103 Shares 68 Views

အစားအစာ ပို႔ေဆာင္ေပးေနတဲ့ Ford ရဲ႕ ေမာင္းသူမဲ့ကားမ်ား

Jun 14, 2018
103 68

ဖို႔ဒ္က အေမရိကန္ ျပည္ေထာင္စု မီယာမီမွာ ယခုႏွစ္ အေစာပိုင္းကတည္းက ေမာင္းသူမဲ့ ကားမ်ားကို စမ္းသပ္ေနပါတယ္။ မၾကာခင္ကလည္း ဖို႔ဒ္ဟာ ေမာင္းသူမဲ့ ကားမ်ားျဖင့္ အစားအစာမ်ား သယ္ယူပို႔ေဆာင္ေပးဖို႔ အတြက္ Postmates နဲ႔ ပူးေပါင္းခဲ့ပါတယ္။ ဖို႔ဒ္က သူ႔ရဲ႕ Transit Vans မ်ားမွာ Touchpad ပါတဲ့ Locker မ်ား ထည့္သြင္းထားပါတယ္။ ေလာ့ကာမ်ားဟာ အစားအစာ၊ ကုန္ပစၥည္း အမ်ိဳးမ်ိဳးထည့္သြင္းႏိုင္ေအာင္ အရြယ္အစား အမ်ိဳးအစား မ်ားစြာ ရွိပါတယ္။

၀ယ္ယူသူထံ ကုဒ္တစ္ခုကို ေပးပို႔ထားမွာ ျဖစ္ၿပီး ကားေရာက္လာခ်ိန္မွာ အဲဒီ ကုဒ္ကို အသံုးျပဳ၍ ေလာ့ကာကို ဖြင့္ရမွာျဖစ္ပါတယ္။ ဖို႔ဒ္က မီယာမီနဲ႔ မီယာမီ ကမ္းေျခမ်ားမွာ ေမာင္းသူမဲ့ ကားမ်ားျဖင့္ အစားအစာပို႔ေဆာင္ေပးတဲ့ ၀န္ေဆာင္မႈကို စမ္းသပ္ေနပါတယ္။ စားေသာက္ဆိုင္နဲ႔ ဟာ့ဒ္၀ဲ အေရာင္းဆိုင္မ်ား အပါအ၀င္ လုပ္ငန္းေပါင္း ၇၀ ေက်ာ္နဲ႔ ပူးေပါင္းထားပါတယ္။

လက္ရွိမွာေတာ့ ေမာင္းသူမဲ့ ကားမ်ားမွာ လူတစ္ဦး လိုက္ပါ ေစာင့္ၾကပ္မယ္လို႔ သိရပါတယ္။ ေအာင္ျမင္ရင္ေတာ့ ေနာက္ပိုင္းမွာ လူမ်ား မပါဘဲ ၀န္ေဆာင္မႈေပးမွာ ျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္မွာ ဒီလို လုပ္ေဆာင္ေပးႏုိင္ဖို႔ ဖို႔ဒ္က ရည္မွန္းထားပါတယ္။ ဖို႔ဒ္က စီးပြားေရး လုပ္ငန္းမ်ားနဲ႔ စားသံုးသူမ်ားဟာ ေမာင္းသူမဲ့ ကားမ်ားျဖင့္ အစားအစာမ်ား သယ္ယူပို႔ေဆာင္တဲ့ ၀န္ေဆာင္မႈကို ဘယ္လို တုန္႔ျပန္မလဲဆိုတာကို ေလ့လာမယ္လို႔ ေျပာပါတယ္။

ဖို႔ဒ္ဟာ မီခ်ီဂန္ ျပည္နယ္ Ann Arbor မွာ ဒိုမီႏိုရဲ႕ ပီဇာမ်ားကို ေမာင္းသူမဲ့ ကားမ်ားျဖင့္ စမ္းသပ္ပို႔ေဆာင္ေပးခဲ့ဖူးပါတယ္။ ယခုလေႏွာင္းပိုင္းမွာ ဖို႔ဒ္က ဒက္ထရြိဳက္မွ Michigan Central Station မွာ စမ္းသပ္မယ့္အေၾကာင္းကို ေၾကညာမွာပါ။

Ref : theverge

unicode

အစားအစာ ပို့ဆောင်ပေးနေတဲ့ Ford ရဲ့ မောင်းသူမဲ့ကားများ

ဖို့ဒ်က အမေရိကန် ပြည်ထောင်စု မီယာမီမှာ ယခုနှစ် အစောပိုင်းကတည်းက မောင်းသူမဲ့ ကားများကို စမ်းသပ်နေပါတယ်။ မကြာခင်ကလည်း ဖို့ဒ်ဟာ မောင်းသူမဲ့ ကားများဖြင့် အစားအစာများ သယ်ယူပို့ဆောင်ပေးဖို့ အတွက် Postmates နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဖို့ဒ်က သူ့ရဲ့ Transit Vans များမှာ Touchpad ပါတဲ့ Locker များ ထည့်သွင်းထားပါတယ်။ လော့ကာများဟာ အစားအစာ၊ ကုန်ပစ္စည်း အမျိုးမျိုးထည့်သွင်းနိုင်အောင် အရွယ်အစား အမျိုးအစား များစွာ ရှိပါတယ်။

ဝယ်ယူသူထံ ကုဒ်တစ်ခုကို ပေးပို့ထားမှာ ဖြစ်ပြီး ကားရောက်လာချိန်မှာ အဲဒီ ကုဒ်ကို အသုံးပြု၍ လော့ကာကို ဖွင့်ရမှာဖြစ်ပါတယ်။ ဖို့ဒ်က မီယာမီနဲ့ မီယာမီ ကမ်းခြေများမှာ မောင်းသူမဲ့ ကားများဖြင့် အစားအစာပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို စမ်းသပ်နေပါတယ်။ စားသောက်ဆိုင်နဲ့ ဟာ့ဒ်ဝဲ အရောင်းဆိုင်များ အပါအဝင် လုပ်ငန်းပေါင်း ၇၀ ကျော်နဲ့ ပူးပေါင်းထားပါတယ်။

လက်ရှိမှာတော့ မောင်းသူမဲ့ ကားများမှာ လူတစ်ဦး လိုက်ပါ စောင့်ကြပ်မယ်လို့ သိရပါတယ်။ အောင်မြင်ရင်တော့ နောက်ပိုင်းမှာ လူများ မပါဘဲ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဒီလို လုပ်ဆောင်ပေးနိုင်ဖို့ ဖို့ဒ်က ရည်မှန်းထားပါတယ်။ ဖို့ဒ်က စီးပွားရေး လုပ်ငန်းများနဲ့ စားသုံးသူများဟာ မောင်းသူမဲ့ ကားများဖြင့် အစားအစာများ သယ်ယူပို့ဆောင်တဲ့ ဝန်ဆောင်မှုကို ဘယ်လို တုန့်ပြန်မလဲဆိုတာကို လေ့လာမယ်လို့ ပြောပါတယ်။

ဖို့ဒ်ဟာ မီချီဂန် ပြည်နယ် Ann Arbor မှာ ဒိုမီနိုရဲ့ ပီဇာများကို မောင်းသူမဲ့ ကားများဖြင့် စမ်းသပ်ပို့ဆောင်ပေးခဲ့ဖူးပါတယ်။ ယခုလနှောင်းပိုင်းမှာ ဖို့ဒ်က ဒက်ထရွိုက်မှ Michigan Central Station မှာ စမ်းသပ်မယ့်အကြောင်းကို ကြေညာမှာပါ။

Ref : theverge

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category