281 Shares 200 Views
Jun 14, 2018
281 200
Ref : theverge
unicode
128GB RAM ပါတဲ့ Laptop များ လာပြီ
128GB RAM တောင်ပါတဲ့ Laptop များ ထွက်ပေါ်လာပါပြီ။ Lenovo က 128GB RAM , 6TB Storage များ ပါတဲ့ ThinkPad P52 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၁၅.၆ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး 4D Resolution အထိ ရွေးချယ်နိုင်ပါတယ်။ 8th Gen Intel Hexacore Processor ထည့်သွင်းထားပါတယ်။ Nvidia Quadro P3200 Graphics Card ပါရှိပါတယ်။
ThinkPad မှာ Thunderbolt Port ၂ ခု၊ HDMI 2.0 Port ၁ ခု၊ mini DisplayPort ၁ ခု ၊ USB Type-A Port ၃ ခု၊ Headphone Jack ၁ ခု၊ Ethernet Port ၁ ခု ထည့်သွင်းထားပါတယ်။ လီနိုဗိုက သူ့ရဲ့ ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။ သူဟာ Dell ရဲ့ 128GB ပါတဲ့ Workstation Laptops များကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Dell Precisioin 7530 , Precision 7730 များမှာ 4K Displays များ တပ်ဆင်ထားပြီး Quadro , AMD Radeon WX Graphics Cards များ ပါပါတယ်။ သူတို့ရဲ့ တန်ဖိုး အနည်းဆုံးမော်ဒယ်ရဲ့ တန်ဖိုးမှာ ၁၁၉၉ ဒေါ်လာ ဖြစ်ပါတယ်။ အဲဒီလက်ပ်တော့များ အားလုံးဟာ Virtual Reality နည်းပညာကိုလည်း ထောက်ပံ့ထားပါတယ်။
လက်ရှိ ဈေးကွက်ထဲမှ လက်ပ်တော့များမှာ 16GB RAM သာ အများဆုံး ထည့်သွင်းထားတာ ဖြစ်ပါတယ်။ 128GB RAM ဟာ လက်ပ်တော့များမှာ ဘယ်လောက် စွမ်းဆောင်ရည်မြင့်မားတဲ့ အလုပ်များကို ပြုလုပ်နိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
Ref : theverge
You may be interested
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
FEATURES, gadgets, Life Style
0 shares0 views
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Feb 17, 2019
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…
LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Android, HUBS, LG
88 shares12 views
LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Ko Thuya - Feb 17, 2019
နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…
FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Android, Huawei, HUBS
136 shares27 views
FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Ko Thuya - Feb 17, 2019
Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…
Leave a Comment
Most from this category