစ္အနည္းငယ္ရွိပါၿပီ။ သူ႔ကို တရား၀င္ မေၾကညာေသးေပမယ့္ အခုထြက္လာတဲ့ သတင္းအရ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလမွာ ေဒၚလာ ၂၀၀၀ နီးပါးနဲ႔ ေရာင္းခ်မယ္လို႔ သိရပါတယ္။ ဒီသတင္းဟာ Shinhan Financial and Golden Bridge Investment ကေန ထြက္ေပၚလာတာ ျဖစ္ၿပီး သူက The Korea Times ကို ေျပာခဲ့တာပါ။ အတိအက်အားျဖင့္ ကိုရီးယား ၀မ္ ၂ ၀၀၀ ၀၀၀ က်သင့္ႏုိင္ၿပီး ၁၈၅၀ ေဒၚလာ ၀န္းက်င္က်သင့္မွာပါ။

ဒီအတိုင္းသာဆိုရင္ Galaxy X ဟာ လက္ရွိေရာင္းခ်ထားတဲ့ iPhone X ထက္မ်ားစြာ ပိုေစ်းႀကီးေနမွာပါ။ iPhone X ကို စတင္ ေရာင္းခ်စဥ္က ေဒၚလာ ၁၁၄၉ သတ္မွတ္ခဲ့တာပါ။ ဆမ္ေဆာင္းက ဟိုးအရင္ထဲက ေခါက္ခ်ိဳး အသံုးျပဳႏုိင္တဲ့ စမတ္ဖုန္း တစ္လံုးကို ဖန္တီးေနတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကုမၸဏီက ေရာင္းခ်မယ့္ အခ်ိန္နဲ႔ Specs မ်ားကို ေျပာၾကားျခင္း မရွိေသးပါဘူး။

Golden Bridge Investment ရဲ႕ သုေတသနဌာနမွ အႀကီးအကဲ ျဖစ္သူ Kim Jang-Yeol က Galaxy X မွာ ၇.၃ လက္မ OLED Display တပ္ဆင္ထားၿပီး ေခါက္ခ်ိဳးထားရင္ ၄.၅ လက္မသာ ရွိမယ္လုိ႔ ေျပာပါတယ္။ Shinhan Financial မွ ခြဲျခမ္းစိတ္ျဖာသူ Park Hyung-woo က Galaxy X ကို ႏို၀င္ဘာလေလာက္မွာ စတင္ ထုတ္လုပ္ၿပီး ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာ ေရာင္းမယ္လို႔ ေမွ်ာ္လင့္ရတယ္လို႔ ေျပာပါတယ္။

Ref : techradar

unicode

Samsung Galaxy X ဟာ iPhone X ထက် ဈေးများမည်

ခေါက်ချိုးသုံးနိုင်တဲ့ Samsung Galaxy X ရဲ့ သတင်းများထွက်နေတာ နှစ်အနည်းငယ်ရှိပါပြီ။ သူ့ကို တရားဝင် မကြေညာသေးပေမယ့် အခုထွက်လာတဲ့ သတင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ဒေါ်လာ ၂၀၀၀ နီးပါးနဲ့ ရောင်းချမယ်လို့ သိရပါတယ်။ ဒီသတင်းဟာ Shinhan Financial and Golden Bridge Investment ကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး သူက The Korea Times ကို ပြောခဲ့တာပါ။ အတိအကျအားဖြင့် ကိုရီးယား ဝမ် ၂ ၀၀၀ ၀၀၀ ကျသင့်နိုင်ပြီး ၁၈၅၀ ဒေါ်လာ ဝန်းကျင်ကျသင့်မှာပါ။

ဒီအတိုင်းသာဆိုရင် Galaxy X ဟာ လက်ရှိရောင်းချထားတဲ့ iPhone X ထက်များစွာ ပိုဈေးကြီးနေမှာပါ။ iPhone X ကို စတင် ရောင်းချစဉ်က ဒေါ်လာ ၁၁၄၉ သတ်မှတ်ခဲ့တာပါ။ ဆမ်ဆောင်းက ဟိုးအရင်ထဲက ခေါက်ချိုး အသုံးပြုနိုင်တဲ့ စမတ်ဖုန်း တစ်လုံးကို ဖန်တီးနေတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ရောင်းချမယ့် အချိန်နဲ့ Specs များကို ပြောကြားခြင်း မရှိသေးပါဘူး။

Golden Bridge Investment ရဲ့ သုတေသနဌာနမှ အကြီးအကဲ ဖြစ်သူ Kim Jang-Yeol က Galaxy X မှာ ၇.၃ လက်မ OLED Display တပ်ဆင်ထားပြီး ခေါက်ချိုးထားရင် ၄.၅ လက်မသာ ရှိမယ်လို့ ပြောပါတယ်။ Shinhan Financial မှ ခွဲခြမ်းစိတ်ဖြာသူ Park Hyung-woo က Galaxy X ကို နိုဝင်ဘာလလောက်မှာ စတင် ထုတ်လုပ်ပြီး ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ရောင်းမယ်လို့ မျှော်လင့်ရတယ်လို့ ပြောပါတယ်။

Ref : techradar

You may be interested

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy
Android, FEATURES, HUBS
0 shares21 views

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy

Ko Thuya - Oct 18, 2018

သင္ျပဳလုပ္တဲ့ အလုပ္အေပၚ မူတည္ၿပီး သင့္ဖုန္းမွ App မ်ားကို အလိုအေလွ်ာက္ ဖြင့္ေပးႏိုင္ရင္ အလြန္ အဆင္ေျပမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင္ Headset တပ္လိုက္တဲ့ အခ်ိန္မွာ သင္ႏွစ္သက္တဲ့ Music App ကို ဖြင့္ေပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္းမ်ားျပဳလုပ္ရင္…

Lenovo ရဲ႕ Foldable Tablet လာမည္
Android, HUBS, Lenovo
0 shares2 views

Lenovo ရဲ႕ Foldable Tablet လာမည္

Ko Thuya - Oct 18, 2018

ေခါက္ခ်ိဳးေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းမ်ားကို ကုမၸဏီမ်ားက တီထြင္ဖန္တီးေနတဲ့ သတင္းမ်ား ထြက္ေပၚေနတာ ႏွစ္အနည္းငယ္ေတာင္ ၾကာပါၿပီ။ ေစ်းကြက္ထဲကိုေတာ့ အဲဒီ စမတ္ဖုန္းမ်ား မေရာက္လာေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပထမဆံုး ေစ်းကြက္ထဲ ေရာက္လာႏုိင္တာက လီႏုိဗိုရဲ႕ ေကြးညႊတ္ ေခါက္ခ်ိဳး ႏိုင္တဲ့…

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ႔ရဲ႕ R1 Drone ကို Apple Watch ကေန ထိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းရည္ကို ထည့္သြင္းေပးလိုက္ၿပီိလုိ႔ ေၾကညာလိုက္ပါတယ္။ Skydio R1 ဟာ လူေတြက မထိန္းခ်ဳပ္ရင္ေတာင္ အလိုအေလွ်ာက္ ပ်ံသန္းၿပီး ဓါတ္ပံု၊ ဗီဒီယို ရိုက္ကူးျခင္းလို…

Leave a Comment

Most from this category