0 Shares 4564 Views

ဓာတ္ပံုေတြသိမ္းဖို႔စိတ္ၾကိဳက္ျပင္ဖို႔ လပ္ေတာ့မလိုေတာ့ဘူးဆိုရင္??

Jun 14, 2018
0 4564

[Zawgyi]

ကိုယ့္ရဲ႕ဓာတ္ပံုေတြ ဗီဒီယိုေတြကို ေဒါင္းလုပ္ျပန္ဆြဲဖို႔ တစ္စုတစ္စည္းတည္းျဖစ္ဖို႔၊ Edit ျပင္ဖို႔နဲ႔ ေဝမွ်ဖို႔အတြက္ လပ္ေတာ့ပ္သံုးစရာမလိုတဲ့နည္းလမ္းေလးတစ္ခုမ်ား ရွာၾကည့္ခဲ့ဖူးၾကလား? ဒါေလးအတြက္နဲ႔ လပ္ေတာ့ပ္တစ္လံုးကို သိန္းခ်ီေပးျပီးဝယ္မယ့္အစား ေသးငယ္အၾကမး္ခံျပီး မိုဘုိင္းလ္အက္ပလီေကးရွင္း တစ္ခုနဲ႔တင္ အလုပ္လုပ္လို႔ရမယ့္ Device ေလးတစ္ခုအေၾကာင္းေျပာျပခ်င္ပါတယ္။

သူ႔ရဲ႕နာမည္ကိုေတာ့ Gnarbox 2.0 SSD လို႔ေခၚျပီး အေကာင္းစား လပ္ေတာ့ပ္တစ္လံုးလိုမ်ိဳး Processing Power နဲ႔ Storage Space ကိုရႏုိင္တဲ့ က်စ္လ်စ္၊ အၾကမ္းခံတဲ့ကိုယ္ထည္နဲ႔ သြားေလရာယူသြားႏုိင္တဲ့ပစၥည္းေလးပါ။

Gnarbox 2.0 SSD ရဲ႕အတြင္းထဲမွာေတာ့ Quad-Core 2.4 GHz ပရိုဆက္ဆာ၊ RAM 4GB, storage 1TB, လဲလွယ္ႏုိင္တဲ့ဘက္ထရီ၊ 300Mb/s အျမန္ႏႈန္းနဲ႔ WiFi ကိုေတြ႔ရမွာျဖစ္ျပီး သူ႔ရဲ႕ body ကေတာ့ ဖုန္၊သဲ၊ေရစို၊အပူဒဏ္အားလံုးကိုခံႏုိင္တဲ့ IP67 နဲ႔လာပါတယ္။ ခရီးသြားတဲ့အခါ လပ္ေတာ့ပ္သယ္သြားဖို႔အဆင္မေျပတဲ့ ဓာတ္ပံုဆရာေတြ ဗီဒီယိုသမားေတြအတြက္ ပံုေတြ Edit လုပ္ႏုိင္မယ့္ ပေရာ္ဖက္ရွင္နယ္ေဆာ့ဖ္ဝဲလ္ေတြကိုလည္း ထည့္သြင္းေပးထားတဲ့အျပင္ back-up လုပ္ရတာလည္း လြယ္ကူတဲ့ SSD ေလးတစ္ခုျဖစ္ပါတယ္။

  • One-Touch Backup : ဖုန္းေတြ တက္ဘလက္ေတြမလိုပဲနဲ႔ Device ရဲ႕ OLED screen ေတြ ခလုတ္ေတြကေနပဲ အလြယ္တကူ Back-up လုပ္ေပးႏုိင္ပါတယ္။
  • Preset Folder Tree : စုစည္းထားတဲ့ Back-Up ဖိုင္ေတြအတြက္ Folder Tree ကေန ျပန္ရယူႏုိင္ပါတယ္။
  • 75MB/s to 450MB/s Transfer : Backup လုပ္တဲ့အခါ SD ကဒ္ေပါက္ကိုသံုးမယ္ဆိုရင္ 75MB/s အျမန္ႏႈန္းနဲ႔လုပ္ႏုိင္ျပီး USB-C နဲ႔လုပ္မယ္ဆိုရင္ေတာ့ 450MB/s အျမန္ႏႈန္းနဲ႔ေတာင္ BackUp လုပ္ႏုိင္ပါတယ္။

Safekeep, Selects, Sequence နဲ႔ Showcase ဆိုတဲ့ မိုဘိုင္းလ္ Appliction အသစ္ေလးခုကိုလည္းဖန္တီးထားပါေသးတယ္။ ဒီ device ေလးရဲ႕ အသံုးျပဳပံုကလည္း ရိုးရွင္းပါတယ္။ SD ကဒ္ကိုထည့္ျပီး ခုနက မိုဘိုင္းလ္ App ၄ခုနဲ႔ၾကိဳက္သလိုသံုးႏုိင္ Back-Up လည္းလုပ္ႏုိင္ျပီး သိမ္းထားတဲ့ပံုေတြကိုစိတ္ၾကိဳက္ျပင္ႏုိင္ေအာင္ Adobe Lightroom, LumaFusion, DropBox, Adobe Premiere စတာေတြနဲ႔လည္း ခ်ိတ္ဆက္ထားေပးပါေသးတယ္။ aအာက္မွာ ဗီဒီယုိေလးျပထားပါေသးတယ္ 😉

