117 Shares 133 Views
Jun 14, 2018
117 133
Download
unicode
Android မှာ Dictionary ကို Pop Up အနေနဲ့ သုံးနိုင်မယ့် Popup Dictionary
သင့်ရဲ့ Android Smartphone နဲ့ Tablet များမှာ ဘရောက်စာ သို့မဟုတ် App တစ်ခုကနေ နိုင်ငံခြား ဝက်ဆိုက်များကို ကြည့်ရှုတဲ့အခါမျိုး၊ Ebook ဖတ်ရှုနေတဲ့အခါမျိုးမှာ အင်္ဂလိပ်စကားလုံးတစ်ခုရဲ့ အဓိပ္ပါယ်ကို သိချင်ရင် ပြုလုပ်ရတဲ့ အဆင့်တွေများပြားပြီး အလုပ်ရှုပ်ပါတယ်။ ပထမဆုံး အသုံးပြုနေတဲ့ App ကို ပိတ်ရပါတယ်။ Dictionary App ကို လိုက်ရှာပြီး ဖွင့်ရပါတယ်။ သိချင်တဲ့ စကားလုံးကို ရိုက်ထည့်ရပါတယ်။ အဲဒီအလုပ်ရှုပ်မှုတွေကို ဖြေရှင်းပေးပြီး အင်္ဂလိပ်စကားလုံးတစ်လုံးရဲ့ အဓိပ္ပါယ်ကို လျှင်မြန် လွယ်ကူစွာ သိချင်ရင်တော့ Popup Dictionary ကို အသုံးပြုပါ။ Popup Dictionary က Facebook Messenger Chat Head လို အခြား App များရဲ့ အပေါ်မှာ Floating Window or Bubble အဖြစ်ရှိနေမှာဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ App ကို ပိတ်စရာမလိုဘဲ စကားလုံးများရဲ့ အဓိပ္ပါယ်ကို လျှင်မြန်စွာ ပြသပေးနိုင်ပါတယ်။ အသုံးပြုနေတဲ့ App မှ စကားလုံးတစ်ခုကို Select လုပ်လိုက်တာနဲ့ Dictionary က အဓိပ္ပါယ်ကို ပြသပေးမှာပါ။ အဲဒီအတွက် Dictionary Window မှာ စကားလုံးကို ရိုက်ထည့်စရာလည်း မလိုတော့ပါဘူး။ Popup Dictionary မှာ Dictionary အပြင် Google Translate လည်းပါ်ရှိပါတယ်။
Pop Up Dictionary ကို ဖွင့်ပြီးရင် စကရင်ပေါ်မှာ Floating Window တစ်ခုပေါ်လာမှာဖြစ်ပါတယ်။ ဘယ်ဘက်အပေါ်ထိပ်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး Dictionaries ကို ပြောင်းပေးပါ။ Default အားဖြင့် Google Translate ကို ရွေးချယ်ထားတာဖြစ်ပါတယ်။ အစက်သုံးစက်ရဲ့ ညာဘက်မှ Drop-Down Menu ကို နှိပ်၍ English Dictionary ကို ရွေးချယ်နိုင်ပါတယ်။ ညာဘက်အောက်ထောင့်မှ မျှားလေးကို ဖိဆွဲပြီး Floating Window ရဲ့ အရွယ်အစားကို ချိန်ညှိနိုင်ပါတယ်။
App တစ်ခုကိုဖွင့်ပြီး အဓိပ္ပါယ်သိချင်တဲ့ စကားလုံးတစ်ခုကို ဖိထားခြင်းဖြင့် Select လုပ်ပါ။ Select လုပ်လိုက်တာနဲ့ Popup Dictionary မှာ အဲဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ပြသပေးမှာဖြစ်ပါတယ်။ Popup Dictionary ကို အသုံးပြုရင် အင်တာနက် ချိတ်ဆက်ထားဖို့လိုပါတယ်။ ကြက်ခြေခတ်ခလုတ်ကို နှိပ်ရင် Box ထဲမှ စကားလုံးကို ဖျက်ပေးမှာပါ။
Minimize Button ကို နှိပ်ရင် Floating Bubble အနေဖြင့် ပြသပေးမှာဖြစ်ပါတယ်။ Bubble ကို တစ်ချက်နှိပ်ရင် Floating Window ကို ပြန်လည်ပြသပေးမှာဖြစ်ပါတယ်။ မလိုအပ်တဲ့ အချိန်တွေမှာ Minimize ပြုလုပ်ထားခြင်းဖြင့် စာဖတ်ရတာ အမြင်ရှင်းလင်းစေပါတယ်။
