352 Shares 130 Views

တစ္လအတြင္း အလံုးေရ ၁ သန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့တဲ့ OnePlus 6

Jun 15, 2018
352 130

OnePlus ရဲ႕ စမတ္ဖုန္းမ်ားဟာ Flagship Killer လို႔ေတာင္ ညႊန္းဆိုၾကပါတယ္။ သူ႔ကို ေၾကညာတာ တစ္လေတာင္ မျပည့္ေသးတဲ့ အခ်ိန္မွာ အလံုးေရ ၁ သန္းေက်ာ္ ေရာင္းခ်ထားႏုိင္ၿပီလို႔ စီအီးအို Pete Lau က ေျပာပါတယ္။ သူက ၂၂ ရက္အတြင္းမွာ ဒီေရာင္းအား ရခဲ့တယ္လို႔ ေျပာပါတယ္။ ယခင္ OnePlus Phone မ်ိဳးဆက္ႏွစ္ခုတုန္းက ၃ လၾကာမွ ဒီေရာင္းအားကို ရရွိတာ ျဖစ္ပါတယ္။

ဒါေပမယ့္ အလံုးေရ ၁ သန္းဟာ Samsung Galaxy , Apple iPhone မ်ားနဲ႔ ယွဥ္ရင္ေတာ့ နည္းပါးပါေသးတယ္။ သူတို႔ရဲ႕ စြမ္းရည္ျမင့္ ဖုန္းမ်ားဟာ တစ္လအတြင္းမွာ ၁၀ သန္း၀န္းက်င္ေလာက္ ေရာင္းခ်ႏုိင္ၾကပါတယ္။ OnePlus Phone မ်ားကို ကမာၻအ၀န္းမွာ က်ယ္ျပန္႔စြာ မေရာင္းခ်ပါဘူး။ သူတို႔ဟာ CDMA ကြန္ယက္ကို မေထာက္ပံ့တဲ့အတြက္ Verizon , Sprint တို႔လို Carrier မ်ားကလည္း အဲဒီဖုန္းမ်ားကို မသံုးၾကပါဘူး။

OnePlus 6 ဟာ ၅၂၉ ေဒၚလာ တန္ေၾကးရွိၿပီး ၿပိဳင္ဖက္ စြမ္းေဆာင္ရည္ျမင့္ ဖုန္းမ်ားထက္ ေစ်းႏႈန္းခ်ိဳသာပါတယ္။ ဒီရက္ပိုင္းအတြင္းမွာပဲ ကုမၸဏီက OxygenOS 5.1.6 ကို သူ႔အတြက္ ျဖန္႔ခ်ီေပးလိုက္ပါတယ္။

Update မွာ အထူးျခားဆံုး လုပ္ေဆာင္ခ်က္က အေရွ႕ကင္မရာကေန ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုမ်ား ဖန္တီးႏုိင္ျခင္း ျဖစ္ပါတယ္။ အေနာက္ကင္မရာအတြက္လည္း Portrait Mode မွာ Light Bokeh Effect အတြက္ Preview ၾကည့္ႏုိင္လာပါတယ္။ အျခား လုပ္ေဆာင္ခ်က္မ်ား အေနနဲ႔ Status Bar မွာ ဘက္ထရီကို ရာခုိင္ႏႈန္းျဖင့္ ျပသျခင္း၊ DND အတြက္ Schedule ျပဳလုပ္ျခင္း၊ SIM and Network Settings မွာ Dual 4G Network ကို ေထာက္ပံ့ျခင္းတို႔ ျဖစ္ၾကပါတယ္။