ရိုက္ထားသမွ် ဓာတ္ပံု ဗီဒီယုိေတြအတြက္ SD ကဒ္နဲ႔ ဒီစက္ေလးနဲ႔ ဖုန္းသို႔မဟုတ္ တက္ဘလက္၁လံုးရိွရံုနဲ႔တင္ ပံုေတြသိမ္း၊ BackUp လုပ္၊ စိတ္ၾကိဳက္ျပင္ႏုိင္မယ္ဆိုေတာ့ ဓာတ္ပံုသမားေတြ သြားေလရာ လပ္ေတာ့ပ္တစ္လံုးနဲ႔ အလုပ္ရႈပ္စရာ သိပ္မရိွေတာ့ပါဘူး။ ဒီတစ္ပတ္အတြက္ေတာ့ ကိုယ္နဲ႔အတူသြားေလရာမွာသယ္သြားႏုိင္မယ့္ ဒီ Gnarbox 2.0 SSD မိုဘုိင္းလ္ မီဒီယာ ပရိုဆက္ဆာေလးကို မိတ္ဆက္ေပးလိုက္ရင္း ေနာက္တစ္ပတ္ရဲ႕အသစ္အဆန္းပစၥည္းေလးေတြကို ေစာင့္ေမွ်ာ္လုိက္ရေအာင္…

Ref: KickStarter

[Unicode]

ကိုယ့်ရဲ့ဓာတ်ပုံတွေ ဗီဒီယိုတွေကို ဒေါင်းလုပ်ပြန်ဆွဲဖို့ တစ်စုတစ်စည်းတည်းဖြစ်ဖို့၊ Edit ပြင်ဖို့နဲ့ ဝေမျှဖို့အတွက် လပ်တော့ပ်သုံးစရာမလိုတဲ့နည်းလမ်းလေးတစ်ခုများ ရှာကြည့်ခဲ့ဖူးကြလား? ဒါလေးအတွက်နဲ့ လပ်တော့ပ်တစ်လုံးကို သိန်းချီပေးပြီးဝယ်မယ့်အစား သေးငယ်အကြမ်းခံပြီး မိုဘိုင်းလ်အက်ပလီကေးရှင်း တစ်ခုနဲ့တင် အလုပ်လုပ်လို့ရမယ့် Device လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။

သူ့ရဲ့နာမည်ကိုတော့ Gnarbox 2.0 SSD လို့ခေါ်ပြီး အကောင်းစား လပ်တော့ပ်တစ်လုံးလိုမျိုး Processing Power နဲ့ Storage Space ကိုရနိုင်တဲ့ ကျစ်လျစ်၊ အကြမ်းခံတဲ့ကိုယ်ထည်နဲ့ သွားလေရာယူသွားနိုင်တဲ့ပစ္စည်းလေးပါ။

Gnarbox 2.0 SSD ရဲ့အတွင်းထဲမှာတော့ Quad-Core 2.4 GHz ပရိုဆက်ဆာ၊ RAM 4GB, storage 1TB, လဲလှယ်နိုင်တဲ့ဘက်ထရီ၊ 300Mb/s အမြန်နှုန်းနဲ့ WiFi ကိုတွေ့ရမှာဖြစ်ပြီး သူ့ရဲ့ body ကတော့ ဖုန်၊သဲ၊ရေစို၊အပူဒဏ်အားလုံးကိုခံနိုင်တဲ့ IP67 နဲ့လာပါတယ်။ ခရီးသွားတဲ့အခါ လပ်တော့ပ်သယ်သွားဖို့အဆင်မပြေတဲ့ ဓာတ်ပုံဆရာတွေ ဗီဒီယိုသမားတွေအတွက် ပုံတွေ Edit လုပ်နိုင်မယ့် ပရော်ဖက်ရှင်နယ်ဆော့ဖ်ဝဲလ်တွေကိုလည်း ထည့်သွင်းပေးထားတဲ့အပြင် back-up လုပ်ရတာလည်း လွယ်ကူတဲ့ SSD လေးတစ်ခုဖြစ်ပါတယ်။

  • One-Touch Backup : ဖုန်းတွေ တက်ဘလက်တွေမလိုပဲနဲ့ Device ရဲ့ OLED screen တွေ ခလုတ်တွေကနေပဲ အလွယ်တကူ Back-up လုပ်ပေးနိုင်ပါတယ်။
  • Preset Folder Tree : စုစည်းထားတဲ့ Back-Up ဖိုင်တွေအတွက် Folder Tree ကနေ ပြန်ရယူနိုင်ပါတယ်။
  • 75MB/s to 450MB/s Transfer : Backup လုပ်တဲ့အခါ SD ကဒ်ပေါက်ကိုသုံးမယ်ဆိုရင် 75MB/s အမြန်နှုန်းနဲ့လုပ်နိုင်ပြီး USB-C နဲ့လုပ်မယ်ဆိုရင်တော့ 450MB/s အမြန်နှုန်းနဲ့တောင် BackUp လုပ်နိုင်ပါတယ်။