Popup Dictionary ကို ဖွင့်ထားခြင်းမရှိတဲ့ အချိန်မှာ စကားလုံးတစ်ခုရဲ့ အဓိပ္ပါယ်ကို သိနိုင်တဲ့ နောက်ထပ်နည်းတစ်ခုရှိပါတယ်။ Browser or App ကို ဖွင့်ပါ။
စကားလုံးတစ်ခုကို ဖိထားပြီး Select လုပ်ပါ။ Share ကို နှိပ်ပါ။
နောက်အဆင့်မှာ Popup Dictionary ကို ရွေးပေးပါ။ ဒါဆိုရင် Popup Dictionary ကို Floating Window အနေဖြင့် ဖွင့်ပေးပြီး စကားလုံးရဲ့ အဓိပ္ပါယ်ကို ပြသပေးမှာ ဖြစ်ပါတယ်။
Floating Window ရဲ့ ဘယ်ဘက်ထိပ်မှ အစက်သုံးစက် သို့မဟုတ် Menu ကို နှိပ်ပါ။ Quit Popup Dictionary ကို နှိပ်ရင် App ကို ပိတ်ပေးမှာဖြစ်ပါတယ်။ Notification Bar ကနေလည်း App ကို ပိတ်နိုင်ပါတယ်။ Menu ကနေ Settings ထဲသွားပါ။ Minimize ကဏ္ဍအောက်မှာ Minimize လုပ်ရင် ပြုလုပ်ရမယ့် Method ကို ရွေးချယ်နိုင်ပါတယ်။ Bubble Mode ကို Default အားဖြင့် ရွေးချယ်ပေးထားပါတယ်။ Notification Icon အဇြစ်ပြသပေးစေချင်ရင် ပြောင်းလဲနိုင်ပါတယ်။ Default Search မှာ Google Translate ကို သတ်မှတ်ပေးထားပါတယ်။ Dictionary ကို အဓိက အသုံးပြုချင်ရင် ပြောင်းလဲနိုင်ပါတယ်။ ပြီးရင် Done ကို နှိပ်ပါ။
သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 425 KB ရှိပြီး Android 2.2 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
Download
You may be interested
မျက်နှာမှ သွေးကြောများကို အာရုံခံပြီး Unlock လုပ်နိုင်မယ့် iPhone 11
Apple, HUBS, Mobiles & Tablets
0 shares0 views
မျက်နှာမှ သွေးကြောများကို အာရုံခံပြီး Unlock လုပ်နိုင်မယ့် iPhone 11
Ko Thuya - Mar 21, 2019
Samsung Galaxy S10 ရဲ့ Face Unlock ကို ဓါတ်ပုံအတုများနဲ့ လှည့်စားလို့ရတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက် မျက်နှာအာရုံခံ စနစ်ဟာ ရာနှုန်းပြည့် မလုံခြုံပါဘူး။ အဲဒါကြောင့် သူ့ထက် လုံခြုံတဲ့ နည်းပညာတစ်ခုကို Apple က…
Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
47 shares155 views
Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Nigma - Mar 21, 2019
Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…
Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
73 shares216 views
Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
Nigma - Mar 21, 2019
Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…
Leave a Comment
Most from this category