Ref : gsmarena

unicode

တစ်လအတွင်း အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ OnePlus 6

OnePlus ရဲ့ စမတ်ဖုန်းများဟာ Flagship Killer လို့တောင် ညွှန်းဆိုကြပါတယ်။ သူ့ကို ကြေညာတာ တစ်လတောင် မပြည့်သေးတဲ့ အချိန်မှာ အလုံးရေ ၁ သန်းကျော် ရောင်းချထားနိုင်ပြီလို့ စီအီးအို Pete Lau က ပြောပါတယ်။ သူက ၂၂ ရက်အတွင်းမှာ ဒီရောင်းအား ရခဲ့တယ်လို့ ပြောပါတယ်။ ယခင် OnePlus Phone မျိုးဆက်နှစ်ခုတုန်းက ၃ လကြာမှ ဒီရောင်းအားကို ရရှိတာ ဖြစ်ပါတယ်။

ဒါပေမယ့် အလုံးရေ ၁ သန်းဟာ Samsung Galaxy , Apple iPhone များနဲ့ ယှဉ်ရင်တော့ နည်းပါးပါသေးတယ်။ သူတို့ရဲ့ စွမ်းရည်မြင့် ဖုန်းများဟာ တစ်လအတွင်းမှာ ၁၀ သန်းဝန်းကျင်လောက် ရောင်းချနိုင်ကြပါတယ်။ OnePlus Phone များကို ကမ္ဘာအဝန်းမှာ ကျယ်ပြန့်စွာ မရောင်းချပါဘူး။ သူတို့ဟာ CDMA ကွန်ယက်ကို မထောက်ပံ့တဲ့အတွက် Verizon , Sprint တို့လို Carrier များကလည်း အဲဒီဖုန်းများကို မသုံးကြပါဘူး။

OnePlus 6 ဟာ ၅၂၉ ဒေါ်လာ တန်ကြေးရှိပြီး ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် ဖုန်းများထက် ဈေးနှုန်းချိုသာပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ကုမ္ပဏီက OxygenOS 5.1.6 ကို သူ့အတွက် ဖြန့်ချီပေးလိုက်ပါတယ်။

Update မှာ အထူးခြားဆုံး လုပ်ဆောင်ချက်က အရှေ့ကင်မရာကနေ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ဖန်တီးနိုင်ခြင်း ဖြစ်ပါတယ်။ အနောက်ကင်မရာအတွက်လည်း Portrait Mode မှာ Light Bokeh Effect အတွက် Preview ကြည့်နိုင်လာပါတယ်။ အခြား လုပ်ဆောင်ချက်များ အနေနဲ့ Status Bar မှာ ဘက်ထရီကို ရာခိုင်နှုန်းဖြင့် ပြသခြင်း၊ DND အတွက် Schedule ပြုလုပ်ခြင်း၊ SIM and Network Settings မှာ Dual 4G Network ကို ထောက်ပံ့ခြင်းတို့ ဖြစ်ကြပါတယ်။

Ref : gsmarena

You may be interested

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
0 shares0 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
41 shares15 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

အသည္းၿပိဳေလာက္စရာ Selfie ပံုေတြအတြက္ 20 MP အေရွ႕ကင္မရာနဲ႔ ပြဲထြက္လာေတာ႔မယ္ Vivo Y95
Local, Local News
81 shares108 views

အသည္းၿပိဳေလာက္စရာ Selfie ပံုေတြအတြက္ 20 MP အေရွ႕ကင္မရာနဲ႔ ပြဲထြက္လာေတာ႔မယ္ Vivo Y95

Creepy Tyler - Nov 19, 2018

လူငယ္ေတြရဲ႕ တစ္ကိုယ္ရည္ ဖက္ရွင္ Trend ေတြထဲမွာ ယခုေနာက္ပိုင္း ေခတ္စားလာတဲ႔ Accessory တစ္ခုက စမတ္က်တဲ႔ ဖုန္းတစ္လံုးပါ။ ဒါ႔အျပင္ Facebook လိုမ်ိဳး Social Network ေတြေပၚမွာ အေပါင္းအသင္းေတြရဲ႕ အာရံုကို ဖမ္းစားႏိုင္ဖို႔အတြက္ Selfie Camera ေကာင္းတဲ႔…

Leave a Comment

Most from this category