379 Shares 114 Views


Jun 15, 2018
379 114





Ref : gsmarena

unicode

Xiaomi Black Shark ရဲ့ Royal Blue အရောင်ကို ရောင်းပြီ

ရှောင်မီက သူ့ရဲ့ ဂိမ်း အသားပေး စမတ်ဖုန်း Black Shark ရဲ့ Royal Blue အရောင်ကို တရုတ်မှာ မနက်ဖြန် ရောင်းပေးတော့မှာပါ။ 8GB RAM, 128GB Storage ထည့်သွင်းထားပြီး ၅၄၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ သာမာန် 6GB/64GB Model ထက် ၇၈ ဒေါ်လာလောက် များပြားနေပါတယ်။

သူ့မှာ အအေးပေး စနစ် အသစ် ပါလာပါတယ်။ နောက်ဆုံးထုတ် Snapdragon 845 နဲ့ အရွယ်ကြီး 4000mAh Battery များ ထည့်ပေးထားပါတယ်။ ၅.၉၉ လက်မ 18:9 IPS LCD တပ်ဆင်ထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ အဆင့်များစွာပါတဲ့ Liquid Cooling System က CPU အပူချိန်ကို ၈ ဒီဂရီ စင်တီဂရိတ် လျှော့ချပေးပါတယ်။ microSD Card Slot ပါပါတယ်။ Image Processing Chip ထည့်ပေးထားပြီး အရောင်များ ပိုမို ကြည်လင် ပြတ်သားစေပြီး စွမ်းဆောင်ရည်ကို အလွန် ချောမွတ်စေပါတယ်။

သူ့မှာ စပီကာတစ်လုံးသာ ပါပါတယ်။ မိုက်ကရိုဖုန်းကိုတော့ ဂိမ်းကစားနေစဉ်မှာ Radio Chat ပြုလုပ်ဖို့အတွက် ဖန်တီးပေးထားပါတယ်။ ဖုန်းကို မြဲမြံစွာ ကိုင်တွယ်နိုင်အောင် နောက်ကျောကို X ပုံသဏ္ဍန် ပြုလုပ်ပေးထားပါတယ်။ Nintendo Switch လို သူ့ကို Black Shark Gamepad နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ Gamepad မှာ 340mAh Battery ပါပြီး ဘလူးတုဖြင့် ဆက်သွယ်ရမှာပါ။ ဖုန်းရဲ့ ဘယ်ဘက်မှာ Shark Button ပါပြီး သူ့ကို နှိပ်ရင် ဂိမ်းကစားတဲ့ အခါမှာ အလွန် စွမ်းရည်မြင့်မားစေပါတယ်။

Android Oreo ကို JOY UI ဖြင့် အုပ်ထားပါတယ်။ JOY UI ဟာ Custom Launcher ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12MP+20MP Dual Camera နဲ့ Dual-LED Flash ကို ပူးတွဲထားပါတယ်။ Selfie Camera ကတော့ 20MP ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares64 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)
Apple, FEATURES, HOW TO
151 shares55 views

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ့ iPhone XS Max တို့မှာ ယခင်နှစ် iPhone X ထက် ပြောင်းလဲတိုးတက်လာမှုများ ပါဝင်လာပါတယ်။ ပြောင်းလဲသွားတဲ့ Tips & Tricks များလည်း ပါလာပါတယ်။ အိုင်ဖုန်း အဟောင်း ကိုင်ထားသူများအတွက်လည်း နည်းလမ်းအချို့ဟာ…

Leave a Comment

Most from this category