Ref : gsmarena
unicode
Huawei က GPU Turbo နည်းပညာကို ဖုန်းအဟောင်းများမှာ ထည့်ပေးမည်
ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor 9i မှာလည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက တန်ဖိုးနည်းနဲ့ တန်ဖိုးမြင့် ဖုန်းများ အပါအဝင် ဖုန်းအဟောင်းများမှာ ဒီနည်းပညာကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။
Software Update ကနေ အဲဒီနည်းပညာကို ထည့်သွင်းပေးမှာ ဖြစ်ပြီး ဟာ့ဒ်ဝဲ အသစ်များ မလိုအပ်ပါဘူး။ ဇွန်လကုန်မှာ Huawei Mate 10 and Mate 10 Pro, Honor View 10 များမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ဇူလိုင်လမှာ P20, P20 Pro and Mate RS Porsche Design, nova 2S, Honor 10, MediaPad M5 Series များမှာ ရရှိတော့မှာပါ။
သြဂုတ်လမှာတော့ nova 3e, Enjoy 8 Plus, Enjoy 7S, Mate 10 Lite, Honor 9 Lite, Honor 7X စတဲ့ ဖုန်းများမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Mate 9 Series များက စက်တင်ဘာလမှာ ရရှိမှာ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ P10, P10 Plus and P10 Lite, Honor 9, Honor 8 Pro များမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလနဲ့ နောက်ပိုင်းမှာ အခြား ဟွာဝေး ဖုန်းများမှာ ရရှိမှာပါ။
Ref : gsmarena
You may be interested

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Ko Thuya - Feb 23, 2019Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
Ko Thuya - Feb 23, 2019Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Ko Thuya - Feb 23, 2019Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…
Most from this category

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019
Leave a Comment
You must be logged in to post a comment.