0 Shares 797 Views


Jun 14, 2018
0 797





Ref : gsmarena

unicode

Xiaomi က စမတ်ဖုန်း ဒေါက်တိုင်ကို ရောင်းချ

ရှောင်မီက တန်ဖိုးနည်း 4K Action Camera အတွက် သူ့ရဲ့ Sub-Brand တစ်ခု ဖြစ်တဲ့ Mijia ကနေ ဒေါက်တိုင် တစ်ခုကို ရောင်းချပေးခဲ့ဖူးပါတယ်။ စမတ်ဖုန်းများအတွက် ဒေါက်တိုင်များကို ဈေးကွက်မှာ ကုမ္ပဏီများစွာက ရောင်းချပေးထားပါတယ်။ ဒါပေမယ့် ရှောင်မီကတော့ စမတ်ဖုန်း ဒေါက်တိုင်ကို ရောင်းချပေးဖူးခြင်း မရှိပါဘူး။ အခုတော့ ရှောင်မီက သူ့ရဲ့ Mijia Brand ကနေ စမတ်ဖုန်းများအတွက် ဒေါက်တိုင်ကို ရောင်းချပေးလိုက်ပါတယ်။

ဒီဇိုင်းအပိုင်းမှာ သူဟာ Action Camera ရဲ့ ဒေါက်တိုင်နဲ့ တူညီပါတယ်။ သူဟာ တရုတ်ယွမ် ၅၉၉ ( ၉၃ ဒေါ်လာ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်မှာ ဇွန်လ ၁၆ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ သူ့မှာ 3-Axis Stabilization ပါတဲ့အတွက် ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးရင် တုန်ခါမှုများ လျော့နည်းစေပါတယ်။ သူ့မှာ အလွန်တိကျတဲ့ Attitude Sensors များလည်း ထည့်သွင်းထားပါတယ်။

၈၆ မီလီမီတာ အကျယ်နဲ့ ၂၀၀ ဂရမ် အလေးချိန်ရှိတဲ့ စမတ်ဖုန်းများကို သူ့မှာ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ App နဲ့ တွဲဖက် အသုံးပြုရင် Time-Lapse Photography များကိုပါ ရိုက်ကူးနိုင်ပါတယ်။ Selfie Mode ကို လျှင်မြန်စွာ ပြောင်းလဲ အသုံးပြုဖို့ လုပ်ဆောင်ချက်လည်း ပါပါတယ်။ ဒေါက်တိုင်က ဆန်ဆာများရဲ့ အကူအညီနဲ့ လူသွားတဲ့ နောက်ကို လိုက်ပြီး ရိုက်ကူးပေးနိုင်ပါတယ်။ Subject ကို App မှာ ရွေးချယ်ပေးလိုက်တာနဲ့ သူက ၃၆၀ ဒီဂရီ အထိ လိုက်ပြီး ရိုက်ကူးပေးနိုင်ပါတယ်။ သူ့မှာ 5000mAh Battery ထည့်သွင်းထားပြီး ၁၆ နာရီတောင် အသုံးခံပါတယ်။

သူကနေ ဖုန်းများကို အားသွင်းပေးနိုင်ပါတယ်။ သူ့ရဲ့ အောက်ခြေမှာ Tripod လို အခြား Accessory များနဲ ချိတ်ဆက်နိုင်ပါတယ်။ တရုတ်အပြင် အခြား နိုင်ငံများမှာလည်း ရောင်းချမယ်လို့ ထင်ရပါတယ်။

Ref : gsmarena

You may be interested

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Google, HUBS, NEWS
0 shares0 views

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်

Ko Thuya - Jul 20, 2019

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း ဒီနှစ်ထဲမှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook

Ko Thuya - Jul 20, 2019

Facebook က Group များအတွက် Watch Party ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဂရုထဲမှ လူများ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုနိုင်ပြီး ဗီဒီယိုနဲ့ ပတ်သက်တဲ့ ကွန်းမန့်များကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ လူများကို Watch Party…

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
NEWS, Security & Safety
0 shares6 views

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram

Ko Thuya - Jul 20, 2019

အင်စတာဂရမ်က သူ့ရဲ့မူဝါဒ အချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ စည်းကမ်းများကို မလိုက်နာသူများအား အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို ကြိုတင် သတိပေးတော့မှာဖြစ်ပါတယ်။ အင်စတာဂရမ်က သူဖယ်ရှားမယ့် User ရဲ့ Posts, Comments , Stories များကို အသိပေးမှာ ဖြစ်ပြီး ဘာ့ကြောင့်…

Leave a Comment

Most from this category