2675 Shares 7946 Views

ေပါ ေခ်ာင္ ေကာင္း စမတ္ဖုန္း Redmi 6

Jun 14, 2018
2675 7946

[Zawgyi]

ဒီတစ္ပတ္ Budgeteer က႑အတြက္ ေ႐ြးခ်ယ္ေပးခ်င္တဲ့ စမတ္ဖုန္းေလးကေတာ့ Xiaomi က အသစ္ထပ္မံ မိတ္ဆက္လိုက္တဲ့ Redmi 6 စမတ္ဖုန္းေလးဘဲ ျဖစ္ပါတယ္။ ဒီဖုန္းေလးကို ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကိုေတာ့ သိပ္မၾကာခင္မွာ ေရာက္ရွိလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါ့ေၾကာင့္ Redmi 6 ကို ပိုင္ဆိုင္လိုသူမ်ားအေနနဲ႔ အခ်ိန္ အနည္းငယ္ေတာ့ ေစာင့္ဆိုင္းဖို႔ လိုအပ္ပါလိမ့္မယ္။

Redmi 6 ကို တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ RAM 3GB/ ROM 32 GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၇၉၉ ယြမ္ (ျမန္မာေငြ ၁၇၀,၀၀၀ က်ပ္ ဝန္းက်င္) ျဖစ္ပါတယ္။ ဒီ ၁၇၀,၀၀၀ တန္ေလးကို တန္ဖိုးနည္း စမတ္ဖုန္းေတြထဲက အႏွစ္သက္ဆုံး စမတ္ဖုန္းအျဖစ္ ေ႐ြးခ်ယ္ေပးရတဲ့ အေၾကာင္းအရင္းကေတာ့ MediaTek Helio P22 SoC, Dual Camera နဲ႔ Resolution 720 x 1440 pixels ရွိ 18:9 Display ေတြကို အသုံးျပဳထားလို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ Helio P22 SoC ကို အသုံးျပဳထားတဲ့အတြက္ AI Camera နဲ႔ Face Unlock လုံၿခဳံေရး စနစ္ေတြကိုပါ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ေငြက်ပ္ ၁သိန္းခြဲ ဝန္းက်င္ စမတ္ဖုန္းကို ဝယ္ထားမိလို႔ ေနာက္ခံ အဝါး ဓာတ္ပုံေတြ ႐ိုက္လို႔ မရဘူး၊ မ်က္ႏွာနဲ႔ lock ဖြင့္လို႔ မရဘူးဆိုတဲ့ အသံေတြေတာ့ ကင္းေဝးသြားမွာ အမွန္ပါဘဲ။

Redmi 6 ဟာ Android 8.1 Oreo ကို ျပန္လည္ဆန္းသစ္ထားတဲ့ MIUI 9 နဲ႔ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါ့အျပင္ ေျပာင္းလဲမႈေတြ ျပဳလုပ္ထားတဲ့ MIUI 10 ကိုလည္း Upgrade လုပ္ႏိုင္ဦးမွာပါ။ Display အ႐ြယ္အစားက ၅.၄၅ လက္မရွိၿပီး IPS LCD Display အမ်ိဴးအစားကို အသုံးျပဳထားပါတယ္။ Processor အပိုင္းမွာ Clocked Speed 2.0GHz ရွိတဲ့ Octa-core 12nm MediaTek Helio P22 SoC ကို အသုံးျပဳထားၿပီး RAM 3GB ပါဝင္မွာ ျဖစ္ပါတယ္။ RAM 4GB/ ROM 64GB ပါဝင္တဲ့ ေမာ္ဒယ္ကိုေတာ့ တ႐ုတ္ေငြ ၉၉၉ ယြမ္ (ျမန္မာေငြ ၂သိန္း ဝန္းက်င္) နဲ႔ ထုတ္လုပ္ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ Portrait Mode ႐ိုက္ႏိုင္တဲ့ 12MP+5MP Dual Camera Setup ကို အလ်ားလိုက္ တပ္ဆင္ထားၿပီး Selfie ဆြဲဖို႔နဲ႔ Face Unlock အသုံးျပဳဖို႔အတြက္ 5MP Camera ကို တပ္ဆင္ထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor လည္း ပါဝင္ဦးမွာပါ။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3000mAh ပါဝင္ၿပီး အေလးခ်ိန္ကေတာ့ 146 grams ရွိပါလိမ့္မယ္။

Redmi 6 ကို ေစ်းႀကီးလို႔ မဝယ္ခ်င္ေသးဘူး၊ မဝယ္ႏိုင္ေသးဘူး ဆိုသူမ်ားအတြက္ တ႐ုတ္ေငြ ၅၉၉ ယြမ္ (ျမန္မာေငြ ၁၂၇,၀၀၀ ဝန္းက်င္) သာ က်သင့္မယ့္ Redmi 6A ကို ေ႐ြးခ်ယ္လို႔ ရပါတယ္။ Redmi 6A ကေတာ့ Quad-core 12nm MediaTek Helio A22 SoC ကို အသုံးျပဳထားၿပီး RAM 2GB/ ROM 16GB သာ ပါဝင္မွာ ျဖစ္ပါတယ္။ ေက်ာဘက္ ကင္မရာကိုလည္း 13MP Camera ၁လုံးတည္းသာ တပ္ဆင္ထားပါတယ္။