Safekeep, Selects, Sequence နဲ့ Showcase ဆိုတဲ့ မိုဘိုင်းလ် Appliction အသစ်လေးခုကိုလည်းဖန်တီးထားပါသေးတယ်။ ဒီ device လေးရဲ့ အသုံးပြုပုံကလည်း ရိုးရှင်းပါတယ်။ SD ကဒ်ကိုထည့်ပြီး ခုနက မိုဘိုင်းလ် App ၄ခုနဲ့ကြိုက်သလိုသုံးနိုင် Back-Up လည်းလုပ်နိုင်ပြီး သိမ်းထားတဲ့ပုံတွေကိုစိတ်ကြိုက်ပြင်နိုင်အောင် Adobe Lightroom, LumaFusion, DropBox, Adobe Premiere စတာတွေနဲ့လည်း ချိတ်ဆက်ထားပေးပါသေးတယ်။ aအာက်မှာ ဗီဒီယိုလေးပြထားပါသေးတယ် 😉

ရိုက်ထားသမျှ ဓာတ်ပုံ ဗီဒီယိုတွေအတွက် SD ကဒ်နဲ့ ဒီစက်လေးနဲ့ ဖုန်းသို့မဟုတ် တက်ဘလက်၁လုံးရှိရုံနဲ့တင် ပုံတွေသိမ်း၊ BackUp လုပ်၊ စိတ်ကြိုက်ပြင်နိုင်မယ်ဆိုတော့ ဓာတ်ပုံသမားတွေ သွားလေရာ လပ်တော့ပ်တစ်လုံးနဲ့ အလုပ်ရှုပ်စရာ သိပ်မရှိတော့ပါဘူး။ ဒီတစ်ပတ်အတွက်တော့ ကိုယ်နဲ့အတူသွားလေရာမှာသယ်သွားနိုင်မယ့် ဒီ Gnarbox 2.0 SSD မိုဘိုင်းလ် မီဒီယာ ပရိုဆက်ဆာလေးကို မိတ်ဆက်ပေးလိုက်ရင်း နောက်တစ်ပတ်ရဲ့အသစ်အဆန်းပစ္စည်းလေးတွေကို စောင့်မျှော်လိုက်ရအောင်…

You may be interested

Google က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားနဲ႔ အင္တာနက္ ထုတ္လႊင့္ေပးမည္
Google, HUBS, NEWS
0 shares0 views

Google က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားနဲ႔ အင္တာနက္ ထုတ္လႊင့္ေပးမည္

Ko Thuya - Jul 20, 2019

ကမာၻမွာ အင္တာနက္ ဆက္သြယ္မႈ မရေသးတဲ့ လူေပါင္း ဘီလီယမ္နဲ႔ခ်ီၿပီး ရွိေနပါေသးတယ္။ အဲဒီ လူမ်ားအတြက္ ဂူဂယ္လ္က မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ Project Loon စီမံကိန္းကို ျပဳလုပ္ေနပါတယ္။ အခုလည္း ဒီႏွစ္ထဲမွာ ဂူဂယ္လ္က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးေတာ့မွာ…

Watch Party ကို Messenger မွာ ထည့္သြင္းေပးမယ့္ Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မွာ ထည့္သြင္းေပးမယ့္ Facebook

Ko Thuya - Jul 20, 2019

Facebook က Group မ်ားအတြက္ Watch Party ကို ထည့္သြင္းေပးထားပါတယ္။ ဒီလုပ္ေဆာင္ခ်က္က ဂရုထဲမွ လူမ်ား ဗီဒီယိုတစ္ခုကို အတူတကြ ၾကည့္ရႈႏိုင္ၿပီး ဗီဒီယိုနဲ႔ ပတ္သက္တဲ့ ကြန္းမန္႔မ်ားကို ေရးသားႏိုင္မွာ ျဖစ္ပါတယ္။ ၾကည့္ရႈတဲ့ လူမ်ားကို Watch Party…

အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို သတိေပးမယ့္ Instagram
NEWS, Security & Safety
0 shares6 views

အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို သတိေပးမယ့္ Instagram

Ko Thuya - Jul 20, 2019

အင္စတာဂရမ္က သူ႔ရဲ႕မူ၀ါဒ အခ်ိဳ႕ကို ေျပာင္းလဲမႈမ်ား ျပဳလုပ္လိုက္ပါတယ္။ သူ႔ရဲဲ စည္းကမ္းမ်ားကို မလိုက္နာသူမ်ားအား အေကာင့္ပိတ္သိမ္းခံရေတာ့မယ္ဆိုတာကို ႀကိဳတင္ သတိေပးေတာ့မွာျဖစ္ပါတယ္။ အင္စတာဂရမ္က သူဖယ္ရွားမယ့္ User ရဲ႕ Posts, Comments , Stories မ်ားကို အသိေပးမွာ ျဖစ္ၿပီး ဘာ့ေၾကာင့္…

Leave a Comment

Most from this category