[Unicode]

ပေါ ချောင် ကောင်း စမတ်ဖုန်း Redmi 6

ဒီတစ်ပတ် Budgeteer ကဏ္ဍအတွက် ရွေးချယ်ပေးချင်တဲ့ စမတ်ဖုန်းလေးကတော့ Xiaomi က အသစ်ထပ်မံ မိတ်ဆက်လိုက်တဲ့ Redmi 6 စမတ်ဖုန်းလေးဘဲ ဖြစ်ပါတယ်။ ဒီဖုန်းလေးကို ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုတော့ သိပ်မကြာခင်မှာ ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့ကြောင့် Redmi 6 ကို ပိုင်ဆိုင်လိုသူများအနေနဲ့ အချိန် အနည်းငယ်တော့ စောင့်ဆိုင်းဖို့ လိုအပ်ပါလိမ့်မယ်။

Redmi 6 ကို တရုတ်နိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 3GB/ ROM 32 GB မော်ဒယ်ကို တရုတ်ငွေ ၇၉၉ ယွမ် (မြန်မာငွေ ၁၇၀,၀၀၀ ကျပ် ဝန်းကျင်) ဖြစ်ပါတယ်။ ဒီ ၁၇၀,၀၀၀ တန်လေးကို တန်ဖိုးနည်း စမတ်ဖုန်းတွေထဲက အနှစ်သက်ဆုံး စမတ်ဖုန်းအဖြစ် ရွေးချယ်ပေးရတဲ့ အကြောင်းအရင်းကတော့ MediaTek Helio P22 SoC, Dual Camera နဲ့ Resolution 720 x 1440 pixels ရှိ 18:9 Display တွေကို အသုံးပြုထားလို့ ဖြစ်ပါတယ်။ ဒါ့အပြင် Helio P22 SoC ကို အသုံးပြုထားတဲ့အတွက် AI Camera နဲ့ Face Unlock လုံခြုံရေး စနစ်တွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ငွေကျပ် ၁သိန်းခွဲ ဝန်းကျင် စမတ်ဖုန်းကို ဝယ်ထားမိလို့ နောက်ခံ အဝါး ဓာတ်ပုံတွေ ရိုက်လို့ မရဘူး၊ မျက်နှာနဲ့ lock ဖွင့်လို့ မရဘူးဆိုတဲ့ အသံတွေတော့ ကင်းဝေးသွားမှာ အမှန်ပါဘဲ။

Redmi 6 ဟာ Android 8.1 Oreo ကို ပြန်လည်ဆန်းသစ်ထားတဲ့ MIUI 9 နဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းလဲမှုတွေ ပြုလုပ်ထားတဲ့ MIUI 10 ကိုလည်း Upgrade လုပ်နိုင်ဦးမှာပါ။ Display အရွယ်အစားက ၅.၄၅ လက်မရှိပြီး IPS LCD Display အမျိူးအစားကို အသုံးပြုထားပါတယ်။ Processor အပိုင်းမှာ Clocked Speed 2.0GHz ရှိတဲ့ Octa-core 12nm MediaTek Helio P22 SoC ကို အသုံးပြုထားပြီး RAM 3GB ပါဝင်မှာ ဖြစ်ပါတယ်။ RAM 4GB/ ROM 64GB ပါဝင်တဲ့ မော်ဒယ်ကိုတော့ တရုတ်ငွေ ၉၉၉ ယွမ် (မြန်မာငွေ ၂သိန်း ဝန်းကျင်) နဲ့ ထုတ်လုပ် ရောင်းချသွားမယ်လို့ သိရပါတယ်။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် Portrait Mode ရိုက်နိုင်တဲ့ 12MP+5MP Dual Camera Setup ကို အလျားလိုက် တပ်ဆင်ထားပြီး Selfie ဆွဲဖို့နဲ့ Face Unlock အသုံးပြုဖို့အတွက် 5MP Camera ကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor လည်း ပါဝင်ဦးမှာပါ။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3000mAh ပါဝင်ပြီး အလေးချိန်ကတော့ 146 grams ရှိပါလိမ့်မယ်။

Redmi 6 ကို စျေးကြီးလို့ မဝယ်ချင်သေးဘူး၊ မဝယ်နိုင်သေးဘူး ဆိုသူများအတွက် တရုတ်ငွေ ၅၉၉ ယွမ် (မြန်မာငွေ ၁၂၇,၀၀၀ ဝန်းကျင်) သာ ကျသင့်မယ့် Redmi 6A ကို ရွေးချယ်လို့ ရပါတယ်။ Redmi 6A ကတော့ Quad-core 12nm MediaTek Helio A22 SoC ကို အသုံးပြုထားပြီး RAM 2GB/ ROM 16GB သာ ပါဝင်မှာ ဖြစ်ပါတယ်။ ကျောဘက် ကင်မရာကိုလည်း 13MP Camera ၁လုံးတည်းသာ တပ်ဆင်ထားပါတယ်။

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
204 shares342 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category